Jobs In Myanmar
Load...

Performance Management: Design a Modern Process That Creates Results

by www.jobsinyangon.com


Tags: Knowledge-Mordern-Performance-Management-JobsInYangon



Performance Management: ရလာဒ်များကို ဖန်တီးပေးနိုင်သည့် ခေတ်ပေါ်လုပ်ငန်းစဉ်တစ်ရပ်ကိုရေးဆွဲတည်ဆောက်ခြင်း

 

ကျွန်ုပ်တို့အားလုံး ရောဂါကူးစက်မခံရစေရန်နဲ့ နေမကောင်းမဖြစ်စေရန် ဂရုစိုက်နေထိုင်နေဆဲမှာပဲ Organization များဟာ တဖြည်းဖြည်းပြန်လည်၍ဖွင့်လှစ်လာကြပြီဖြစ်ပြီး သူတို့ရဲ့လုပ်ငန်းအော်ပရေးရှင်းများကို ပြန်လည်လုပ်ကိုင်လာကြပြီပဲဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့အားလုံးထံတွင် တူညီသောရည်ရွယ်ချက်တစ်ခုတည်းသာရှိနေပါတယ်။ ဒါကတော့ သူတို့ရဲ့ “new normal” ဟာ ဘယ်လိုပုံစံမျိုး ဖြစ်လာနိုင်မလဲဆိုတာကို ရှာဖွေခြင်းနဲ့ အထူးသဖြင့်သူတို့ရဲ့လုပ်ငန်းခွင်အတွင်းမှာ ဘယ်လိုအပြောင်းအလဲများဖြစ်လာနိုင်မလဲဆိုတာကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ များစွာသော organization များဟာ အချို့တစ်ဝက်သောဝန်ထမ်းများကအိမ်မှတဆင့်အလုပ်လုပ်နေရပြီး အချို့တစ်ဝက်ကရုံးတက်နေရတဲ့ပုံစံဖြစ်သော hybrid workforce ကို စီမံခန့်ခွဲရတဲ့အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။

PwC မှ ကောက်ခံခဲ့တဲ့ remote work survey တွင်ဖော်ပြခဲ့တဲ့အချက်များအရ COVID-19 မတိုင်မှီက ဝန်ထမ်းများရဲ့ ၆၀% ဟာတစ်ပတ်လျှင်အနည်းဆုံးတစ်ရက် အိမ်မှအလုပ်လုပ်နိုင်ခဲ့ကြပါတယ်။ COVID-19 နောက်ပိုင်းမှာတော့ အဆိုပါကိန်းဂဏ္ဍန်းများဟာ ၉၀% အထိမြင့်တက်လာခဲ့ကြတဲ့အတွက် အဝေးမှအလုပ်လုပ်ကိုင်ပေးသူ များပြားလာတာကို သိရှိနိုင်ပါတယ်။ ဒါဟာမကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ယခင်ကလိုသာမန်ရုံးတက်ရတဲ့ပုံစံမှ ကွဲလွဲမှုရှိနေသော်လည်း Organization များအနေနဲ့ အချို့သော အဓိကဝန်ထမ်းလုပ်ဆောင်ချက်များကို ယခုလက်တွေ့အချိန်နဲ့ ကိုက်ညီမှုရှိစေရန်အတွက် အသစ်ပြန်လည်ရေးဆွဲမြှင့်တင်ပေးဖို့ကို စဉ်းစားရတော့မှာဖြစ်ပြီး ထိုအထဲတွင်ပါဝင်နေတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ “လုပ်ငန်းစွမ်းဆောင်ရည်များကို စီမံခန့်ခွဲခြင်း” ပဲ ဖြစ်ပါတယ်။

 

လုပ်ငန်းစွမ်းဆောင်ရည်များကို စီမံခန့်ခွဲခြင်းဟာလည်း ပြောင်းလဲ၍လာနေပြီဖြစ်ပါတယ်

 

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း Performance review များနဲ့ အဆိုပါလုပ်ငန်းစဉ်ကို အသစ်ပြန်လည်မွမ်းမံပေးသင့်ကြောင်း ဆွေးနွေးမှုများစွာရှိခဲ့ဖူးပါတယ်။

ဒါဟာတစ်ကယ်ကိုလုပ်သင့်တဲ့အရာတစ်ခုပါပဲ။ Organization များအနေနဲ့ သူတို့ရဲ့လုပ်ငန်းစဉ်များကို အသစ်ပြန်လည်မွမ်းမံပြီး လက်ရှိ modern workforce နဲ့ ကိုက်ညီမှုရှိစေရန် ပြုလုပ်ပေးသင့်နေပြီပဲဖြစ်ပါတယ်။

 

ဒါ့အပြင် performance management ဆိုသည်မှာ annual performance review ပြုလုပ်ခြင်းဆိုတာထက်ကို ပိုပါတယ်။ Performance management မှာ ပါဝင်နေတဲ့အစိတ်အပိုင်းတိုင်းဟာ ရည်မှန်းချက်ဖြစ်တဲ့ ပိုမိုကောင်းမွန်သော ဝန်ထမ်းများရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ရရှိအောင်မြင်နိုင်စေရန် အတူတကွလုပ်ဆောင်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒီအတွက် အကယ်၍ Organization တစ်ခုဟာ လတ်တလောအချိန်အတွင်း performance review လုပ်ငန်းစဉ်ကို ပြန်လည်မွမ်းမံမှုပြီးဆုံးခဲ့ပြီဆိုပါက သူတို့အနေနဲ့ လက်ရှိတွေ့ကြုံနေရတဲ့ hybrid workplace အသွင်ဖြင့် performance management ကို ပြန်လည်၍ အကဲဖြတ်လေ့လာမှုပြုလုပ်ဖို့ လိုအပ်လာပြီပဲဖြစ်ပါတယ်။ အောက်ပါအချက်များကတော့ ထည့်သွင်းစဉ်းစားသင့်တဲ့ performance management activity (၅) ခုပဲဖြစ်ပါတယ် -

 

Performance Management ကို Online ပေါ်မှပြုလုပ်နိုင်ဖို့ လုပ်ဆောင်ပါ။ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ “Performance Management Technology Solution” များကိုသုံးစွဲနေသောကုမ္ပဏီအနည်းငယ်မျှသာရှိနေပါသေးတယ်။ မန်နေဂျာများနဲ့ ဝန်ထမ်းများဟာ တစ်နေရာတည်းတွင် အလုပ်လုပ်ကိုင်နေကြမှာမဟုတ်တဲ့အတွက် Online ပေါ်မှနေ Performance Management လုပ်ကိုင်နိုင်ခြင်းဟာ လွယ်ကူရုံသာမက မရှိမဖြစ်လိုအပ်သောအရာတစ်ခုလည်း ဖြစ်လာပါပြီ။ Performance Management နည်းပညာများကိုအသုံးပြုရခြင်းကြောင့် ရရှိလာနိုင်တဲ့ ကြီးမားသော အကျိုးကျေးဇူးတစ်ခုကတော့ remote workforce ကို အထောက်အပံ့ပေးနိုင်ရုံသာမက အချိန်နှင့်တပြေးညီ သိရှိနိုင်ပြီး လုပ်ငန်းစွမ်းဆောင်ရည်နှင့်သက်ဆိုင်သော ဝေဖန်အကြံပြုချက်များကို အချိန်နဲ့တပြေးညီ ပေးအပ်နိုင်တာပဲဖြစ်ကာ ဒီအရာက ကောင်းမွန်တဲ့လုပ်ငန်းစွမ်းဆောင်ရည်သင်ကြားမှုအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပါတယ်။

 

တိုင်းတာ၍ရနိုင်သော ရည်မှန်းချက်ပန်းတိုင်များကို ဖန်တီးပါ။ သာမန်ရည်မှန်းချက်ပန်းတိုင်များအပါအဝင် ခက်ခဲသောရည်မှန်းချက်ပန်းတိုင်များ (stretch goals) ကိုလည်းထားရှိပေးပါ။ ဖြစ်ပွားခဲ့ပြီးသော လုပ်ငန်းစွမ်းဆောင်ရည်များအကြောင်းကို ပြောဆိုဖို့ဟာလည်းအရေးကြီးသလို ရည်မှန်းချက်ပန်းတိုင်များချမှတ်ပေးခြင်းဟာလည်း Performance Mangement ကိုတန်ဖိုးရှိလာစေတဲ့ အဓိကအချက်တစ်ခုဖြစ်နေပြန်ပါတယ်။

လူတိုင်းဟာ ရည်မှန်းချက်ပန်းတိုင်များကို လိုလားကြပါတယ်။ Organization များအနေနဲ့ ရည်မှန်းချက်ရှိတဲ့ ဝန်ထမ်းများကို ပို၍တောင်လိုချင်ကြပါတယ်။ ဘာလို့လည်းဆိုတော့ ထိုသူများဟာ Organization များကို ပိုမို၍ ကောင်းမွန်စွာစွမ်းဆောင်လာနိုင်စေသောကြောင့်ဖြစ်ပြီး သူတို့ရဲ့ နည်းဗျူဟာကျတဲ့အစီအစဉ်များကို ရရှိအောင်မြင်နိုင်စေလို့ပါပဲ။

မန်နေဂျာများက ရည်မှန်းချက်ပန်းတိုင်များကို အချက် ၂ ချက်ကြောင့် လိုချင်ကြပါတယ်။ (၁) ထိုအရာက သူတို့ကို ဝန်ထမ်းများအား ယုံကြည်မှုရှိစွာနဲ့ လုပ်ငန်းတာဝန်များခွဲဝေပေးစေနိုင်လို့ပါ။ မန်နေဂျာများဟာ ဝန်ထမ်းများကို ထိရောက်မှုရှိစွာ လုပ်ငန်းတာဝန်များကို ခွဲဝေခိုင်းစေနိုင်စေဖို့အတွက်လိုအပ်တာကို ကျွန်ုပ်တို့အားလုံး သိရှိပြီးသားဖြစ်မှာပါ။ ဒီလိုမှမဟုတ်ရင် သူတို့အနေနဲ့ လုပ်ငန်းစဉ်တိုင်း၊ အလုပ်တိုင်းတွင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်နေရပါလိမ့်မယ်။ ဒီအချက်ဟာ သူတို့ရဲ့အလုပ်လုပ်ကိုင်ပုံထိရောက်မှုရှိစေခြင်းအပေါ် ဖြစ်စေ သူတို့ရဲ့ကောင်းကျိုးအပေါ်ဖြစ်စေ ကောင်းမွန်မှုမရှိသောအရာများကိုဖြစ်လာစေနိုင်ပါတယ်။ (၂) အကယ်၍ မန်နေဂျာများဟာ လုပ်ငန်းတာဝန်များကို စနစ်တကျခွဲဝေပေးနိုင်ခြင်းမရှိဘူးဆိုပါက သူတို့ဟာ သေးငယ်တဲ့ကိစ္စရပ်တိုင်းကို အမြဲတမ်းဝင်ရောက်လုပ်ကိုင်နေရမှာဖြစ်တဲ့အတွက် သူတို့ကိုယ်သူတို့ရော သူတို့ရဲ့လက်အောက်ငယ်သားများကိုပါ အနာဂါတ်တွင်တာဝန်ယူလာရနိုင်တဲ့အလုပ်များအတွက် အဆင်သင့်ဖြစ်နေစေမှာမဟုတ်ပါဘူး။

နောက်ပြီး ဝန်ထမ်းများဟာလည်း ရည်မှန်းချက်ပန်းတိုင်များရှိနေဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ရည်မှန်းချက်ပန်းတိုင်များကို ရရှိအောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းဟာ သူတို့ရဲ့ သက်မွေးမှုလမ်းကြောင်းတွင် လိုအပ်လာနိုင်တဲ့ကျွမ်းကျင်မှုများကို ရရှိလာစေနိုင်လို့ပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံတွင် ဝန်ထမ်းများက မလိုချင်တဲ့ ရည်မှန်းချက်များ (သို့) ဝန်ထမ်းများဖက်က ကိုယ်တိုင်ကိုယ်ကျတောင်းခံလာတဲ့ ရည်မှန်းချက်များဟာ တောင်မှ သူတို့ရဲ့အနာဂါတ် သက်မွေးမှုလမ်းကြောင်းတွင် တိုးတက်မှုများဖြစ်ပေါ်လာစေရန်အတွက် အထောက်အကူဖြစ်လာစေနိုင်ပါတယ်။

 

ဝေဖန်အကြံပြုချက်များ ပေး၍ရနိုင်သော feedback mechanism တစ်ခုကို တည်ဆောက်ပါ။ ဒီအရာက အထက်တွင်ပြောကြားခဲ့တဲ့ annual performance review အကြောင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများနဲ့ ဆက်စပ်မှုရှိနေပါတယ်။ သမားရိုးကျ performance review များဟာလည်း ကောင်းမွန်မှုရှိပြီး ယနေ့ခေတ် လုပ်ငန်းနယ်ပယ်အတွင်းမှာ အသုံးဝင်တဲ့နေရာတစ်ခုရှိနေပါသေးတယ်။ ဒါပေမယ့် ဒီအချက်က မန်နေဂျာများနဲ့ ဝန်ထမ်းများအနေနဲ့ တစ်နှစ်မှာ တစ်ခါသာ စကားပြောဆိုကြရမယ်လို့ ဆိုလိုတာတော့မဟုတ်ပါဘူး။

မန်နေဂျာများနဲ့ ဝန်ထမ်းများအကြားတွင် ပုံမှန် အကြံပြုချက်ပေးနိုင်မယ့် အချိန်များရှိနေသင့်ပါတယ်။ Organization များတွင် ထိုသို့သော one-on-one meeting များ သတ်မှတ်ထားတဲ့ရုံးချိန်အတွင်းမှာ ခေါ်ယူလေ့ရှိကြပါတယ်။ ဒီ feedback session များတွင် မန်နေဂျာနဲ့ ဝန်ထမ်းတို့အကြား အပြန်အလှန် ပြောဆိုမှုပါဝင်နေသင့်ပါတယ်။ Feedback meeting များဟာ မန်နေဂျာများက အများအားဖြင့် ဆူပူကြိမ်းမောင်းနေပြီး ဝန်ထမ်းများဖက်က နားထောင်ရုံသာဖြစ်မနေသင့်ပါဘူး။ ဝေဖန်အကြံပြုချက် (feedback) တစ်ခုဟာ ၂ ဦး ၂ဖက်စလုံးအတွက် အမြဲတမ်းအပြုသဘောဆောင်နေသင့်ပြီး ဝန်ထမ်းအနေနဲ့ ပိုမိုမြင့်မားသောစွမ်းဆောင်ရည်ဖြင့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်လာနိုင်စေသင့်ပါတယ်။ 

 

တစ်ဦးထက်ပိုသော အကဲဖြတ်သူများမှ feedback ပေးခြင်းကို ခွင့်ပြုထားပါ။ အထက်တွင်ပြောကြားသွားခဲ့တဲ့ feedback mechanism တွင် မန်နေဂျာနဲ့ ဝန်ထမ်းဆက်ဆံရေးအပေါ်တွင်သာ အဓိကထား၍ ပြောကြားသွားခဲ့တာဖြစ်ပေမယ့် ဝန်ထမ်းများဟာ လုပ်ဖော်ကိုင်ဖက်များနဲ့ အခြားရှယ်ယာရှင်များထံမှလည်း ဝေဖန်အကြံပြုချက်များကို ရရှိနိုင်ပါသေးတယ်။ Performance Management Program များတွင် ဒီအချက်အလက်များကို ရယူ၍ ပြန်လည်မျှဝေပေးနိုင်မည့် နည်းလမ်းတစ်ခု ပါဝင်နေသင့်ပါတယ်။

ဒီအချက်ကို “တစ်ဦးထက်ပိုသော အကဲဖြတ်သူများ” ဟူ၍ သုံးနှုန်းရခြင်းဟာလည်း အကြောင်းအရင်းရှိပါတယ်။ တချိန်ချိန်မှာတော့ Organization များအနေနဲ့ ဝန်ထမ်းများ မိမိကိုယ်ကိုအကဲဖြတ်မှုပြုလုပ်နိုင်စေမည့်နည်းလမ်းများပါဝင်တဲ့ပုံစံသို့ ပြောင်းလဲတည်ဆောက်လာကြရမှာပဲဖြစ်ပါတယ်။ အခြားသူများထံမှ ဝေဖန်အကြံပြုချက်များကို ရရှိနိုင်ခြင်းဟာ လွန်စွာထိရောက်မှုရှိသောလည်း Performance Management System များတွင် နောက်ထပ်တဆင့်တိုးမြှင့်၍ ဝန်ထမ်းများဟာ self-awareness ရှိလာဖို့ကိုလည်း ပြုလုပ်ပေးနိုင်ပါသေးတယ်။ ဒီလိုစွမ်းရည်ကို ရရှိလာနိုင်ဖို့အတွက် အခြားသူများရဲ့ဝေဖန်အကြံပြုချက်များကို လိုအပ်မှာဖြစ်သလို မိမိကိုယ်ကို တိုးတက်အောင်ပြုလုပ်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

မန်နေဂျာများနဲ့ ဝန်ထမ်းများအတွက် လေ့ကျင့်သင်ကြားရေးအစီအစဉ်များကို ပေးအပ်ထားပါ။ Organization များဟာ ယခုအချက်တွင် အမျိုးမျိုးရှိနေနိုင်ပါတယ်။ အချို့သော Organization များဟာ မန်နေဂျာများကို performance review လုပ်ငန်းစဉ်တစ်ရပ်ဟာ မည်သို့အလုပ်လုပ်သလဲဆိုတာကိုနဲ့ performance review တစ်ခုကို ပြီးမြောက်စေရန် မည်သို့ဆောင်ရွက်ရမလဲဆိုတာကို ရှင်းလင်းစွာပြောကြားပေးနိုင်ပါတယ်။ အချို့သော Organization များမှာတော့ ဒီလုပ်ငန်းစဉ် လုံးဝရှိမနေတာမျိုးကိုလည်း တွေ့မြင်ရနိုင်ပါတယ်။ လုပ်ငန်းရှင်တစ်ဦးအနေနဲ့ သင်သိထားရမှာက ဒီလုပ်ငန်းစဉ်ကို မန်နေဂျာများအနေနဲ့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မှုရှိစေဖို့ဟာ အရေးကြီးပါတယ်။

အလားတူပဲ ဝန်ထမ်းများအနေနဲ့လည်း ဒီလုပ်ငန်းစဉ်ကို နားလည်ထားပြီး ဝေဖန်အကြံပြုချက်များကို မည်သို့ပေးအပ်ရမည့် လက်ခံရမည်ဆိုသည်ကို သိရှိနားလည်ထားဖို့ဟာ အရေးကြီးလှပါတယ်။ ဒါဟာ performance management အတွက် အရေးကြီးလှတဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ performance management လုပ်ငန်းစဉ်တစ်ခုကို လက်တွဲလုပ်ကိုင်ဖော်တစ်ဦးအနေနဲ့ ရှုမြင်သင့်ပါတယ်။ အကယ်၍ ဝန်ထမ်းတစ်ဦးဟာ ဒီရည်မှန်းချက်ပန်းတိုင်များ (သို့) လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်မှုမရှိပါက အောင်မြင်သောလုပ်ငန်းစွမ်းဆောင်ရည်ကို ရရှိပိုင်ဆိုင်နိုင်ဖို့ဟာ ခက်ခဲသွားပါလိမ့်မယ်။

 

ခေတ်ပေါ်ဝန်ထမ်းများအတွက် ခေတ်ပေါ် Performance Management

Performance management ဟာ Organization များအတွက် အဓိကဦးစားပေးလုပ်ဆောင်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဝန်ထမ်းများရဲ့လုပ်ငန်းစွမ်းဆောင်ရည်ဟာ Organization များကို သူတို့ရဲ့ နည်းဗျူဟာဆိုင်ရာ၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ရည်မှန်းချက်များကို ရရှိအောင်မြင်နိုင်စေရန် စွမ်းဆောင်ပေးနိုင်လိုပါပဲ။ လွန်ခဲ့တဲ့ လများအတွင်း ကျွန်ုပ်တို့ဟာ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ပတ်သက်လာပါက မျက်ကွယ်ပြုထားခဲ့မှုများစွာရှိခဲ့မှာပါပဲ။ ခက်ခဲသောအချိန်များကို ရင်ဆိုင်တွေ့ကြုံနေရတဲ့အတွက် ကျွန်ုပ်တို့အနေနဲ့ တစ်စုံတရာသောအချက်အချို့ကို လျစ်လျူရှုခဲ့မိပါလိမ့်မယ်။ ဒါပေမယ့် ဒီလို လုပ်ငန်းစွမ်းဆောင်ရည်ကို မျက်ကွယ်ပြုလိုက်ခြင်းဟာ ရေရှည်မှာ ကောင်းမွန်တဲ့ရလာဒ်များကို ရရှိစေမှာတော့ မဟုတ်ပါဘူး။ ဝန်ထမ်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်လာစေဖို့အတွက် ပြောဆိုရခြင်းဟာ အရေးကြီးပါတယ်။ ဒီအချက်ကြောင့်လဲ လက်ရှိ လုပ်ငန်းခွင်အခြေအနေများနဲ့ ကိုက်ညီမှုရှိတဲ့ performance management system များကို အသစ်ပြန်လည်မွမ်းမံပေးနိုင်ဖို့ဟာ အရေးကြီးလာတာဖြစ်ပါတယ်လို့ပြောကြားရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။

ကျေးဇူးတင်လျှက်

www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


KND Corporation Co., Ltd

KND Corporation Co., Ltd

LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)
FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (65)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS