Tags: News-Personal-Datas-Facebook-Leaked-JobsInYangon
Hacker များမှ Facebook အသုံးပြုသူ ၅၃၃ သန်းခန့်၏ အချက်အလက်များကို ဖွင့်ချခဲ့
Business Insider တွင် ဖော်ပြထားသော သတင်းတစ်ပုဒ်အရ Hacking forum တစ်ခုပေါ်ရှိ user တစ်ဦးမှ Facebook ရဲ့ dataset တစ်ခုလုံးကို ဖွင့်ချလိုက်ခြင်းအား ဆိုက်ဘာလုံခြုံရေးသုသေသနပညာရှင် Alon Gal မှ ရှာဖွေတွေ့ရှိခဲ့ပြီး ဖွင့်ချပေးလိုက်သောအချက်အလက်များတွင် Facebook အသုံးပြုသူပေါင်း ၅၃၃ သန်းခန့်၏ အချက်အလက်များလည်းပါဝင်နေကြောင်း သိရှိခဲ့ရပါတယ်။
အဆိုပါဒေတာများတွင် ဖုန်းနံပါတ်များ၊ မွေးနေ့၊ e-mail လိပ်စာများနှင့် နေရပ်လိပ်စာတို့အပြင် အခြားအရေးကြီးသောအချက်အလက်များလည်း ပါဝင်သွားလျှက်ရှိနေပါတယ်။ Public သို့ ဖွင့်ချခံရသော profile များတွင် အမေရိကန်နိုင်ငံမှ အသုံးပြုသူ ၃၂ သန်း၊ UK မှ အသုံးပြုသူပေါင်း ၁၁ သန်းနှင့် နောက်ထပ် အိန္ဒိယနိုင်ငံမှ အသုံးပြုသူ ၆ သန်းတို့ပါဝင်နေပါတယ်။
Gal မှ အဆိုပါကိစ္စအား ပြီးခဲ့တဲ့ဇန်နဝါရီလခန့်တွင် စတင်သတိထားမိခဲ့တာဖြစ်ပြီး Telegram အသုံးပြုသူများမှ အဆိုပါ database အား အခကြေးငွေပေးချေ၍ ရှာဖွေနိုင်လျှက်ရှိနေပါတယ်။ Hacker များဟာ Facebook မှ ဩဂုတ်လ ၁၉၊ ၂၀၁၉ ခုနှစ်တွင်ပြင်ဆင်ခဲ့သော အားနည်းချက်ကိုအသုံးပြု၍ အဆိုပါအချက်အလက်များကို ရယူခဲ့တဲ့အတွက် အများအားဖြင့် ထိုရက်မတိုင်မှီကအသုံးပြုနေသူများရဲ့ အချက်အလက်များ ပါဝင်သွားခဲ့ပါတယ်။ အကယ်၍ သင်ဟာ Facebook ကို စတင်အသုံးပြုတာမကြာသေးတဲ့ လူသစ်တစ်ဦးဖြစ်ပါက (သို့) သင့်ရဲ့ကိုယ်ရေးအချက်အလက်များကို ထိုနေ့နောက်ပိုင်းတွင် ပြောင်းလဲခဲ့ဖူးပါက သင့်အနေနဲ့ စိတ်ပူစရာလိုမှာတော့မဟုတ်ပါဘူး။ သင်တို့ရဲ့အချက်အလက်များကို အဆိုပါနေ့နောက်ပိုင်းတွင် ပြောင်းလဲမှုမပြုလုပ်ရသေးရင်တော့ ယခုပဲ သင့်ရဲ့ password နဲ့ တကွ အခြားသော information များကို ပြောင်းလဲထားလိုက်ဖို့ တိုက်တွန်းလိုပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.