ချိတ်ဆွဲရန်စာတန်း: News-Pfizer-BioNTech-mRNA-Vaccine-JobsInYangon
Pfizer နှင့် BioNTech တို့ရဲ့ COVID-19 ရောဂါကာကွယ်ဆေးဟာ ဆယ်ကျော်သက်များကို အပြည့်အဝကာကွယ်ပေးနိုင်ပြီဖြစ်ကြောင်း ကုမ္ပဏီမှထုတ်ပြန်ခဲ့
Ars မှ သတင်းဆောင်းပါးတစ်ပုဒ်အရ အသေးစားဓါတ်ခွဲခန်းစမ်းသပ်မှုတစ်ခုတွင် Pfizer/ BioNTech mRNA ကိုဗစ်ရောဂါကာကွယ်ဆေးကိုထိုးနှံခဲ့ရတဲ့ အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်းရှိလူငယ်များအား COVID-19 ရောဂါမှ အပြည့်အဝကာကွယ်ပေးနိုင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
အဆိုပါ mRNA ရောဂါကာကွယ်ဆေးဟာ ဆယ်ကျော်သက်အရွယ်များတွင် ရောဂါကာကွယ်ရေးတုန့်ပြန်မှုများကို ခန္ဓာကိုယ်မှထုတ်လွှင့်ပေးနိုင်စေရန်အကျိုးပြုရာတွင် အသက် ၁၆-၂၅ အတွင်းအရွယ်များနှင့် နှိုင်းစာလျှင် အသက် ၁၂-၁၅ အတွင်းအရွယ်များတွင် ပို၍ ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရပြီး SARS-CoV-2 ကိုတိုက်ဖျက်နိုင်မယ့် ပဋိဇီဝပစ္စည်းများကိုပိုမိုမြင့်မားစွာတွေ့ရှိခဲ့ရကြောင်း ကုမ္ပဏီမှ ပြောကြားသွားခဲ့ပါတယ်။
အဆိုပါစမ်းသပ်မှုတွင် အသက် ၁၂-၁၅ ကြား လူငယ်ပေါင်း ၂,၂၆၀ ပါဝင်ခဲ့ကြပြီး ထိုအထဲမှ ၁,၁,၃၁ ဦးကို mRNA ကာကွယ်ဆေးထိုးနှံပေးခဲ့ကာ ကျန် ၁,၁၂၉ ဦးကိုတော့ ကာကွယ်ဆေးထိုးနှံခြင်းမပြုခဲ့ပါဘူး။ အဆိုပါစမ်းသပ်မှုအတွင်းမှ ၁၈ ဦးဟာ COVID-19 နှင့်ပတ်သက်တဲ့ရောဂါလက္ခဏာများပြသလာခဲ့ပြီး ထိုသူများအားလုံးဟာ ကာကွယ်ဆေးထိုးနှံခြင်းမပြုခဲ့တဲ့ အဖွဲ့အတွင်းမှဖြစ်ခဲ့ပါတယ်။ ထို့ကြောင့် မတ်လ ၃၁ ရက်နေ့တွင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကုမ္ပဏီမှ “သူတို့ရဲ့ ကိုဗစ်ရောဂါကာကွယ်ဆေးဟာ ၁၀၀% ထိရောက်မှုကို ပေးစွမ်းနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။”
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။