Jobs In Myanmar
Load...

How to do career improvement on your current job

by www.jobsinyangon.com


Tags: Knowledge-Career-Improvement-JobsInYangon



"ယခုလက်ရှိလုပ်နေတဲ့အလုပ်မှာ မိမိတို့ရဲ့ career ကို တိုးတက်အောင် ဘယ်လိုလုပ်မလဲ"

 

ကိုယ်က အရည်အချင်းပြည့်ဝနေဦးတော့ ဝန်းထမ်းတစ်ယောက်ရဲ့ သစ္စာရှိမှု ၊ ရာထူးအတွက် ယုံကြည်စိတ်ချမှု၊ ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ပတ်သက်ပြီး Professional ဖြစ်မှု စတာတွေကို company ဘက်က စတင်စဉ်းစားလာတဲ့အခါမှာ ဒီအချက်တွေကြောင့် ကိုယ်တည်ဆောင်ချင်တဲ့ career ကို မိမိနှစ်သက်သဘောကျတဲ့ ကုမ္ပဏီမှာ လုပ်ကိုင်ခွင့်မရတာတို့၊ နောက်ပြီး ကိုယ်လိုချင်တဲ့နေရာကို မရောက်ဘဲ အစကနေပဲ အမြဲပြန်စရတာတို့ ကို တွေ့ကြုံရတတ်ပါတယ်။ အဲ့ဒီလိုတွေ ကြုံတွေ့နေရတာတွေနဲ့ ပက်သက်ပြီးဆွေးနွေးသွားရင်တော့  အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ရည်မှန်းချက်ပြည့်အောင်ကြိုးစားနေတဲ့ သူတွေအတွက် အကူအညီဖြစ်မှာဘဲလို့ တွေးမိပြီး ဒီခေါင်းစဉ်ကို တင်ဆက်ဖို့ ရွေးချယ်ခဲ့တာပါ။

 

ဒါကြောင့် နံပါတ် (၁) အနေနဲ့-

1.         မှန်ကန်တဲ့ စိန်ခေါ်မှုကို ရှာဖွေရမှာပါ။ တာဝန်အသစ်တစ်ခုကို မစတင်ခင်မှာ ကိုယ်ဘာကို ကြိုးစားလုပ်ကိုင်ရမှာလဲဆိုတာကို ရှင်ရှင်လင်းဖြစ်အောင်း နားလည်လွယ်အောင် ပြုလုပ်ထားသင့်ပါတယ်။ ပြီးတော့မှ အခြားမသိသေးတဲ့အရာတွေကို သင်ယူတာ၊ အဲ့ဒီသင်ယူမှုတွေကနေ ကြိုးစားလုပ်ကိုင်ရတာ စတဲ့ အခွင့်အရေးတွေကို စိန်ခေါ်မှုတစ်ခုလို မှတ်ယူပြီး ကြိုးစားလုပ်ကိုင်ရမှာဖြစ်ပါတယ်။

2.       ဒုတိယ တစ်ခုက လက်ရှိအလုပ်ရဲ့ လုပ်ဆောင်ပုံကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်တဲ့ အခွင့်အရေးကို ရှာရမှာပါ။ တာဝန်တစ်ခုကို ဒါမှမဟုတ် အလုပ်တစ်ခုကို လုပ်နေတဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အကောင်းဆုံးက မသိသေးတာကို သင်ယူလေ့လာပြီး အဲ့ဒီသင်ယူမှုကနေပြီး လက်ရှိလုပ်နေတဲ့အလုပ်ကို ပိုမိုကောင်းမွန်အောင် ကိုယ်ပိုင်နည်းလမ်းနဲ့ ပြုလုပ်နိုင်ပါတယ်။ အဓိက ကတော့ ကိုယ်အရင်ကမလုပ်ဖူးတာကို သင်ယူလေ့လာပြီး အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်ရမှာဖြစ်ပါတယ်။

3.       နောက်တတိယတစ်ခုက လက်ရှိလုပ်နေတဲ့ တာဝန်အပြင် ယာယီ တာဝန်တွေကို လည်းထမ်းဆောင်နိုင်ဖို့ အသင့်ပြင်ထားရပါမယ်။ လိုအပ်နေတဲ့ နေရာတွေမှာ ကိုယ်တိုင် ကူညီလုပ်ကိုင်ခြင်းဖြင့် လုပ်ငန်းအတွက် ကောင်းမွန်တဲ့ ရလာဒ်တွေရနိုင်သလားစသဖြင့် စဉ်းစားပြီး ယာယီတာဝန်တွေကိုလည်း လွဲပြောင်းတာဝန်ထမ်းဆောင်နိုင်တာက မိမိရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို ကောင်းမွန်အောင်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ လုပ်နေကျအလုပ်ပဲ လုပ်နေတာထက် စွန့်စားမှုတွေ စိန်ခေါ်မှုတွေပါဝင်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်တာက မိမိရဲ့ career အတွက် အောင်မြင်မှုရရှိနိုင်တဲ့ အခွင့်အရေးကို ပေးမှာဖြစ်ပါတယ်။        

4.       လုပ်ငန်းအတွက် အပြန်အလှန်ဆွေးနွေးပြီး ကောင်းမွန်တဲ့ရလဒ် ထွက်လာအောင် သက်သေပြခြင်းဖြင့် ကိုယ့်ရဲ့ လုပ်ငန်းရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ။ ကိုယ့်ရဲ့ အထက်လူကြီး ကပဲဖြစ်ဖြစ် သူဌေးကပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တိုးတက်မှုကို မြင်အောင်ပြချင်တယ်ဆိုရင် အချိန်ယူပြီး လုပ်ငန်းအကြောင်း ဆွေးနွေးတာတွေ၊ ပြီးတော့ စိန်ခေါ်မှု အသစ်တွေအတွက် ဘယ်လိုတာဝန်ယူပြီး လုပ်ချင်တယ်ဆိုတာတွေ ဘာတွေကို သင်ယူလေ့လာပြီး တိုးတက်အောင်ပြုလုပ်ချင်တယ်ဆိုတာတွေအပြင် လုပ်ငန်းအပေါ်ကိုယ့်ရဲ့ထင်မြင် ယူဆချက်တွေကို ပြောကြားကာ လုပ်ငန်းရှင်ရဲ့ အမြင်ကိုလည်း မေးမြန်းရပါမယ်။ ဒါမှ ကိုယ့်ရဲ့ တိုးတက်မှုကို ဖော်ထုတ်ပြသနိုင်တဲ့ အခွင့်အရေးကို ရလာမှာပါ။

5.       နောက်တစ်ခုကတော့ ဘာကိုပဲလုပ်လုပ် Get real ဆိုတဲ့ စိတ်ရောကိုယ်ပါ။ အားစိုက်လုပ်ကိုင်တာမျိုး အစစ်အမှန်ဖြစ်ဖို့လိုပါတယ်။ မိမိမသိသေးတာတဲ့အတွေ့အကြုံကို သင်ယူလေ့လာနေတာက ကိုယ်လုပ်ဖို့ ယုံကြည်မှုနည်းနေတဲ့ တာဝန်တွေကို လက်ရှိတာဝန်အပြင် ထပ်ပေါင်းလုပ်နေတာ ဖြစ်ပါတယ်။ အဲ့ဒါမို့ လုပ်ငန်းရည်မှန်းချက်တိုးတက်မှုအတွက် သင်ယူလေ့လာမှုကို ရွေးချယ်တဲ့အခါ  အစစ်အမှန်ဖြစ်ဖို့ လိုအပ်ပါတယ်။ အနှစ်ချုပ်ပြောရရင် ဘယ်အလုပ်မှာမဆို မလုပ်ဖူးသေးတဲ့ အခွင့်အရေးတွေ၊ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အခုလက်ရှိလုပ်နေတဲ့ ရာထူးကနေရရှိခဲ့တဲ့ အတွေ့အကြုံတွေကိုယူပြီး မိမိမှာရှိနေတဲ့ အရည်အချင်း၊ ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ကာ ခေါင်းဆောင်မှုစွမ်းရည်တွေကို ကောင်းသထက် ကောင်းအောင် ပြုလုပ်ရပါမယ်။

6.       နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့ အားသာချက်က ဘာလဲ၊  အားနည်းချက်က ဘာလဲစတာတွေကို သိအောင်လုပ်ရမှာပါ။ ဥပမာ ကိုယ်က လူတွေကို စီမံခန့်ခွဲမှုလုပ်ဖို့ အားနည်းသေးတယ်။ အဲ့ဒီအားနည်းချက်ကို ပြင်ဖို့ လူတွေကို ဘယ်လို ဆက်ဆံရမယ်၊ ရင်ဆိုင်ရမယ်၊ ပြသနာတွေကို ဘယ်လိုဖြေရှင်းရမယ်။ စတဲ့အရာတွေကို ကိုယ့်ရဲ့ လုပ်ငန်းရည်မှန်းချက်ကိုရောက်ရှိဖို့ စိန်ခေါ်မှုတွေလို့သတ်မှတ်ပြီး  ရှာဖွေပြင်ဆင်ရပါမယ်။ လုပ်ငန်းခွင်မှာ မိမိရဲ့ career ကို တိုးတက်အောင်လုပ်ဖို့ အဓိကအရေးကြီးတဲ့အချက်က မိမိရဲ့ အားနည်းချက်ကို တိုးတက်အောင်ပြုလုပ်တာပါ။  

 ပြီးတော့ အခုဒီအချက်တွေကို မှတ်သာထားပြီး career အတွက် တိုးတက်အောင် ဆောင်ရွက်နိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းပေးရင်း ဒီခေါင်းစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
PENTA-OCEAN CONSTRUCTION CO., LTD.

PENTA-OCEAN CONSTRUCTION CO., LTD.

.“Creative company” for land and sea As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS