Tags: Knowledge-Career-Productivity-Prioritizing-JobsinYangon
အလုပ်ပြီးမြောက်မှုစွမ်းရည်နဲ့ ဦးစားပေးဆောင်ရွက်မှုစွမ်းရည်များ
ထိရောက်သော အချိန်စီမံခန့်ခွဲမှုနဲ့ ဦးစားပေးဆောင်ရွက်မှုစွမ်းရည်များဟာ သင့်ကိုကောင်းမွန်တဲ့အလုပ်နေရာ တစ်ခုကိုရရှိအောင်နဲ့ တည်မြဲမှုရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အကြီးတန်းမန်နေဂျာများဟာ သူတို့ရဲ့ အလုပ်ပြီးမြောက်မှုစွမ်းရည်ကိုတိုးတက်အောင်လုပ်ဆောင်နိုင်တဲ့အပြင် အခြားသူများကိုပါ သူတို့ကဲ့သို့လိုက်ပါ လုပ်ဆောင်မှုရှိစေရန်အားပေးနိုင်တဲ့ဝန်ထမ်းတွေကို ရှာဖွေလျှက်ရှိပါတယ်။ အလုပ်တာဝန်များကိုဆောင်ရွက်ရာ တွင် ထိရောက်မှုအရှိဆုံးနည်းလမ်းများကိုရှာဖွေသင်ယူခြင်းဟာ ဝန်ထမ်းတစ်ဦးအနေနဲ့သင့်ရဲ့တန်ဖိုးကိုမြင့်တက် မှုရှိလာစေမှာဖြစ်ပြီးလစာတိုးမြှင့်ပေးမှုတွေနဲ့ရာထူးတိုးပေးအပ်ခြင်းခံရမှုတွေဖြစ်ပေါ်လာစေဖို့အခွင့်အလမ်းများ ပိုမိုပြီးရရှိလာစေမှာပဲဖြစ်ပါတယ်။
အလုပ်တာဝန်များတွင် အရေးကြီးတဲ့အရာများကိုဦးစားပေးဆောင်ရွက်ပါ
အလုပ်တာဝန်များအားလုံးတွင် တူညီတဲ့အရေးပါမှုတွေရှိနေတာတော့မဟုတ်ပါဘူး။ ဘယ်အလုပ်များ ဟာသင့်အနေနဲ့ချက်ချင်းလုပ်ဆောင်ပေးဖို့လိုအပ်သလဲဆိုတာကိုဆုံးဖြတ်မှုပြုရာတွင် ဒီအလုပ်တစ်ခု မပြီးတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲဆိုတာကိုအရင်ဆုံးစဉ်းစားကြည့်ရပါမယ်။ ဘယ်အလုပ်တာဝန် များဟာပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါက အဆိုးရွားဆုံးအကျိုးသက်ရောက်မှုတွေကိုဖြစ် စေမလဲဆိုတာကိုစဉ်းစားရပါမယ်။ နောက်ပြီး အလုပ်တာဝန်တိုင်းအတွက်ပြီးမြောက်မှုရှိအောင်ဆောင် ရွက်နိုင်စေမယ့် အချိန်ပမာဏကိုလဲ ရှာဖွေဖော်ထုတ်ထားသင့်ပါတယ်။ ပြီးမြောက်အောင်ဆောင်ရွက်ဖို့ အချိန်တိုးပေးထားတဲ့ အလျှင်လိုနေတဲ့အလုပ်တာဝန်တစ်ခုဟာ တစ်ခါတစ်ရံတွင် ချက်ခြင်းပြီးဆုံး အောင်လုပ်သင့်နေတဲ့အလုပ်တစ်ခုကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ဖို့အတွက် ခဏရပ်ထားလို့ရနိုင် ပါတယ်။
လုပ်ဆောင်ချက် (Activity) များကိုတိုင်းတာခြင်း
အလုပ်ပြီးမြောက်မှုစွမ်းရည်ကိုတိုင်းတာရန်အတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုကတော့ သင့်ရဲ့ အလုပ်ချိန်များကို time journal (အချိန်စာရင်း) တစ်ခုပြုလုပ်ကာမှတ်သားထားခြင်းပဲဖြစ်ပါတယ်။ သင်ဟာမလိုအပ်တဲ့လုပ်ဆောင်ချက်များတွင် အချိန်အရမ်းဖြုန်းတီးမိနေပါသလား? ဒါဆိုရင်တော့ ဒီ လုပ်ငန်းတာဝန်တစ်ခုကိုပြီးမြောက်ရန်လုပ်ဆောင်ဖို့ကြာချိန်ကိုလျှော့ချပေးနိုင်မယ့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကြည့်ဖို့ကို လုပ်ဆောင်ပါ။ အမှားများကိုပြင်ဆင်ဖို့သင့်အနေနဲ့ အချိန်ဘယ်လောက်ကုန် သလဲဆိုတာကိုလေ့လာကြည့်ပါ။ စလုပ်ကတည်းကအမှားကင်းအောင်လုပ်ခြင်းအားဖြင့် အမှားများကို ပြင်ဆင်ရတဲ့အခါကုန်တဲ့အချိန်များကိုလျှော့ချပေးနိုင်ပါတယ်။
လုပ်ဆောင်ရန်မှတ်သားထားသည့်စာရင်းများ (To-do Lists)
သင်လုပ်ဆောင်ရမယ့်အလုပ်တာဝန်များနဲ့ ထိုအရာများပြီးမြောက်စေရန်အတွက်လိုအပ်တဲ့အရာများကို မှတ်သားထားသည့်စာရင်းတစ်ခုကိုပြုလုပ်ထားပါ။ သင်အလုပ်တာဝန်တစ်ခုကိုပြီးမြောက်အောင်ပြု လုပ်ပြီးသည့်အခါတိုင်းတွင် ပြီးဆုံးသွားသည့်အလုပ်တာဝန်များကို မှတ်သားထားလိုက်ပါ။ ဒီအရာက သင့်ကို အလုပ်တာဝန်များကိုပြီးမြောက်အောင်မြင်စွာပြုလုပ်နိုင်စေရန်အတွက် အာရုံစူးစိုက်မှုရှိစေရန် ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ပြက္ခဒိန်ကိုအသုံးပြုပြီး ပြီးဆုံးအောင်လုပ်ဆောင်ရမည့် လုပ်ဆောင်ချက် အချို့ကို အချိန်ဇယားရေးဆွဲကာမှတ်သားထားပါ။ သင့်ရဲ့ပြက္ခဒိန်ကိုနေ့တိုင်းကြည့်ရှုကာ ထိုနေ့အတွက် ပြုလုပ်ရန်ကိစ္စများရှိ၊ မရှိကိုစစ်ဆေးပါ။ သင့်အနေနဲ့အရေးတကြီးလုပ်ဆောင်ဖို့ရှိနေတဲ့လုပ်ဆောင်ချက် များကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်လာသည်နှင့်အမျှ နေ့တစ်နေ့ရဲ့အဆုံးတွင် အရေးသိပ်မကြီးတဲ့ အလုပ်များကိုဆောင်ရွက်ဖို့အချိန်ပိုလာစေမှာဖြစ်ပါတယ်။ နေ့တစ်နေ့ရဲ့အဆုံးတွင် အချိန်အနည်းငယ် ယူကာ သင့်အနေနဲ့ ဘယ်အရေးကြီးတဲ့ကိစ္စရပ်တွေကိုလုပ်ဆောင်ဖို့ကျန်သွားသလဲဆိုတာကိုလည်း ပြန် လည်ဆန်းစစ်ကြည့်သင့်ပါတယ်။
ခဏတာအနားယူပါ
သင့်အတွက် ခေတ္တအနားယူနိုင်မယ့်အချိန်များကို အချိန်စာရင်းဆွဲထားပါ။ ဒီအရာက သင့်ရဲ့စိတ်ဖိစီးမှု များကိုလျော့နည်းစေပြီး သင့်အလုပ်ပြီးမြောက်မှုရှိစေရန်အတွက် အာရုံစူးစိုက်ကာလုပ်ဆောင်နိုင်စေ ရန်အတွက်ကူညီပေးနိုင်ပါတယ်။ သင့်ကိုယ်သင်အနားမပေးပဲ ပင်ပန်းကြီးစွာအလုပ်လုပ်ခြင်းဟာ သင့် ရဲ့အလုပ်ပြီးမြောက်မှုစွမ်းရည်/ နှုန်း အပေါ် အထောက်အကူဖြစ်စေမှာမဟုတ်ပါဘူး။ သင်အမြဲအားရှိ နေဖို့အတွက် ကျန်းမာရေးအရ ညီညွှတ်ပြီး အားအင်ပြည့်ဝစေတဲ့ မုန့်များကို အလုပ်သို့ယူဆောင်သွား ပါ။ ရည်မှန်းချက်/ သတ်မှတ်ချက်များအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့အခါများမှာ သင့်ကိုယ်သင် ဆုပေးသည့်အနေနဲ့အလုပ်ချိန်ပြင်ပတွင် ပျော်ရွှင်ဖွယ်ကောင်းသောအချိန်များရရှိအောင်ဖန်တီးလိုက်ပါ။ ဒီအရာများကသင့်ကို ဆက်လက်ပြီး ဆက်လက်ပြီး သင်တတ်စွမ်းသမျှအကောင်းဆုံးလုပ်ဆောင်နိုင်စေ ဖို့အတွက် အားဖြစ်စေပါလိမ့်မယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.