Tags: News-Qualcomm-Switch-Gaming-Tablet-JobsInYangon
Qualcomm မှ Nintendo Switch နှင့် ဆင်တူသော Gaming Tablet တစ်ခုကို တည်ဆောက်ရန်စီစဉ်လျှက်ရှိနေ
Android Police မှ သတင်းတစ်ပုဒ်အရ Qualcomm ဟာ Android OS ကို အသုံးပြုထားတဲ့ Nintendo Switch နဲ့ ဆင်တူသော device တစ်လုံးကိုတည်ဆောက်ဖို့အတွက် အစီအစဉ်ရေးဆွဲနေကြောင်း သိရှိခဲ့ရပါတယ်။ အဆိုပါ device ကတော့ ကောင်းမွန်သောအအေးခံစနစ်များနဲ့ ဖြုတ်၊ တပ်၍ရနိုင်သော side controller များပါဝင်လာမည့် gaming tablet တစ်လုံးပဲဖြစ်ပါတယ်။
Nintendo Switch ကို Nvidia ရဲ့ Tegra SoC ဖြင့်မောင်းနှင်ပြီး Nintendo ဂိမ်းများအတွက် designer များရှိသလို Qualcomm ရဲ့ game console ဟာလည်း Snapdragon chip ဖြင့်မောင်းနှင်၍ Play Store ပေါ်ရှိ ဂိမ်းများကို ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Qualcomm ဟာ အဆိုပါ device ကို ၂၀၂၂ ခုနှစ်အတွင်းတွင် ဖြန့်ချီနိုင်ရန်အတွက် အစီအစဉ်များ ရေးဆွဲလျှက်ရှိနေပါတယ်။
အဆိုပါသတင်းတွင် ရေးသားထားချက်အရ Qualcomm အနေနဲ့ အရေအတွက်များစွာ ထုတ်လုပ်သွားဖို့အစီအစဉ်မရှိပဲ သူတို့နဲ့ လုပ်ငန်းလက်တွဲဖော်များအား ဆင်တူသော device များကို တည်ဆောက်နိုင်စေဖို့အတွက် စံနမူနာဖြစ်စေရန်ရည်ရွယ်ကြောင်းနှင့်အတူ သတ်မှတ်ထားတဲ့ အကြမ်းဖျင်းဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၀၀ ခန့်ဖြစ်ပြီး အဆိုပါဈေးနှုန်းတွင် gamepad များနဲ့ 5G နည်းပညာတို့ ပါဝင်လာမလားဆိုတာကိုတော့ တိတိကျကျပြောကြားနိုင်ခြင်းမရှိသေးပါဘူးဟူ၍ ဆိုထားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.