by Admin
Tags: Hygiene at work job behaviour stop career
တစ်ကိုယ်ရည်သန့်ရှင်းမှုဟာ လုပ်ငန်းခွင်မှာ သင့်အတွက်ဘယ်လောက်အရေးပါလဲ
လူတစ်ဦးတစ်ယောက်ချင်းစီမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိသင့်တယ်ဆိုတာကတော့ လူတိုင်းအတွက် ပြောစရာမလိုအောင် သိရှိပြီးသားဖြစ်မှာပါ။ မူလတန်းအရွယ်ထဲက ဆရာဆရာမတွေ၊ လူကြီးမိဘတွေရဲ့ သင်ကြားပြသမှုနဲ့အတူ ကျွန်တော်တို့သိရှိလာတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုရင် ရွတ်ခဲ့တဲ့ ကဗျာလေးတွေလိုပဲ စောစောထ၊ သွားတိုက်၊ မျက်နှာသစ်၊ အဝတ်လဲ.. အစရှိသဖြင့်ပေါ့။ အသက်တွေကြီးလာပြီး လုပ်ငန်းခွင်ထဲရောက်လာတဲ့အခါမှာတော့ ငယ်ငယ်ကလို မျက်နှာသစ် သွားတိုက်၊ အဝတ်လဲ အစရှိတာတွေလောက်ပဲ မလုံလောက်တော့ပါဘူး။ လုပ်ငန်းခွင်ထဲမှာ သန့်သန့်ရှင်းရှင်းနေတတ်ဖို့လိုလာသလို၊ သပ်ရပ်စွာအဝတ်အစားတွေကို ဝတ်စားတတ်ဖို့ကလည်း အရေးကြီးလာပါတယ်။
ဝန်ထမ်းတစ်ယောက်ဖြစ်လာပြီဆိုရင် သင့်မှာတာဝန်ယူရတဲ့အပိုင်းတွေနဲ့အတူ ပြီးမြောက်အောင် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေဟာလည်း တစ်ပါတည်းကပ်ပါလာမှာပါ။ ထိုအရာတွေနဲ့အတူ အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ် အချိန်ဘယ်လောက်အားလပ်ခြင်းမရှိမရှိ၊ သင့်ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ အဝတ်အစား သေသပ်စွာဝတ်ဆင်သင့်မှု အစရှိတာတွေကိုတော့ လုပ်ငန်းခွင်ကို ဝင်ရောက်တိုင်း မမေ့သင့်ပါဘူး။ သင့်ရဲ့ အပြင်ပန်းဆိုင်ရာသပ်ရပ်မှုရှိခြင်းဟာ လူမြင်ကောင်းစေရုံသာမက၊ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်အားထက်သန်မှု၊ ပါတ်ဝန်းကျင်ကလူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုတွေအထိပါ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါဆိုတစ်ကိုယ်ရည်သန့်စင်မှုမှာဘာတွေပါဝင်လဲ။ မျက်လုံး၊ ဆံပင်၊ ခန္ဓာကိုယ်၊ ခံတွင်းသန့်စင်မှု၊ ခြေထောက်၊ အဝတ်အစား၊ လက်သည်းခြေသည်း၊ အစရှိတာတွေနဲ့အတူ သင့်ရဲ့ ဝတ်စားဆင်ယင်မှုအထိပါ အကြုံးဝင်မှာ ဖြစ်ပါတယ်။ ဒါဆိုသင့်အနေနဲ့ အဆိုပါ သန့်ရှင်းမှုမျိုးမရှိရင် လုပ်ငန်းခွင်မှာ ဘာတွေသင့်အတွက် ထိခိုက်မှုရှိစေမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။
၁။ မြင်မြင်ချင်းအထင်သေးစေနိုင်ပါတယ်။
First impression ဆိုတဲ့ မြင်မြင်ချင်း ဖြစ်ပေါ်လာတဲ့စိတ်ဟာ အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ တကယ်လို့ လုပ်ငန်းခွင်တွင်းကို စရောက်ရောက်ချင်းမှာပဲ သင်ဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိတာကြောင့် သင့်ကို သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ စမြင်ထဲက ဖြစ်လာတဲ့စိတ်ဟာ အထင်သေးမှုနဲ့ စမယ်ဆိုရင်တော့ သင့်အတွက် ကောင်းမွန်တဲ့ အလုပ်ဝန်းကျင်တစ်ခုဖြစ်လာစေမှာမဟုတ်ပါဘူး။ အလုပ်ဝင်မှမဟုတ်ပါဘူး၊ အလုပ်အင်တာဗျူးမျိုးသွားရောက်ဖြေမယ်ဆိုရင် သင့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ အဝတ်အစားဝတ်ဆင်မှု တွေဟာလည်း အရေးကြီးတဲ့ အပိုင်းကနေ ပါဝင်လာမှာဖြစ်ပါတယ်။
၂။ သင့်ကို ဘယ်သူမှ လျစ်လျူရှုနေမှာမဟုတ်ပါဘူး။
တကယ်လို့ သင်ဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို သေချာလုပ်ဆောင်ခြင်း၊ ဂရုစိုက်ခြင်းမရှိပဲ အလုပ်ကိုသွားမယ်။ ဒါဟာသင့်ရဲ့လွတ်လပ်မှုပဲ၊ သူများကို ထိခိုက်မှုရှိမှာမဟုတ်ဘူး ဆိုပြီး တွေးတောမယ်။ ဒါ့အပြင် သင့်ကို သူတို့ဟာ လျစ်လျူရှုထားမှာပဲ။ သူတို့ဘာပြောပြော၊ ဘာထင်ထင် ငါ့အလုပ်မဟုတ်ဘူး အစရှိသဖြင့် တွေးမြင်ယူဆထားမယ်ဆိုရင်တော့ ဒါဟာ မှားယွင်းတဲ့အယူဖြစ်ပြီးတော့ အဲ့ဒီအယူအဆကို ဖျောက်ဖျက်သင့်ပါတယ်။ အထူးသဖြင့် သင့်ရဲ့အထက်လူကြီးတွေဟာ သူတို့ရဲ့ လက်အောက်ငယ်သား ဝန်ထမ်းတွေကို ဂရုတစိုက်ကြည့်လေ့ရှိပြီး၊ သင့်ရဲ့ အပြင်ပန်းပုံသဏ္ဏန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုဟာလည်း သူတို့အတွက် သတိထားကြည့်နိုင်တဲ့ အချက်တစ်ချက်ဆိုတာလည်း မမေ့သင့်ပါဘူး။ အင်တာဗျူးဖြေတဲ့အချိန်မျိုးမှာလည်း သင်ဟာ တစ်ကိုယ်ရည်သန့်စင်မှုမရှိတာမျိုး၊ ခံတွင်းအနံ့ကောင်းမွန်ခြင်း မရှိတာမျိုးဟာ သင့်အတွက် အနှုတ်လက္ခဏာဆောင်စေတဲ့ အရာတွေပဲဖြစ်ပါတယ်။
၃။ လူတွေဟာ သင့်ကို ဖယ်ကျဉ်လာကြပါမယ်။
လုပ်ငန်းခွင်ဆိုတာ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်ရှိနေမှ နေပျော်ဖွယ် ဝန်းကျင်တစ်ခုဖြစ်မှာပါ။ သို့သော် သင့်အနေနဲ့ သင့်ရဲ့ သန့်ရှင်းမှုမရှိတဲ့ ကိုယ်ရည်၊ သို့မဟုတ်၊ ဆိုးဝါးလေ့ရှိတဲ့ ခံတွင်းရနံ့၊ အပြင်ပန်းပုံသဏ္ဏန်၊ အစရှိတာတွေဟာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာဖြစ်သွားနိုင်ပြီး၊ နောက်ဆုံး သင့်ကို ဖယ်ကျဉ်ပြီး စကားပြောဆိုဆက်ဆံမှုတွေ မပြုလုပ်တော့တာထိပါဖြစ်လာနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ လူတိုင်းဟာ ခန္ဓီစသည်းခံခြင်းတရားနဲ့ မွေးဖွားလာတာမဟုတ်သလို၊ သင့်ရဲ့ မသန့်ရှင်းမှုကိုလည်း သည်းမခံနိုင်တဲ့သူတွေ အမြောက်အမြားရှိနိုင်လို့ပါပဲ။ တချို့တွေကတော့ ဟန်ဆောင်ပြီး ဆက်ဆံမှုတွေရှိနိုင်ပေမယ့်လည်း ဟန်ဆောင်နိုင်ခြင်းမရှိတဲ့သူတွေကတော့ သင့်ကို ပေါ်ပေါ်ထင်ထင်ပဲ ဖယ်ကျဉ်တာမျိုးပြုလုပ်တာတွေ ကြုံတွေ့ရမှာပါ။ ဒါဟာ သင့်အတွက် ကောင်းမွန်တဲ့အရာမဟုတ်သလို၊ သင့်လုပ်ငန်းဆောင်တာတွေကိုရော၊ သင့်ရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ အရာဖြစ်ပါတယ်။
၎။ သင့်ရဲ့ မကောင်းသတင်းတွေ ပျံ့နှံ့လာမှာပါ။
လူသတင်းလူချင်းဆောင်ဆိုသလို ကောင်းသောသတင်းဖြစ်စေ၊ ဆိုးသောသတင်းဖြစ်စေ၊ လူတွေကတော့ သင့်နောက်ကွယ်မှာပြောကြမှာပါပဲ။ မကောင်းသတင်းဆို ပိုမိုခုံမင်လေ့ရှိတဲ့ လူ့သဘာဝနဲ့အညီ သင့်နောက်ကွယ်မှာ သင့်မကောင်းကြောင်းကို ပြောမယ့်သူတွေအတွက် သင်ဟာ ခွင့်ပြုပေးလိုက်သလိုဖြစ်မှာပါ။ အဲ့လိုတွေပြောဆိုမှုတွေရှိလာတာနဲ့အညီ သင့်ရဲ့ ဂုဏ်သတင်းဟာလည်း မကောင်းခြင်းနဲ့ ကျော်ကြားသွားမှာအမှန်ပဲဖြစ်ပါတယ်။ လူတချို့ရဲ့ ဟာသအဖြစ်ပြောဆိုမှုတွေ၊ ရိသလို ထေ့သလို စနောက်တာတွေဟာ သင့်အတွက် ခံရခက်စေမှာအမှန်ပါပဲ။ သင့်အနေနဲ့လည်း လုပ်ငန်းခွင်အတွင်းမှာ အနေရခက်စေမှာဖြစ်သလို၊ သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ သွယ်ဝိုက်ထိခိုက်မှုတွေ ကြုံတွေ့ရလာနိုင်ပါတယ်။
၅။ အဆိုးမြင်စိတ်တွေ ဝင်ရောက်လာပါမယ်။
စောစောကပြောခဲ့သလိုပဲ လူတိုင်းလိုလိုက သင့်အပေါ် မကောင်းပြောတာမျိုး၊ ထေ့ငေါ့တာမျိုးတွေ ကြုံတွေ့လာရပြီဆိုရင် သင့်ရဲ့ ပါတ်ဝန်းကျင်လုပ်ငန်းခွင်ဟာ ပျော်ရွှင်ဖွယ်ဖြစ်မှာမဟုတ်တော့ပါဘူး။ သင့်ကို လူတွေဖယ်ခွာလာမယ်၊ သင့်ဖက်ကစကားစပြောရင်တောင် စကားပြန်ပြောမယ့်သူ မရှိသလောက်ဖြစ်လာမယ်၊ သင့်အနေနဲ့ တဖြည်းဖြည်း အသိုင်းအဝိုင်းနဲ့ဝေးလာပြီဆို ပထမဆုံး ခံစားရမှာက သင်ကိုယ်တိုင်ပါပဲ။ သင့်ကို သင် ယုံကြည်မှုပျောက်ဆုံးလာနိုင်ပြီး အဆိုးမြင်စိတ်တွေဝင်လာမယ်၊ လုပ်ငန်းခွင်တွင်း မလုံခြုံမှုတွေ ခံစားရလာမယ်၊ တခြားသူတွေကို မနာလိုစိတ်တွေ ပိုမိုဖြစ်ပေါ်လာမယ်၊ မကျေနပ်စိတ်တွေဖြစ်ပေါ်လာမယ်၊ နောက်ဆုံး သင့်ရဲ့ လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေမှာဖြစ်ပြီး သင့်ရဲ့ တက်လမ်းတွေအထိကိုပါ ထိခိုက်မှုတွေဖြစ်ပေါ်လာစေမှာ အမှန်ပါပဲ။
၆။ သင့်ကို အဆိုးမြင်လာမယ်။
သူတစ်ပါးကို အဆိုးမြင်တာထက် ပိုဆိုးတာကတော့ သင့်ကို လူတိုင်းက အဆိုးမြင်သွားမှာပါပဲ။ သင့်ရဲ့ ဂုဏ်သတင်း၊ သင့်ကို သူတစ်ပါးတွေ အဆိုးမြင်စိတ်တွေဟာ သင့်အတွက် နာမည်ဆိုးတစ်ခုတွင်သွားစေတဲ့ အထိဖြစ်ပေါ်သွားစေမယ်ဆိုရင်တော့ အနှုတ်လက္ခဏာဆောင်တဲ့ အရာတစ်ခု မလွဲဧကန်ဖြစ်လာမှာပါ။ ပျက်ဆီးသွားတဲ့ ဂုဏ်သတင်းကို ပြန်ပြင်ဖို့ဆိုတာဟာ လွယ်ကူတဲ့အရာတစ်ခုမဟုတ်တော့သလို သင့်အပေါ် ကိုလည်း လူတိုင်းက တလေးတစားဆက်ဆံတာမျိုး ရှိလာတော့မှာမဟုတ်ပါဘူး။ သတင်းဆိုးတွေဟာ ပိုမို ပြန့်နှံ့လွယ်တာနဲ့အညီ သင့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာတွေအထိပါ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင်ဟာ လုပ်ငန်းခွင်တစ်ခုကို ဝင်ပြီဆို သင့်လုပ်ဖော်ကိုင်ဖက်တွေက ပထမဆုံး မြင်ရမှာကတော့ သင့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုပဲဖြစ်ပါတယ်၊ သင်ဘယ်လိုဝတ်စားဆင်ယင်လဲ၊ သင်ဘယ်လို သန့်ရှင်းအောင်နေလဲ၊ ခံတွင်းအနံ့ဆိုးလား ကောင်းလား၊ လူရှေ့သူရှေ့ နှာခေါင်းနှိုက်နေတတ်လား အစရှိသဖြင့်ပေါ့။ ဒါ့ကြောင့် သင့်ရဲ့ အပြင်ပန်း သဏ္ဏန်ကို ဂရုစိုက်မှုမရှိဘူးဆိုရင်တော့ သင့်ရဲ့ ဂုဏ်သတင်းဟာလည်း အကောင်းထက် အဆိုးတွေ ပိုမိုဖြစ်ပေါ်လာစေမှာပဲဖြစ်ပါတယ်။
၇။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကိုပါ ထိခိုက်လာမယ်။
လုပ်ငန်းခွင်မှာ အလုပ်လုပ်တယ်ဆိုတာ တကယ်တော့ အလုပ်လုပ်နေရုံနဲ့ပဲ ပြီးတာမဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းသင်းဆက်ဆံဖို့လည်းလိုအပ်ပါသေးတယ်။ ဒါမှသာ သင့်ရဲ့ လုပ်ငန်းဆောင်တာတွေလွယ်ကူသွက်လက်စေမှာဖြစ်သလို၊ လိုအပ်တဲ့ အကူအညီတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ သို့သော် သင့်အနေနဲ့ တစ်ကိုယ်ရည်ဂရုစိုက်မှုအားနည်းခြင်းကြောင့် အပေါင်းအသင်းနည်းပြီဆိုရင်တော့ သင့်အတွက် လုပ်ငန်းခွင်ဟာ နေပျော်ဖွယ်ဖြစ်မှာမဟုတ်တော့သလို၊ သင့်ရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ လုပ်ငန်းပြီးမြောက်မှု၊ အစရှိတာတွေကိုပါ ထိခိုက်လာမှာပါ။ သင့်ရဲ့ မိတ်ဆွေတွေကသာ သင့်ကို အပြစ်တင်စကားမျိုး၊ မနှစ်မျို့တဲ့ အမူအရာမျိုးပြမယ်ဆိုရင် သင့်အနေနဲ့လည်း နှစ်သက်မှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အစဉ်အမြဲဂရုစိုက်နေသင့်ပါတယ်။
ဒါဆိုဒီလိုဆိုးဝါးလှတဲ့ အရာတွေကို ဖြစ်ပေါ်စေနိုင်တဲ့အရာကို ကျွန်တော်တို့ ဘယ်လိုရှောင်ကြဉ်ကြမလဲ၊ တကယ်တော့ ခက်ခဲလှတဲ့အရာတော့မဟုတ်ပါဘူး။ နေ့စဉ်လုပ်နေကျအရာတွေထဲက တချို့အရာတွေကို ဂရုတစိုက် ပြုလုပ်ပေးရုံပါပဲ။ ဥပမာအားဖြင့်
အစရှိသည်များကို နေ့စဉ်ဆောင်ရွက်နေကြအလေ့အထများထဲတွင် ဂရုတစိုက် ထည့်သွင်းလုပ်ဆောင် ပေးသွားမယ်ဆိုရင် သင့်ရဲ့ တစ်ကိုယ်ရည်သန့်စင်မှုဟာလည်း အကောင်းဆုံးအနေအထားမှာ ရှိနေမှာ အမှန်ပါပဲ။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.