ချိတ်ဆွဲရန်စာတန်း: News-Remote-Working-Future-Facebook-JobsInYangon
အဝေးမှအလုပ်လုပ်ရခြင်း (Remote Working) ဟာ အနာဂါတ်တစ်ခုဖြစ်လာနိုင်ကြောင်း Facebook မှ ပြောဆိုခဲ့
BBC သတင်းတစ်ပုဒ်အရ အဝေးမှအလုပ်လုပ်ရခြင်း (Remote Working) သည် “အနာဂါတ်” ဖြစ်လာနိုင်တယ်လို့ ထင်မြင်မိကြောင်း Facebook ကတော့ ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပြောဆိုချက်အရ ဝန်ထမ်းများအနေနဲ့ ဆက်လက်ပြီး Work From Home ပြုလုပ်နေနိုင်တယ်လို့ ဆိုထားခဲ့ပြီး အခြားသော နည်းပညာကုမ္ပဏီကြီးအချို့ကတော့ ဒီအရာကိုသိပ်ပြီး သဘောကျကြပုံမရပါဘူး။
Facebook တွင်အလုပ်လုပ်ကိုင်နေသူများအနေဖြင့် အဝေးမှအလုပ်လုပ်ရန် ဖြစ်နိုင်သော ရာထူးနေရာများအတွက် အမြဲတမ်း Remote Working ပြုလုပ်နိုင်ရန်လျှောက်ထားနိုင်ပြီး ထိုအရာအား မန်နေဂျာများမှတဆင့် ပြန်လည်၍ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလကလည်း Mark Zukerberg ဟာ ကုမ္ပဏီရဲ့ ၅၀% သောဝန်ထမ်းများဟာ လာမယ့် ၅နှစ်မှ ၁၀နှစ်အတွင်း အဝေးမှသာအလုပ်လုပ်ကြရတော့မည်ဖြစ်ကြောင်း ခန့်မှန်းခဲ့ပါသေးတယ်။
တစ်ချိန်တည်းမှာပဲ Twitter ရဲ့ Jack Dorsey ကလည်း သူ့ရဲ့ဝန်ထမ်းများအနေဖြင့် “ယခုအခါတွင် Work from Home အမြဲတမ်းပြုလုပ်နိုင်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ သို့သော်လည်း Microsoft ကတော့ အောက်တိုဘာလအတွင်းကျင်းပခဲ့တဲ့အစည်းအဝေးပွဲတစ်ခုတွင် တစ်ကိုယ်ရည်ဘဝနဲ့ အလုပ်ဘဝနေထိုင်မှုရောထွေးလာခြင်းဟာ “သင်အလုပ်စားပွဲပေါ်တွင်လာအိပ်နေသကဲ့သို့ ခံစားရပါတယ်” ဟူ၍ ပြောဆိုခဲ့သလိုပဲ ပြီးခဲ့တဲ့လအတွင်း Google မှလည်း ဝန်ထမ်းများကိုရုံးပြန်တက်စေဖို့စီစဉ်ထားတဲ့အချိန်ကို ရှေ့သို့တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။