ချိတ်ဆွဲရန်စာတန်း: Knowledge-IT-Internet-Router-JobsinYangon
Repeater များ၊ အင်တာနာတိုင်များနှင့် Reflector များ
လွန်စွာကျယ်ပြန့်တဲ့ဧရိယာတစ်ခုလုံးတွင် wireless signal ရရှိနိုင်ရန်အတွက်လိုအပ်နေပြီး သင့်ရဲ့ router တစ်ခုတည်းရဲ့အစွမ်းနဲ့ ထိုသို့ဖြစ်ပေါ်လာအောင်ပြုလုပ်နိုင်စွမ်းလည်းရှိမနေပါက သင့်အနေနဲ့ wireless repeater (သို့) range extender ကို ဝယ်ယူလိုက်နိုင်ပါတယ်။
ဒီစက်ပစ္စည်းများဟာ wireless signal ကိုတစ်ဖန်ပြန်လည်ထုတ်လွှင့်ပေးနိုင်ပြီး အင်တာနက်ရရှိနိုင် တဲ့ဧရိယာကို ပိုမိုကျယ်ပြန့်သွားစေပါတယ်။ ဒီအရာအတွက်အထူးပြုလုပ်ထားတဲ့စက်တစ်ခုကို တောင်လိုအပ်မှာမဟုတ်ပါဘူး - သင့်ထံတွင် router အဟောင်းများရှိနေသေးပါက ထို router များ ကိုအသုံးပြုပြီး သင့်ရဲ့ Wi-Fi ကွန်ယက်ရရှိနိုင်တဲ့ဧရိယာကိုတိုးချဲ့နိုင်ပါတယ်။
သင့်ရဲ့ router အပေါ်မူတည်၍ သင့်ရဲ့ signal ကို ပို၍ဝေးဝေးရောက်နိုင်စေဖို့အဆင့်မြှင့်တင်ထားတဲ့ အင်တာနာတိုင်ကိုလည်း တပ်ဆင်နိုင်ကောင်း တပ်ဆင်နိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် signal များကို ပြန်လည်ထုတ်လွှင့်ပေးနိုင်စေမယ့် Wi-Fi reflector တစ်ခုကိုလည်းတည်ဆောက်ကြည့်နိုင်ပါတယ်။
Wi-Fi ဟာ အနာဂါတ်တွင်ပိုမိုတိုးတက်မှုရှိလာမည့်အရာတစ်ခုဖြစ်သည်ဟု ထင်မြင်ရသော်လည်း၊ ကြိုးနဲ့ဆက်သွယ်ထားသော network connection များကိုအသုံးပြုခြင်းက ပိုမိုများပြားသော အား သာချက်များရှိနေပါသေးတယ်။ အကယ်၍ယုံကြည်စိတ်ချရပြီးပိုမိုမြန်ဆန်သောမြန်နှုန်းကိုရရှိလိုပြီး interference ပြဿနာများကိုသင့်အနေနဲ့ မကြုံတွေ့လိုဘူးဆိုရင်တော့ ကြိုးနဲ့ဆက်သွယ်ထားသော network connection များဟာ အားအထားရဆုံး၊ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နေဦးမှာပဲဖြစ် ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက်ဗဟုသုတဖြစ်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
An Iranian man has broken the world record for the number of years spent without bathing.
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။