Jobs In Myanmar
Load...

Vultur ဟုအမည်ရသော Trojan Malware အသစ်တစ်မျိုးကို သုသေသနပညာရှင်များမှ တွေ့ရှိခဲ့ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Trojan-Malware-Vultur-JobsInYangon



Vultur ဟုအမည်ရသော Trojan Malware အသစ်တစ်မျိုးကို သုသေသနပညာရှင်များမှ တွေ့ရှိခဲ့ 

 

Amsterdam မြို့အခြေစိုက် cybersecurity ကုမ္ပဏီတစ်ခုဖြစ်တဲ့ ThreatFabric ဟာ Android device များပေါ်တွင် login အချက်အလက်များကို နည်းလမ်းအသစ်ကို အသုံးပြု၍ ခိုးယူလျှက်ရှိနေတဲ့ Vultur ဟု အမည်ရတဲ့ Malware အသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။ 

ArsTechnica မှ သတင်းတစ်ပုဒ်အရ Vultur ဟာ အချက်အလက်များကို ခိုးယူနိုင်ရန်အတွက် ယခင်ကပုံမှန်အသုံးပြုလေ့ရှိသောနည်းလမ်းများမှ ကွဲထွက်နေတဲ့ Virtual Network Computing နှင့် Remote Access Ability များကို အသုံးချ၍ ကြိုတင်သတ်မှတ်ထားတဲ့ application များပေါ်တွင် အသုံးပြုသူမှ သူတို့ရဲ့ login အချက်အလက်များကို ထည့်သွင်းလိုက်သည်နှင့် device ရဲ့ screen ကို record ပြုလုပ်နိုင်စွမ်းရှိနေပါတယ်။ 

ThreatFabric ရဲ့ အဆိုအရ Vultur ဟာ Android device များပေါ်တွင် တွေ့ရလေ့ရှိတဲ့ Accessibility Services များပေါ်တွင် များစွာမှီခိုအားထားပြီး လုပ်ဆောင်ချက်များကို ပြုလုပ်နေတာဖြစ်ပါတယ်။ “Malware ကို စတင်လိုက်သည်နှင့် app ရဲ့ icon ကို အလိုအလျှောက် hide ပြုလုပ်လိုက်ပြီးနောက် Accessibility Service များကို အသုံးချ၍ ကောင်းစွာ operate ပြုလုပ်၍ရနိုင်ရန်အတွက် လိုအပ်သော permission များကို ရယူနိုင်စွမ်းရှိနေပါတယ်။”

Vulture ရဲ့ အကြီးဆုံးခြိမ်းချောက်မှုတစ်ရပ်ကတော့ အဆိုပါ malware ရှိနေတဲ့ Android device များရဲ့ screen များကို recording ပြုလုပ်နိုင်စွမ်းပဲဖြစ်ပါတယ်။ Accessibility Services များကို အသုံးချပြီး ဘယ်လို application များကို အသုံးပြုသူမှ ဖွင့်ထားသလဲဆိုတာကို စောင့်ကြည့်နေနိုင်ပြီး အဆိုပါ application ဟာ Vultur ရဲ့ ပစ်မှတ်စာရင်းတွင် ပါဝင်နေတဲ့ application ဖြစ်ပါက အဆိုပါ Trojan virus ဟာ အသုံးပြုသူမှ ရေးသားထည့်သွင်းလိုက်တဲ့ အရာအားလုံးကို recording စတင်ပြုလုပ်သွားနိုင်စွမ်းရှိနေပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
ABC Convenience Store

ABC Convenience Store

With over 70 stores giving access to our customers and suppliers the opportunity to leverage their product on our network. We stress on providing and maintaining highest standard in product quality an...
Show the postings (6)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS