ချိတ်ဆွဲရန်စာတန်း: News-RiotGames-Lawsuit-Discrimination-JobsInYangon
လူမျိုးရေးခွဲခြားမှုများရှိခဲ့တဲ့အတွက် Riot Games မှ ကန်ဒေါ်လာသန်း ၁၀၀ ဒဏ်ကြေးပေးဆောင်ခဲ့ရ
မကြာသေးမှီကပဲ Riot Games ဟာ ကန်ဒေါ်လာသန်း ၁၀၀ ကို class-action lawsuit တစ်ခုအတွက် ဒဏ်ကြေးအဖြစ်ပေးဆောင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ အဆိုပါ တရားစွဲဆိုမှုကို Riot တွင် အလုပ်လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးဝန်ထမ်း ၂ ဦးမှ ၂၀၁၈ ခုနှစ်တွင်စတင်တိုင်ကြားခဲ့တာဖြစ်ပြီး နောက်ပိုင်းတွင်အဆိုပါအမှုကို class-action (လူအများအတွက် ကိုယ်စားပြုတိုင်ကြားခြင်း) အဖြစ်ပြန်လည်၍ အဆင့်သတ်မှတ်ခဲ့ပါတယ်။ အဆိုပါတိုင်ကြားမှုတွင် Riot Games ရဲ့ လူမျိုးရေးခွဲခြားမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုများပြုလုပ်ခြင်းနဲ့ လစာငွေပေးအပ်ရာတွင် မမျှတမှုများ ပါဝင်နေခဲ့ပါတယ်။
ယခုချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အရ Riot Games ဟာ ကုမ္ပဏီတွင် နိုဝင်ဘာ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ full-time, part-time နဲ့ temporary အမျိုးသမီးဝန်ထမ်းများအားလုံးကို လျော်ကြေးငွေအဖြစ် ခွဲဝေပေးအပ်ရန် ကန်ဒေါ်လာ သန်း ၈၀ ကို ပေးအပ်ဖို့ သဘောတူခဲ့ပြီး ကျန်ရှိနေသေးသော ကန်ဒေါ်လာသန်း ၂၀ ကိုတော့ ရှေ့နေခအဖြစ် ပေးဆောင်သွားရမှာဖြစ်ပါတယ်။
ဒဏ်ကြေးအဖြစ် အထက်ပါအတိုင်း ကန်ဒေါ်လာ သန်း ၁၀၀ ကို ပေးဆောင်ရမယ့်အပြင် Riot Games ဟာ ၎င်းတို့ရဲ့လုပ်ငန်းခွင်ပေါ်လစီများကို ပြန်လည်ပြင်ဆင်ရေးဆွဲရမှာဖြစ်ပြီး ၎င်းတွင် လက်ရှိနှင့် ယခင်က ယာယီ contract ဝန်ထမ်းများမှ အမြဲတမ်းရာထူးများကိုလျှောက်ထားနိုင်ရန်နှင့် အလုပ်လျှောက်ထားသူများနှင့် လစာငွေညှိနှိုင်းရာတွင် ပိုမို၍ပွင့်လင်းမြင်သာမှုရှိစေဖို့ဆိုတဲ့အချက်များလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။