Tags: News-Riot-LeagueofLegends-Championship-JobsInYangon
Riot ရဲ့ in-person “League of Legends” ဗိုလ်လုပွဲကို COVID-19 ရောဂါပြန်လည်ပြန့်ပွားလာမှုကြောင့် နေရာပြောင်းရွှေ့မှု ပြုလုပ်ခဲ့ရ
The Verge မှ သတင်းတစ်ပုဒ်အရ Riot Games ဟာ League of Legends Championship Series (LCS) ရဲ့ နောက်ဆုံးပွဲစဉ် ၂ ခုကို Newark မြို့နယ်, New Jersey မြို့ရှိ Prudential Center မှ Los Angeles မြို့ရှိ LCS Arena သို့ ပြောင်းရွှေ့ကျင်းပခဲ့ရကြောင်း သိရှိခဲ့ရပါတယ်။
“Coronavirus Delta Variant ပြန့်ပွားလာမှုကြောင့် ဒီအချိန်မှာ ကာကွယ်ဆေးများကိုအသုံးပြုလျှက်ရှိနေကြပြီဖြစ်သော်လည်း ကြီးမားတဲ့ in-person event များကို ကောင်းစွာကျင်းပဖို့ မသင့်တော်ဘူးလို့ ယူဆမိပါတယ်။ LCS Arena ကတော့ ပိုမိုလုံခြုံတဲ့နေရာတစ်ခုဖြစ်ပြီး ကမ္ဘာကျော်ကိုယ်စားလှယ် ကစားသမားများ တရုတ်နိုင်ငံသို့မသွားရောက်မှီတွင် သူတို့ရဲ့ကျန်းမာရေးကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်” ဟူ၍ Riot က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် Riot ဟာ လာမည့်အနာဂါတ်ကာလများတွင် Prudential Center ၌ ပွဲများထပ်မံကျင်းပသွားမည့်အကြောင်းကိုလည်း ကတိပေးပြောကြားခဲ့ပြီး လက်မှတ်များအတွက် အပြည့်အဝ refund ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကိုတော့ မကြာမှီတွင် အသိပေးသွားမည်ဖြစ်ကြောင်း ကိုလည်း Riot က ပြောဆိုခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.