ချိတ်ဆွဲရန်စာတန်း: News-Rivian-EV-Production-JobsInYangon
Rivian မှ ၎င်းတို့ရဲ့လျှပ်စစ်ကားထုတ်လုပ်မှုကို ၂၀၂၃ ခုနှစ်အထိ ရွှေ့ဆိုင်းမှာဖြစ်ကြောင်း ကြေငြာ
Rivian မှ ပုံမှန် standard “large” battery pack ပါဝင်မည့် လျှပ်စစ်ကားများကို ယခုနှစ်တစ်လျှောက်လုံးတွင် ထုတ်လုပ်သွားဖို့ စီစဉ်ထားတဲ့အတွက် ၎င်းတို့ရဲ့ “Max Pack” battery option ပါဝင်မည့် R1T pickup truck များကို ၂၀၂၃ ခုနှစ်တွင်မှ စတင်တည်ဆောက်သွားမှာဖြစ်တယ်လို့ ကြေငြာချက်တစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။
CEO ဖြစ်သူ RJ Scaringe မှ ရေးသားခဲ့တဲ့ e-mail တစ်စောင်တွင် ကုမ္ပဏီမှ မော်ဒယ်ပိုမိုမြင့်မားတဲ့ “Adventure Package” truck များကို ပုံမှန်ဘက်ထရီဆိုဒ်များဖြင့် ဦးစွာရောင်းချသွားဖို့ရှိနေပြီး ပိုမိုကြီးမားတဲ့ ဘက်ထရီဆိုဒ်ဖြင့်ထွက်ရှိလာမည့် ဈေးနှုန်းသက်သာတဲ့ “Explorer Package” များကိုတော့ နောက်ပိုင်းတွင်မှ ရောင်းချသွားမှာဖြစ်တယ်လို့ ရေးသားထားကြောင်း သိရှိရပါတယ်။
Rivian ကုမ္ပဏီမှ ၎င်းတို့ရဲ့ truck ကားများကို ၂၀၁၈ ခုနှစ်တွင် စတင်ချပြခဲ့စဉ်က ခန့်မှန်းခြေအားဖြင့် မိုင်ပေါင်း ၄၀၀ ခန့်မောင်းနှင်နိုင်သော 180kWh ပါဝင်တဲ့ Max Pack များဟာ အကြီးမားဆုံး selling point တစ်ခုဖြစ်ခဲ့ပါတယ်။ Standard truck များတွင်ထည့်သွင်းတည်ဆောက်ထားတဲ့ “large” battery pack ဟာတော့ ခန့်မှန်းခြေအားဖြင့် ၃၁၄ မိုင်ခန့်သာ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ Rivian ရဲ့ဈေးကွက်ပစ်မှတ်တစ်ခုဖြစ်တဲ့ off-road ကားမောင်းနှင်သူနှင့် စွန့်စားခန်းဖွင့်ချင်သူများအတွက်တော့ အပိုမောင်းနှင်နိုင်တဲ့ မိုင်တိုင်းဟာ အရေးပါလျှက်ရှိနေပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။