by www.jobsinyangon.com
ချိတ်ဆွဲရန်စာတန်း: Knowledge-Role-Directing-Director-JobsinYangon
လမ်းညွှန်ဦးဆောင်မှုပြုလုပ်ခြင်းလုပ်ငန်းဆောင်တာ၏ အခန်းကဏ္ဍများ
လမ်းညွှန်မှုပေးခြင်း (သို့) လမ်းညွှန်ဦးဆောင်မှုပြုလုပ်ခြင်းလုပ်ငန်းဆောင်တာများသည် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်၏ အဓိက အရေးပါသောအရာတစ်ခုဖြစ်ပြီး ထို့အတွက်ကြောင့် ထိုအရာသည်ရည်ရွယ်ချက်များအောင်မြင်မှုရှိစေရန်အတွက် ပင်မနေရာ တွင်တည်ရှိနေပါသည်။ ဒဿနပညာရှင်အချို့ကလမ်းညွှန်မှုပေးခြင်းအား “လုပ်ငန်းတစ်ခု၏အသက်မီးပွားတစ်ခု” ဟုတင်စား ခေါ်ဝေါ်ကြပါသည်။ ထိုအရာသည်လုပ်ငန်းတစ်ခု၏ လုပ်ဆောင်ချက်များ အမှန်တကယ်စတင်သော နေရာတစ်ခုဖြစ်သော ကြောင့် ထိုအရာအားစီမံခန့်ခွဲမှု၏ လမ်းညွှန်မှုပေးနေသော လုပ်ဆောင်ချက်တစ်ခုဟုလည်း ခေါ်ဝေါ်နိုင်ပါသည်။ လုပ်ငန်း တစ်ခု၏ ပင်မပြယုဂ်တစ်ခုဖြစ်နေခြင်းအားဖြင့် ထိုအရာသည် ပါဝင်ပတ်သက်နေသောအရာများကို အောက်ပါအကျိုးရလာဒ် များရရှိစေပါသည်။
၁။ ထိုအရာသည်လုပ်ဆောင်ချက်များကိုစတင်ပေးပါသည် - လမ်းညွှန်မှုပေးခြင်းသည် လက်အောက်ငယ်သားများ၏ လုပ်ငန်းစွမ်းဆောင်မှု၏ စမှတ်တစ်ခုဖြစ်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။ ထိုလုပ်ဆောင်ချက်မှ လုပ်ရပ်များကို စတင်ဖြစ်ပေါ်စေမည်ဖြစ်ပြီး လက်အောက်ငယ်သားများမှ သူတို့၏အလုပ်တာဝန်များကို နားလည်သိရှိစေရန်နှင့် ညွှန် ကြားချက်များချမှတ်ထားသည့်အတိုင်းလုပ်ဆောင်နိုင်စေရန်ပြုလုပ်ပေးပါသည်။ ဘယ်လိုမျိုးအစီအစဉ်များကိုမဆိုချမှတ် ရာတွင် အမှန်တကယ်လုပ်ငန်းမစတင်မှီတွင် အကောင်အထည်ဖော်ကာ ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို နည်းအားဖြင့် အဆိုပါလမ်းညွှန်မှုများသည် အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ပါသည်။
၂။ ထိုအရာသည် ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစည်းပေးပါသည် - လမ်းညွှန်မှုပေးခြင်းအားဖြင့် အထက်လူကြီး များမှ သူတို့၏လက်အောက်ငယ်သားများအားအလုပ်လုပ်ဆောင်ရန်အတွက်စိတ်အားတက်ကြွမှုဖြစ်ပေါ်စေရန် လှုံ့ဆော် မှုပေးနိုင်ပြီး၊ လမ်းညွှန်မှုများပေးနိုင်မည်ဖြစ်ပါသည်။ ထိုအရာအတွက် လူတစ်ဦးတစ်ယောက်တိုင်း၏ ရည်မှန်းချက်အား ရရှိအောင်မြင်ရန်ကြိုးစားအားထုတ်မှုများကိုလိုအပ်မည်ဖြစ်ပါသည်။ လမ်းညွှန်မှုအားဖြင့်ဌာနတိုင်း၏ကြိုးပမ်းအားထုတ် မှုများကို အပြန်အလှန်ဆက်စပ်မှုနှင့်ပေါင်းစည်းမှုရှိစေနိုင်မည်ဖြစ်ပါသည်။ ထိုအရာကိုဖြစ်ပေါ်လာစေရန်အတွက် နားဝင် အောင်ပြောဆိုနိုင်သည့် ဦးဆောင်ဦးရွက်ပြုမှုနှင့် ထိရောက်မှုရှိသောဆက်သွယ်ပြောဆိုမှုတို့အားဖြင့်ပြုလုပ်နိုင်မည်ဖြစ်ပါ သည်။ ကြိုးပမ်းအားထုတ်မှုများကိုပေါင်းစည်းပေးခြင်းအားဖြင့် ပက်သက်ဆက်စပ်နေသောအရာများတွင် ထိရောက်မှုရှိ ခြင်းနှင့် တည်ငြိမ်မှုရှိခြင်းတို့အားဆောင်ကြဉ်းနိုင်မည်ဖြစ်ပါသည်။
၃။ စိတ်အားတက်ကြွစေမည့်နည်းလမ်းများ - လမ်းညွှန်ပြသမှုလုပ်ငန်းဆောင်တာသည် ရည်ရွယ်ချက်များအောင်မြင် စွာဆောင်ရွက်နိုင်စေရန်အတွက် အကူအညီပေးပါသည်။ မန်နေဂျာတစ်ဦးသည် စိတ်အားတက်ကြွစေရန်ဆောင်ရွက်နိုင် မည့်အချက်အလက်များကိုအသုံးပြုကာ လက်အောက်ငယ်သားများ၏လုပ်ငန်းစွမ်းဆောင်ရည်အားတိုးတက်စေရန်လုပ် ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။ ထိုအရာအားဖြစ်ပေါ်လာစေရန်အတွက် အကျိုးခံစားခွင့်များသို့မဟုတ် နစ်နာကြေးများ ပေးအပ်ခြင်း - ငွေရေးကြေးရေးအရဖြစ်စေ၊ ငွေရေးကြေးရေးမပါဝင်သော အကျိုးကျေးဇူးများကိုဖြစ်စေ ပေးအပ်ခြင်း အားဖြင့်ပြုလုပ်နိုင်ပြီး ထိုအရာများသည် လက်အောက်ငယ်သားများအတွက် “စိတ်အားတက်ကြွစေမည့်အရာများ” အဖြစ်ဆောင်ရွက်ပေးနိုင်ပါသည်။ စိတ်အားတက်ကြွစေရန်ပြုလုပ်ပေးခြင်းသည် လက်အောက်ငယ်သားတို့အားသူတို့အနေ ဖြင့်အကောင်းဆုံးစွမ်းဆောင်မှုများပြုလုပ်နိုင်စေရန်အကူအညီပေးနိုင်ပြီး ကြီးထွားတိုးတက်ဖို့ရာတွင် အထောက်အပံ့ဖြစ် စေနိုင်ပါသည်။
၎။ တည်ငြိမ်မှုကိုရရှိစေခြင်း - အရေးပါသောအရာများတွင် တည်ငြိမ်မှုနှင့် ဟန်ချက်ညီမှုရရှိစေရန်အတွက်မှာ ရေရှည် ဈေးကွက်အတွင်း ရှင်သန်နိုင်ရန်အတွက် အလွန်ပင်အရေးပါလာလျှက်ရှိနေပါသည်။ ထိုအရာကိုရရှိစေရန်အတွက်မန်နေ ဂျာများမှ လမ်းညွှန်မှုလုပ်ဆောင်ချက်၏ အထောက်အကူပစ္စည်း ၄မျိုး၏အကူအညီဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထိုအရာများမှာ - ကောင်းမွန်သောဆုံးဖြတ်ချက်များချမှတ်ခြင်းတို့ပါဝင်သော နားဝင်အောင်ပြောဆိုနိုင်စွမ်းရှိသည့်ခေါင်း ဆောင်မှု၊ ထိရောက်သောပြောဆိုဆက်သွယ်မှုရှိခြင်း၊ တင်းကြပ်သောကြီးကြပ်ကြည့်ရှုမှုနှင့် ထိရောက်သောစိတ်အား တက်ကြွမှုရှိစေရန်ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။ တည်ငြိမ်မှုရှိခြင်းသည် လုပ်ငန်းတစ်ခု၏ကြီးထွားတိုးတက်မှုကိုပြသ နေသောညွှန်းကိန်းတစ်ခုဖြစ်နေသောကြောင့် အလွန်အရေးပါလျှက်ရှိပါသည်။ ထို့ကြောင့်မန်နေဂျာတစ်ဦးသည် လုပ်ငန်း စွမ်းဆောင်ရည် စံသတ်မှတ်ချက်များအား ထိန်းသိမ်းထားနိုင်ရန်အတွက် သူ့ထံတွင်ရှိသော အဆိုပါအချက် ၄ချက်အား အသုံးပြုရမည်ဖြစ်ပါသည်။
၅။ အပြောင်းအလဲများနှင့်ကိုက်ညီမှုရှိစေရန်ဆောင်ရွက်ခြင်း - လူသားတို့အနေဖြင့်ပြောင်းလဲရန်မလိုလားသောအရာ မှာ အမူအကျင့်များဖြစ်ပါသည်။ ပြောင်းလဲနေသောပတ်ဝန်းကျင်နှင့်အညီကိုက်ညီမှုရှိနိုင်ခြင်းသည် စီစဉ်မှုပြုလုပ်ထား သော ကြီးထွားတိုးတက်စေမှုများကို တည်တံ့မှုရှိစေရန်နှင့် ဈေးကွက်ဦးဆောင်သူတစ်ဦးဖြစ်လာစေရန်အတွက်တွင် အကူအညီပေးနိုင်ပါသည်။ အတွင်းပိုင်းတွင်သာမက အပြင်ပိုင်းတွင်ပါ ပတ်ဝန်းကျင်ရှိအပြောင်းအလဲများနှင့်ကိုက်ညီမှုရှိ စေရန်အတွက် အသုံးဝင်စေမည်မှာ လမ်းညွှန်ဦးဆောင်မှုလုပ်ဆောင်ချက်ပင်ဖြစ်ပါသည်။ ဤနေရာတွင် ဝန်ထမ်းများကို အပြောင်းအလဲများ၏ သဘောသဘာဝများနှင့် ပါဝင်သောအရာများကိုရှင်းလင်းပြောဆိုရန်မှာ မန်နေဂျာများ၏ အခန်း ကဏ္ဍတစ်ခုဖြစ်ပါသည်။ ဥပမာအားဖြင့်အရေးပါသောအကြောင်းအရာတစ်ခုမျာ လက်ယက္ကန်းများမှ စက်ယက္ကန်းများသို့ ပြောင်းလဲသွားခြင်းဆိုပါက အဓိကကျသော ကုန်ထုတ်လုပ်မှုနည်းစနစ်ပြောင်းလဲသွားခြင်းဖြစ်ပေါ်လျက်ရှိပြီဖြစ်ပါသည်။ ရလာဒ်အနေဖြင့် ပိုမိုနည်းပါးသော လုပ်သားအင်အားနှင့် ပိုမိုများပြားလာမည့်စက်ပစ္စည်းများဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ထိုအရာကို လက်အောက်ငယ်သားများမှဆန့်ကျင်လာနိုင်ကြမည်ဖြစ်ပါသည်။ မန်နေဂျာများအနေဖြင့် အဆိုပါပြောင်းလဲ မှုသည် လက်အောက်ငယ်သားများအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်းကိုရှင်းလင်းပြောဆိုရမည်ဖြစ်ပါသည်။ စက် ပစ္စည်းများ ပိုမိုများပြားလာမည်ဖြစ်သော်လည်း ကုန်ထုတ်လုပ်မှုတိုးတက်လာမည်ဖြစ်ပြီး ထို့အတွက်ကြောင့်အကျိုးအ မြတ်များပိုမိုရရှိမည်ဖြစ်ပါသည်။ တိုက်ရိုက်သက်ဆိုင်မှုမရှိသော်လည်း လက်အောက်ငယ်သားများအနေဖြင့်ပိုမိုမြင့်မား သောလစာငွေများကဲ့သို့သော အကျိုးခံစားမှုများကိုရရှိစေနိုင်မည်ဖြစ်ကြောင်းကို ရှင်းလင်းပြောဆိုရမည်ဖြစ်ပါသည်။
၆။ အရင်းအမြစ်များကို ထိရောက်မှုရှိစွာ အသုံးချနိုင်မှု - ဘဏ္ဍာရေးဆိုင်ရာလမ်းညွှန်မှုပေးခြင်းသည် လက်အောက်ငယ် သားတစ်ဦးခြင်းစီအား သူတို့အလုပ်၏အခန်းကဏ္ဍကို ရှင်းလင်းစွာဖော်ပြနိုင်စေရန်အတွက် ကူညီပေးစေနိုင်ပါသည်။ အလဟသတ်ဖြစ်မှုများမရှိသည့်အခါတွင်မှ အရင်းအမြစ်များအား သင့်လျော်စွာအသုံးချနိုင်မည်ဖြစ်ကာ ကြိုးပမ်းအား ထုတ်မှုများထပ်နေမှု၊ လုပ်ဆောင်ချက်များထပ်နေမှု၊ အစရှိသည်တို့ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ လမ်း ညွှန်မှုပေးခြင်းအားဖြင့် လက်အောက်ငယ်သားများမှ သူတို့ပါဝင်ဆောင်ရွက်ရမည့်အခန်းကဏ္ဍကို ပိုမိုရှင်းလင်းစွာသိမြင် စေလာနိုင်ရန်အတွက် မန်နေဂျာများမှ ကြီးကြပ်ကြည့်ရှုပေးခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ညွှန်ကြားချက်ပေးခြင်းနှင့် စိတ် အားတက်ကြွမှုရှိစေရန်အားပေးခြင်းကဲ့သို့သော ကျွမ်းကျင်မှုများဖြင့် လက်အောက်ငယ်သားများကို လှုံ့ဆော်မှုပြုလုပ် ပေးရမည်ဖြစ်ပါသည်။ ထိုအရာက ဖြစ်နိုင်သမျှ အမြင့်ဆုံး လူသားအရင်းအမြစ်များ၊ စက်ပစ္စည်းများ၊ ကုန်ကြမ်းများ၊ နှင့် ငွေကြေးတို့ကို အသုံးချနိုင်မှုကိုဖြစ်ပေါ်စေပြီး ကုန်ကျစားရိတ်လျှော့ချနိုင်ရန်နှင့် အကျိုးအမြတ်များပိုမိုရရှိစေရန်အတွက် အကူအညီပေးနိုင်မည်ဖြစ်ပါသည်။
အထက်ပါဆွေးနွေးချက်များအရ လမ်းညွှန်မှုပြုလုပ်ခြင်းသည် အမှန်တကယ်ပင် စီမံခန့်ခွဲမှု၏ ပင်မအဓိကနှလုံးသားတစ်ခု ဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။ လူ့ခန္ဓာကိုယ်တွင် နှလုံးသားသည် အဓိကအရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး သွေးများကို လုပ်ဆောင်ချက်တစ်ခု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်ခန္ဓာကိုယ်အနှံ့ရောက်ရှိစေရန်အတွက်လုပ်ဆောင်ပေး လျက်ရှိပါသည်။ ထို့နည်းတူစွာပင် လမ်းညွှန်မှုပြုလုပ်ခြင်းသည် လက်အောက်ငယ်သားတို့ကို သူတို့၏စွမ်းဆောင်ရည်များ အရ အကောင်းဆုံးဆောင်ရွက်လုပ်ဆောင်နိုင်စေရန်အကူအညီပေးနေသကဲ့သို့ပင် ကောင်းမွန်သောပတ်ဝန်းကျင်ကိုလည်း ဖြစ်ပေါ်စေပါသည်။ မန်နေဂျာများမှ လမ်းညွှန်မှုတွင်ပါဝင်သော အဓိကအချက် ၄ချက်ကို အသုံးပြုခြင်းအားဖြင့် မှန်ကန်၍ ကောင်းမွန်စွာဖြင့် အလုပ်ပြီးမြောက်စေမှာဖြစ်ပါတယ်။ Earnest Dale ၏ပြောဆိုမှုအရ “လမ်းညွှန်မှုဆိုသည်မှာ ချမှတ်ထား သောလုပ်ငန်းစဉ်များနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စံသတ်မှတ်ထားသောလုပ်ငန်းစွမ်းဆောင်ရည်အားရရှိရန်အတွက် ဘယ်လိုအရာတွေကို ဘယ်လိုလုပ်ကိုဆောင်ရွက်ရမည်ဆိုသည့်အရာဖြစ်ပါသည်။” ထို့ကြောင့် လမ်းညွှန်မှုပြုလုပ်ခြင်းသည် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်၏ အနှစ်သာရဟုလည်းခေါ်ဆိုနိုင်ပါသည်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Nilar Group Of Companies
VISION
Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions.
• To provide our b...
Show the postings (24)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD
Translator
-Female
-Chinese language (4 Skills)
-Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group
Our HQ at Taipei, Taiwan.
The Myanmar factory i...
Show the postings (4)
Ideal Future Co., Ltd.
..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)
Ve Ve Soft Drinks Factory
..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (9)