Jobs In Myanmar
Load...

Role of Human Resource Management (HRM) in Leadership Development

by www.jobsinyangon.com


Tags: Knowledge-Leadership-Management-HR-JobsinYangon



ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးမှာ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု၏ ကဏ္ဍ

အောင်မြင်တဲ့ကုမ္ပဏီများရှိ ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေး

ယခင်ဆောင်းပါးတွေမှာတော့ အဖွဲ့အစည်းအထောက်အကူပြု လုပ်ငန်း ဆောင်ရွက်ချက် မှာ HRM(ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု) ဟာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ အထူးသဖြင့် ထိရောက်မှုရှိတဲ့ ဝန်ထမ်းစီမံခန့်ခွဲရေးဟာ ပိုကောင်းတဲ့စီးပွါးရေးဆိုင်ရာ စွမ်းဆောင်မှုတွေပြုလုပ်နိုင်ဖို့ အတွက် ဘယ်လောက်အထိဆောင်ရွက်နိုင်လဲဆိုတာနဲ့ ပါတ်သက်ပြီး လေ့လာဆန်း စစ်ခဲ့ပြီး ဖြစ်ပါတယ်။ ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့အစိတ်အပိုင်းတွေထဲမှာမှ HRM ဆောင်ရွက်တဲ့ စီမံခန့်ခွဲမှုကတော့ ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုင်တဲ့ ကဏ္ဍ ဘဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့HRM ဆိုင်ရာ ဆောင်ရွက်ချက်တွေကို လေ့လာမှုတွေအရ အဲဒီကုမ္ပဏီတွေဟာ ဒီဆောင်းပါးမှာ ဆွေးနွေးဖော်ပြထားတဲ့ ခေါင်းဆောင်မှုဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို လိုက်နာအကောင်အထည်ဖော်ခြင်းအားဖြင့် စီးပွါးရေးအရ အကျိုးအမြတ်ရရှိမှုမှာ သူတို့ရဲ့ ပြိုင်ဖက်တွေထက် ပိုမိုကောင်းမွန်နေတာ ကို တွေ့ရပါတယ်။ အောင်မြင်တဲ့ ကုမ္ပဏီတွေလို့ ဆိုတဲ့နေရာမှာ သက်ဆိုင်ရာလုပ် ငန်းအမျိုးအစားတွေမှာ သူတို့ရဲ့ အဆင့်အတန်းကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းသိမ်းထားနိုင်တဲ့ Fortune 100 List ထဲမှ ကုမ္ပဏီတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Fortune 100 List မှာ နှစ်အနည်းငယ်ကြာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီ တွေဟာ သူတို့ရဲ့ အဆင့်အတန်းကို နှစ်တွေအများကြီးကြာအောင် ထိန်းထားနိုင်လေ့မ ရှိပါဘူး။ ထို့အတွက်ကြောင့် အထက်ပါဖော်ပြပါ အောင်မြင်တဲ့ ကုမ္ပဏီအနေနဲ့ ဒီအဆင့်အတန်းမှာ အကြာကြီးထိန်းထားနိုင်တယ်ဆိုတာက သူတို့ဟာ သူတို့ရဲ့ ပြိုင်ဖက်တွေထက် ပိုမိသာလွန်အောင် စွမ်းဆောင်နိုင်ကြလို့ဘဲ ဖြစ်ပါတယ်။

ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေး၏ အစိတ်အပိုင်းများ
အောင်မြင်တဲ့ကုမ္ပဏီတွေရဲ့ ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေဟာ သူတို့ကို သူတို့စံနှုန်းတွေထဲမှာ နှစ်မြှုပ်ထားခြင်း၊ ဦးဆောင်သူတွေထံမှ မျှော်လင့်ထား တဲ့ ဆောင်ရွက်ချက်တွေကို သတ်မှတ်ထားပြီးဖြစ်ခြင်း၊ အဖွဲ့အစည်းရဲ့ အစဉ်အလာ တွေဟာ ဦးဆောင်သူတွေကိုလှုံ့ဆော်ပေးခြင်း အစရှိတဲ့ အယူအဆတွေကို လိုက်နာ ပါတယ်။ ဒါတင်မသေးဘဲ ဒီကုမ္ပဏီတွေရဲ့ စွမ်းဆောင်ရည်စီမံခန့်ခွဲမှုစနစ်( Performance management system)ကို ကုမ္ပဏီရဲ့ စီးပွါးရေးဗျူဟာ (Business Strategy) နဲ့ တွဲထားပါတယ်။ ၎င်းမှာ ရှင်းလင်းစွာအတိုချုပ်သတ်မှတ်ထားတဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဦးတည်ချက်များ (Leadership Objectives) နဲ့ စွမ်းရည်တိုးတက်ရေးလုပ်ဆောင်ချက် (Talent Development Activities) တွေလည်း ပါဝင်ပါတယ်။ အခြားနည်းနဲ့ ပြောရမယ်ဆိုရင် ရာထိုးတိုးမြှင့်ပေးခံရခြင်းတွေဟာ တစ်ဦးချင်းစွမ်းဆောင်ရည်သာမကဘဲ ဝန်ထမ်းတိုးတက်ရေးဆိုင်ရာလုပ်ဆောင်ချက် (People Development Activities ) တွေ အပေါ်မှာပါ မူတည်နေပါတယ်။ အပြန်အလှန်အားဖြင့် ထိုလုပ်ဆောင်ချက်တွေဟာလည်း ကုမ္ပဏီရဲ့စီးပွါးရေးဗျူဟာ နဲ့ ဦးတည်ချက်တွေနဲ့ ဆက်နွယ်နေပါတယ်။

အောင်မြင်တဲ့ကုမ္ပဏီတွေမှာ ခေါင်းဆောင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေဟာ နားလည်ရ လွယ်ကူပြီး ရည်ရှည်အတွက် ရည်ရွယ်ချမှတ်ထားတဲ့ ဗျုဟာကျလုပ်အားစီမံမှု (Strategic Workforce Planning) မှာ မြှုပ်နှံထားတယ်လို့အဓိပ္ပါယ်သက်ရောက်တဲ့ ခေါင်းဆောင်မှုပိုင်းရာ ဆက်နွယ်မှု (Leadership Pipeline) တွေလည်း ရှိပါသေးတယ်။ ဒီကုမ္ပဏီတွေဟာ သူတို့ရဲ့ လုပ်အားကို လုပ်ငန်းခွင်မိသားစုများ(Job Families) အဖြစ် ခွဲထားပြီး အရေးကြီးတဲ့ ကဏ္ဍတွေနဲ့ တာဝန်ဝတ္တရားတွေ အတွက် ဦးဆောင်နိုင်စွမ်း ရှိသူတွေကို ရွေးချယ်ခန့်အပ်ထားပါတယ်။ ဤကုမ္ပဏီအများစုမှာ အဖွဲ့အစည်းရဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်ဆိုင်စစ်ဆေးမှုတွေအပေါ်မှာ အခြေခံပြီး ရွေးချယ်ထားတဲ့ ခေါင်းဆောင်အသစ်ဖြစ်လာနိုင်ချေရှိသူတွေကို လျာထားတဲ့စာရင်းလည်း ပုံမှန်အားဖြင့် ရှိတတ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းအသစ်တွေ ရှာဖွေခန့်အပ်ခြင်းနဲ့ လေ့ကျင့်ပေးခြင်းဟာလည်း လိုအပ်ချက်နဲ့ဖြည့်ဆည်းနိုင်မှု (Demand and Supply) ကို ရေရှည်သုံးသပ်စစ်ဆေးထားခြင်း (Long-term Analysis) အပေါ်မှာ အခြေခံပါတယ်။ အဲ့ဒီလို ပြုလုပ်ခြင်းဖြင့် ပိုပြီးအဆင့်မြင့်တဲ့ ရာထူးတွေကိုပြောင်းသွား တဲ့သူတွေကို အစားထိုးဖို့အတွက် ခေါင်းဆောင်အသစ်တွေကို ရှာဖွေခန့်အပ်ထားပြီး သားဖြစ်စေပါတယ်။

ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုလုပ်ဆောင်ချက်(HRM Function) နှင့် အကြီးတန်းစီမံခန့်ခွဲ ရေး (Senior Management) တို့ အကြား တွဲဖက်လုပ်ဆောင်မှု

အောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ HRM Functionတွေဟာ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်လာ နိုင်ချေရှိသူတွေနဲ့ တွဲဖက်လုပ်ဆောင်ပါတယ်။ ဆိုလိုသည်မှာ ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေး (People Development) လုပ်ဆောင်မှုဟာ HRM Functions သို့မဟုတ် ခေါင်းဆောင်တွေမှာဘဲ တာဝန်ရှိတာမျိးမဟုတ်ပါဘူး။  အဲ့ဒီအစား ခေါင်းဆောင်ဖြစ်လာနိုင်ချေရှိသူတွေကို သတ်မှတ်ထားပြီး သူတို့ရဲ့ စွမ်းဆောင်ရည်(အလုပ်) ဟာ အခြားဝန်ထမ်းတွေကို ရာထူးတိုးလာဖို့အတွက် ပိုပြီးကြိုးစားလာ ကြရန် တွန်းအားပေးဖို့ရည်ရွယ်ပါတယ်။ အခြားနည်းနဲ့ ပြောရမယ်ဆို ရင်တော့ အရည်အချင်းရှိသူတွေကို ဖော်ထုတ်ပြီး အနာဂါတ်ခေါင်းဆောင်လောင်းတွေ ကို ဖန်တီးရွေးချယ်တဲ့ အလုပ်ကို ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုလုပ်ဆောင်ချက်(HRM Function) နှင့် အကြီးတန်းစီမံခန့်ခွဲ ရေး (Senior Management) တို့က တွဲဖက် လုပ်ဆောင်ပါတယ်။

အောင်မြင်တဲ့ကုမ္ပဏီတွေမှာရှိတဲ့ ဝန်ထမ်းစီမံခန့်ခွဲမှု(People Management) ဟာ ကမ္ဘာ့အဆင့်ရှိတယ်ဆိုတာကို လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ဒီကုမ္ပဏီ တွေကို အခြားကုမ္ပဏီတွေနဲ့ လုံးဝကွဲပြားစေတဲ့အချက်ကတော့ ဝန်ထမ်းရေးရာစီမံ ခန့်ခွဲမှုလုပ်ဆောင်ချက် (HRM Function) ဟာ ဝန်ထမ်းရှာဖွေခန့်အပ်ရေးနဲ့ လေ့ကျင့် ပေးမှုမှာတင်မကဘဲ ဝန်ထမ်းလည်ပတ်မှု(Emplyoee Lifecycle) တစ်ခုလုံးမှာပါ ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ အချက်ဘဲဖြစ်ပါတယ်။  နောက်အချက်တစ်ခုကတော့ ဒီ ကုမ္ပဏီတွေရဲ့ ခေါင်းဆောင်တွေဟာ ၂၁ရာစု စီးပွါးရေးအခင်းအကျင်းရဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် လိုအပ်တဲ့ စွမ်းဆောင်ရည်(ကျွမ်းကျင်မှု) တွေ ရှိနေဖို့ လိုအပ်ပါတယ်။ အခြားနည်းနဲ့ ပြောရရင်တော့ အောင်မြင်တဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ အနာဂတ်ခေါင်းဆောင်တွေကို အလယ်အလတ်စီမံခန့်ခွဲမှုအဆင့် (Middle Management Level ) ကတည်းက စတင်ပျိုးထောင်ပါတယ်။

အချုပ်ဆိုရသော် ခေါင်းဆောင်မှုဆိုတာက မွေးရာပါစွမ်းရည်တွေနဲ့ အဲ့ဒီစွမ်းရည်တွေကို  ပိုင်ဆိုင်ထားတဲ့ ဝန်ထမ်းတွေကို အဖွဲ့အစည်းမှ လေ့ကျင့်ပျိုးထောင်ပေးမှုတွေကို ပေါင်းစပ် ထားခြင်းဘဲ ဖြစ်ပါတယ်။ ထို့ကြောင့် သဘာဝနဲ့ လေ့ကျင့်မှု အကြား အပြန် အလှန်သက်ရောက်မှုဟာ  အောင်မြင်မှုကို သတ်မှတ်ပေးတဲ့ အချက်ဘဲဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီကုမ္ပဏီတွေမှာ ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုလုပ်ဆောင်ချက်(HRM Function) နှင့် အကြီးတန်းစီမံခန့်ခွဲ ရေး (Senior Management) တို့ရဲ့ ကြိုးပမ်းမှုကြောင့်ဘဲ ဖြစ်နိုင်ပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)
ABC Convenience Store

ABC Convenience Store

With over 70 stores giving access to our customers and suppliers the opportunity to leverage their product on our network. We stress on providing and maintaining highest standard in product quality an...
Show the postings (6)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

Polyconcept Hong Kong Ltd

Polyconcept Hong Kong Ltd

Skills training related with job; 2. International working environment; 3. Career development in different domain and places; 4. Opportunities to work in different cities and countries; 5. 15 annu...
Show the postings (1)
Elabram Systems CO., LTD.

Elabram Systems CO., LTD.

Our in-depth understanding of our customers' requirements allow us to deliver quality solutions and maintain long-term relationship. Elabram believes in integrity and effective management with an empo...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS