by www.jobsinyangon.com
ချိတ်ဆွဲရန်စာတန်း: Knowledge-Roles-Responsibilities-SalesManager-JobsInYangon
Sales Manager တစ်ဦးရဲ့ တာဝန်နှင့် ဝတ္တရားများ
Sales Manager တစ်ဦးဟာ လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်တဲ့ အဓိကျတဲ့ ရာထူးနေရာတစ်ခုမှာ တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။ ထိုသူဟာ Sales Target များပြည့်မှီအောင်ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းအဖွဲ့အစည်းတစ်ခုရဲ့ အမြတ်ငွေရရှိရေးတွင် အဓိကကျတဲ့နေရာက ပါဝင်ဆောင်ရွက်နေရမှာဖြစ်တဲ့အတွက် Sales Manager များအဖြစ် တာဝန်ထမ်းဆောင်နေသူများဟာ မိမိတို့ရဲ့ လုပ်ငန်းအဖွဲ့အစည်းအတွင်း မိမိတို့ပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍကို ကောင်းစွာသိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ သူ့အနေနဲ့ မိမိတို့အလုပ်လုပ်ကိုင်နေတဲ့လုပ်ငန်းအတွင်း မည်သည့်အရာများကိုဆောင်ရွက်ထားဖို့လိုအပ်သလဲဆိုတာကို သိရှိပြီးသားဖြစ်နေဖို့ လိုအပ်ပါတယ်။
Sales Manager များတာဝန်ယူဆောင်ရွက်ရမည့် တာဝန်များနှင့် ဝတ္တရားများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -
• Sales Manager တစ်ဦးဟာ Organization မှ ချမှတ်လိုက်တဲ့ Sales Target များပြည့်မှီမှုရှိစေရန်အတွက် ထိရောက်တဲ့စီစဉ်မှုနှင့် ငွေကြေးစီမံခန့်ခွဲမှုများကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
• Sales Manager များဟာ တစ်ယောက်တည်းအလုပ်လုပ်၍ မရနိုင်ပါဘူး။ မိမိတို့ရဲ့ သက်ဆိုင်ရာ Sales Team များထံမှ ကူညီပံ့ပိုးမှုများကိုလည်းလိုအပ်ပြီး Organization ရဲ့ ရည်မှန်းချက်များနဲ့ ရည်ရွယ်ချက်များထံသို့ ရောက်ရှိနိုင်စေဖို့အတွက် အဖွဲ့ဝင်တစ်ဦးချင်းစီထံမှ အကောင်းဆုံးကြိုးစားအားထုတ်မှုများကို လိုအပ်မှာဖြစ်ပါတယ်။ ထိုသူဟာ Sales Executive များနဲ့ အခြားသော Sales Representative များထံသို့ Sales Target များချမှတ်သတ်မှတ်ပေးရမည့်သူလည်းဖြစ်ပြီး Sales Manager တစ်ဦးအနေနဲ့ အဆိုပါချမှတ်ပေးလိုက်တဲ့ Target များဟာ လက်တွေ့ဆန်ပြီး ရရှိအောင်ဆောင်ရွက်နိုင်စွမ်းရှိနေဖို့ကိုလည်း သေချာစွာစစ်ဆေးပြီးမှ ချမှတ်ပေးရမှာဖြစ်ပါတယ်။
• Sales Manager တစ်ဦးအနေနဲ့ မည်သူကတော့ ဘယ်အလုပ်ကို အထိရောက်ဆုံးစွမ်းဆောင်နိုင်သလဲဆိုတာကို နားလည်ထားရမှာဖြစ်ပြီး ဝန်ထမ်းတစ်ဦးချင်းစီထံမှ အကောင်းဆုံးစွမ်းဆောင်ရည်များကိုလည်းထုတ်ယူအသုံးချနိုင်မည့်သူတစ်ဦးဖြစ်နေရမှာဖြစ်ပါတယ်။
• Sales Manager တစ်ဦးအနေနဲ့ Sales Target များကိုပြည့်မှီစေဖို့အတွက် လိုအပ်သော နည်းဗျူဟာများနဲ့ နည်းစနစ်များကိုလည်း ကြံဆပေးဖို့လိုအပ်ပြီး သူဟာ သူ့အဖွဲ့သားများနောက်ထပ်ပြုလုပ်ရမည့်အရာများကို အဆုံးအဖြတ်ပေးရမည့်သူတစ်ဦးလည်း ဖြစ်ပါတယ်။
• Customer (ဝယ်ယူအားပေးသူ) ဖြစ်လာနိုင်သူများအား ရှာဖွေဖော်ထုတ်ပြီး Organization အတွက် Sales Lead များကို ရှာဖွေပေးဖို့ဟာလည်း Sales Manager တစ်ဦးရဲ့တာဝန်ပဲဖြစ်ပါတယ်။ ထိုသူဟာ Organization အတွက် အကျိုးရှိစေမယ့် အခွင့်အလမ်းအသစ်များကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ်။
• Sales Manager များဟာ Brand တစ်ခုရဲ့ Promotion များအတွက်လည်း တာဝန်ရှိသူများဖြစ်ကြပါတယ်။ သုံးစွဲသူများအကြား သူတို့ရဲ့ထုတ်ကုန်များ ပေါ်ပြူလာဖြစ်လာစေရန်အတွက် ပြုလုပ်ပေးဖို့တွင်လည်း တာဝန်ယူထားရမှာဖြစ်ပါတယ်။ Banner များချိတ်ဆွဲခြင်း၊ နံရံကပ်ကြော်ငြာများနှင့် အခြားသောကြော်ငြာမှုအမျိုးမျိုးအတွက် ဆောင်ရွက်မှုများကို ပြုလုပ်ခြင်းတို့တွင်လည်း လိုအပ်တဲ့ဆွေးနွေးမှုများကို ပါဝင်ပြုလုပ်ရမှာဖြစ်ပါတယ်။
• Sales Manager တစ်ဦးအနေနဲ့ မိမိတို့ရဲ့ team member များ စိတ်အားတက်ကြွမှုရှိနေစေရန်အတွက် motivate ပြုလုပ်ပေးနိုင်ဖို့ဟာလည်း အရေးကြီးပါတယ်။ သူ့ရဲ့ team ဟာ အဖွဲ့တစ်ခုအနေနဲ့ တူညီတဲ့ ရည်မှန်းချက်တစ်ခုအတွက် ညီညွှတ်စွာဆောင်ရွက်မှုရှိကြစေရန်အတွက် Sales Manager မှ ဦးဆောင်ဦးရွက်ပြုပေးနိုင်ရမှာဖြစ်ပြီး အဖွဲ့အတွင်းရှိ တစ်ဦးနှင့်တစ်ဦးအကြား သင့်မြတ်မှုရှိနေကြစေရန်အတွက် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင်ထိုက်သင့်လျှောက်ပတ်တဲ့ ငွေကြေးဆိုင်ရာအကျိုးခံစားခွင့်များနှင့် incentive များကိုပေးအပ်၍ အရောင်းဝန်ထမ်းများအနေနဲ့ ပိုမို၍ကြိုးစားမှုရှိလာကြစေရန် အားပေးရမှာဖြစ်ပြီး ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပါကလည်း သင့်တော်တဲ့ ထုတ်ဖော်ချီးမွမ်းမှုများကို ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
• မိမိတို့အုပ်ချုပ်နေတဲ့ Sales Team က ကောင်းမွန်တဲ့ရလာဒ်များကို ဆောင်ကြဉ်းပေးနိုင်ဖို့ဟာလည်း Sales Manager တစ်ဦးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဝန်ထမ်းများကို လိုအပ်တဲ့ကြီးကြပ်ကွပ်ကဲမှုများပြုလုပ်ပေးဖို့ဟာလည်း အရေးကြီးတဲ့တာဝန်တစ်ခုဖြစ်ပြီး ဝန်ထမ်းများရဲ့စွမ်းဆောင်ရည်များကို စနစ်တကျစာရင်းပြုစုခြင်း၊ အရောင်းဝန်ထမ်းတစ်ဦးစီတိုင်းဟာ Organization မှမျှော်မှန်းထားသည့်အတိုင်း ပြုမူနေထိုင်မှုရှိကြစေရန်အတွက် ကြီးကြပ်ခြင်းတို့ကိုပြုလုပ်၍ အရောင်းဝန်ထမ်းများမှ တင်ပြပေးလာမည့် report များကို နေ့စဉ်၊ အပတ်စဉ် (သို့) လစဉ်အားဖြင့် စောင့်ကြည့်စစ်ဆေးမှုများကိုပြုလုပ်၍ ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့သူများကို ချီးမြှင့်မြှောက်စားခြင်းနှင့် ကောင်းမွန်စွာမစွမ်းဆောင်နိုင်ခဲ့သောသူများနှင့် တစ်ဦးချင်းတွေ့ဆုံမှုများကိုပြုလုပ်၍ သူတို့ကြုံတွေ့နေရတဲ့အခက်အခဲများကို နားထောင်ခြင်းနှင့် ပြေလည်အောင်ဖြေရှင်းပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
• Sales Manager များဟာ Sales Team အတွက် အဓိကကျတဲ့ဆုံးဖြတ်ချက်များကို ပြုလုပ်ရတဲ့သူတစ်ဦးဖြစ်သလို ခက်ခဲတဲ့အခြေအနေများအတွင်းတွင်လည်း သူဟာ သူ့ရဲ့အဖွဲ့သားများရဲ့ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးနိုင်ရမည့်သူတစ်ဦးဖြစ်နေသင့်ပါတယ်။
• Sales Manager တစ်ဦးဟာ မိမိတို့အုပ်ချုပ်နေရတဲ့ အဖွဲ့ဝင်များအတွက် စံနမူနာကောင်းတစ်ခုဖြစ်နေသင့်ပြီး လေးစားထိုက်တဲ့အမူအကျင့်များနှင့် အပြုမူများလည်း ရှိနေဖို့လိုအပ်ပါတယ်။
• Sales Manager များဟာ ကုန်ပစ္စည်းများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ရောင်းချခြင်းအပြင် ရှိပြီးသား client များနှင့် ကောင်းမွန်တဲ့ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်းတို့ကိုလည်း ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Client Relationship Management ဟာလည်း သူ့ရဲ့ အဓိကလုပ်ဆောင်ရမည့် Key Responsibility တစ်ခုဖြစ်ပါတယ်။
• Sales Manager တစ်ဦးအနေနဲ့ လိုအပ်တဲ့ဒေတာအချက်အလက်များနှင့် မှတ်တမ်းများကိုလည်း အနာဂါတ်တွင်ပြန်လည်မှီညမ်း၍ရနိုင်စေရန်အတွက် သေချာစွာသိမ်းဆည်းထားရမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
M9 Public Co., Ltd.
M9 Public Co., Ltd.’s 21st Century Vision is ‘’To be the best distributor for promoting customer living standards by offering high quality and modern products, together with great customer servi...
Show the postings (11)
Myanmar First Asia Group
The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
Myanmar Marketing Research & Development, Ltd. (MMRD)
What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
Myint Dachan Co.,LTD.
.Mission
Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
AA Medical Products
Our headquarters office is in Yangon and we have the branch offices in Mandalay, Myintkyina, Mawlamyine, Taunggyi, Lashio, Magwe, Sittwe, Kalay, Meik, Dawei, Pathein and Nay Pyi Taw.We have over 700 e...
Show the postings (1)