Jobs In Myanmar
Load...

လိုအပ်ချက် (Need) နှင့် ကိုက်ညီမှု (Fit) တို့ကြောင့် ရောင်းချမှုကို ငြင်းဆိုခြင်းများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Sales-Objections-Career-JobsinYangon



လိုအပ်ချက် (Need) နှင့် ကိုက်ညီမှု (Fit) တို့ကြောင့် ရောင်းချမှုကို ငြင်းဆိုခြင်းများ

၁။ “ငါ မင်းတို့ရဲ့ကုမ္ပဏီကို လုံးဝမကြားဖူးပါဘူး”

ဒီငြင်းဆိုမှုကိုပိုမို၍အချက်အလက်များပြောပြစေရန်တောင်းဆိုမှုတစ်ခုအနေဖြင့်ရှုမြင်ပါ။ လုပ်ငန်းတစ် ခုအကြောင်း တိုတောင်းစွာပြောဆိုမည့်အစား သင့်ထံမှ ပေးရတဲ့တန်ဖိုးနဲ့အညီ ဘာတွေကို ပြန်ပြီးပေး အပ်နိုင်မလဲဆိုတာကို မြန်မြန်ဆန်ဆန်နဲ့ အတိုချုံးရှင်းပြမှုတစ်ခုပြုလုပ်ပေးပါ။ 
“ဥပမာ - ကျွန်ုပ်တို့ရဲ့ကုမ္ပဏီဟာ သင့်ကဲ့သို့ ထုတ်ဝေသူများရဲ့ကိုယ်စား ကြော်ငြာနေရာများကို ရောင်းချ ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သင့်လုပ်ငန်းရဲ့ ရောင်းချမှုပုံစံနမူနာတစ်ခုအကြောင်းကို သင်နဲ့ အတူဆွေးနွေးကာပြောဆိုကြည့်ပြီး ကျွန်ုပ်တို့ဖက်မှကူညီပေးနိုင်သလားဆိုတာကို ကြည့်ရှုလိုပါတယ်။”

၂။ “ငါတို့ဟာ ဒီ X နေရာတစ်ခုမှာ အလွန်ကောင်းမွန်စွာလုပ်ဆောင်နေပါတယ်”

အကယ်၍ သင်ဟာဒီလိုမျိုးငြင်းပယ်ခံရပါက ပိုမိုပြီး စီစစ်မှုများပြုလုပ်ဖို့လိုအပ်ပါလိမ့်မယ်။ ဖောက် သယ်များဖြစ်လာနိုင်တဲ့သူတွေရဲ့ ရည်မှန်းချက်များဟာဘာတွေလဲ? ၎င်းတို့ဟာ ဘယ်မျှအထိ ခရီး ပေါက်ခဲ့ပြီလဲ? စသည်တို့ကိုရွေးချယ်စီစစ်ရမှာဖြစ်ပါတယ်။ 

၃။ “ငါတို့ထံတွင် ဒီလိုမျိုးလုပ်ငန်းအပေါ်ထိခိုက်နစ်နာမှုမျိုးမရှိခဲ့ပါဘူး”
ဒီငြင်းပယ်ချက်ဟာ မကြာခဏဆိုသလိုပင် ပယ်ချခြင်း၊ ဂရုမစိုက်လိုခြင်းတို့ကိုပြသသည့်အနေနဲ့ ပြောဆိုတတ်ကြပါတယ်။ ဒါမှမဟုတ် သူတို့ဟာ ပြဿနာတစ်စုံတစ်ရာနဲ့ တွေ့ကြုံရလိမ့်မယ်လို့ ထင်မှတ်မထားကြတဲ့အခါများတွင်လည်း ပြောဆိုတတ်ကြပါတယ်။ အဆုံးတွင် သူတို့ဟာ သင့်ရဲ့ ကုန်ပစ္စည်းတစ်ခုကို အမှန်တစ်ကယ်လိုအပ်မှုမရှိကြောင်း သင့်အနေနဲ့တွေ့ရှိနိုင်သော်လည်း ဒီငြင်းပယ် မှုကို စိတ်ထဲမထားလိုက်ပါနဲ့။ 

၎။ “ဒီ X ပြဿနာတစ်ခုဟာ အခုအချိန်မှာ အရေးမကြီးသေးပါဘူး” 
တစ်ခါတစ်ရံတွင် အလွန်ရိုးရှင်းသော “အို” ဟူသည့် အာမေဠိတ်တစ်လုံးဟာ သင့်ထံမှ ဝယ်ယူသုံစွဲသူဖြစ် လာနိုင်သည့်သူတစ်ဦးမှ စကားစမြည်စတင်ပြောဆိုလာဖို့အတွက် လုံလောက်ပါတယ်။ ထပ်တလဲလဲ ကြားနေရသောအရာများထက် ဒီလိုအပ်ချက်ဟာ ဘာကြောင့်အရေးမကြီးရတာလဲဆိုတဲ့ မှန်ကန်တဲ့ အကြောင်းအရာများကိုအာရုံစိုက်ကာနားထောင်ပါ။ သင်နဲ့ပြောဆိုနေသည့်ဖက်မှအကြောင်းပြချက်များ ပေးနေခြင်းဟာ သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူတစ်ဦးဟာ ဒီအရာတစ်ခုက ပြဿနာရှိနေတယ်ဆို တာကိုနားလည်သဘောပေါက်ထားပြီး သူတို့က ထိုအရာအပေါ် အရေးတယူမရှိသည့်အပေါ် အဓိပ္ပါယ်ရှိ တဲ့အကြောင်း မိမိကိုယ်ကိုယ်နားချနေခြင်းသာဖြစ်တယ်ဆိုတာကို သဘောပေါက်ထားရပါမယ်။ ဒီအရာ ကို အလေးပေးပြောဆိုပြီး ထိုအရာကအရေးတကြီးလုပ်ဆောင်ရန်လိုအပ်ကြောင်းကိုသိရှိလာစေရန် အတွက်လုပ်ဆောင်ရပါမယ်။ 

၅။ “မင်းရဲ့ ကုန်ပစ္စည်း၊ ထုတ်ကုန်များက ငါ့အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆို တာကို ငါနားမလည်ဘူး”

ဒီအရာဟာ ငြင်းပယ်မှုအနေနဲ့ထုပ်ပိုးထားတဲ့ ပိုမို၍အချက်အလက်များပြောပြစေရန်တောင်းဆိုမှုတစ်ခု ပါပဲ။ သင်တို့ဆွေးနွေးခဲ့တဲ့ ရည်မှန်းချက်များနဲ့ စိန်ခေါ်မှုများကို ပြန်လည်အတည်ပြုပြီးနောက် သင့်ရဲ့ ကုန်ပစ္စည်း၊ ထုတ်ကုန်တစ်ခုဟာ ဒီပြဿနာတစ်စုံတစ်ရာကို ဘယ်လိုဖြေရှင်းနိုင်သလဲဆိုတာကို ရှင်းပြ ရမှာဖြစ်ပါတယ်။ 

၆။ “မင်းရဲ့ထုတ်ကုန်၊ ကုန်ပစ္စည်းတစ်ခုကို ငါနားမလည်ဘူး”
အကယ်၍ သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်တဲ့သူတစ်ဦးဟာ သင့်ရဲ့ ကုန်ပစ္စည်းတစ်ခုအကြောင်းကို အမှန်တကယ်ကို နားမလည်နိုင်သေးပါက ဒီအရာဟာ ဆိုးရွားတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ အကယ် ၍ သင့်ရဲ့ထုတ်ကုန်တစ်ခုဟာ ရှုပ်ထွေးမှုရှိပြီး အထူးပြုထားတဲ့အရာတစ်ခုဖြစ်ပါက နောက် ၂လကြာမှ  အခြားကုမ္ပဏီတစ်ခုသို့ သူတို့ထွက်ခွာသွားခြင်းပြုလုပ်ခြင်းကို ကာကွယ်ရန်အတွက် ထိုသူကို ဖယ်ထုတ် ပစ်ဖို့အတွက် အချိန်ရောက်ပြီဖြစ်ကောင်းဖြစ်နိုင်သော်လည်း ချက်ခြင်းကြီး လက်မလျှော့လိုက်ပါနဲ့ဦး သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူကို သင့်ရဲ့ထုတ်ကုန်တစ်ခုအပေါ် သူတို့နားမလည်တဲ့အပိုင်းတွေဟာ ဘာတွေလဲဆိုတာကိုမေးမြန်းပြီး ကွဲပြားတဲ့နည်းလမ်းတစ်ခုနဲ့ ပြန်လည်ရှင်းပြကြည့်ပါ။ နောက်တစ် နည်းအနေနဲ့ နည်းပညာကျွမ်းကျင်သူ (technician) တစ်ဦး (သို့) ထုတ်ကုန်တစ်ခုကို တည်ဆောက်သူ (product engineer) တစ်ဦးကို ခေါ်ဆိုပြီး သင်မကျွမ်းကျင်တဲ့အပိုင်းများကို ဖြေဆိုစေလိုက်ပါ။ 

၇။ “မင်းရဲ့အကြောင်း ကွန်ပလိန်းတွေကို ---- ကုမ္ပဏီကနေ ငါကြားခဲ့ရတယ်။” 
နှုတ်မှတစ်ဆင့် အချင်းချင်းပြောဆိုသွားတဲ့ ဝေဖန်အကဲဖြတ်မှုတွေဟာ အားကောင်းပါတယ်။ ဒီအရာက ကောင်းချီးပေးမှုတွေသော်၎င်း ကျိန်စာတစ်ခုသော်၎င်း ဖြစ်သွားနိုင်ပါတယ်။ ဝေဖန်မှုများကို အတည်ပြု ပေးလိုက်သလိုဖြစ်စေမယ့် သင့်ရဲ့ ဖြေရှင်းချက်၊ လုပ်ငန်း (သို့) ကုန်အမှတ်တံဆိပ်တစ်ခုကို ချက်ချင်း ကာကွယ်ကာငြင်းဆိုခြင်းမလုပ်မှီတွင် “ကျွန်တော့်ကို/ ကျွန်မကို ဒီဝေဖန်မှုကို ပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကိစ္စကို သက်ဆိုင်တဲ့ဌာနကို ပြောပေးပါ့မယ်” ကဲ့သို့ ဆင်တူတဲ့အရာတစ်ခုခုကို ပြောကြားပေးပါ။ 

ပြီးနောက် ကျွန်တော်တို့ဖုန်းပြောနေစဉ်အတွင်းမှာ သင့်ရဲ့ invoice ဘောက်ချာများကို ပြန်လည်ပေးအပ် သည့်အချိန် ပိုမိုမြန်ဆန်မှုရှိစေရန် ဘယ်လိုမျိုးတိုးတက်လာအောင်လုပ်ဆောင်နိုင်မလဲဆိုတဲ့ အချက် အချို့ကို နားထောင်လိုပါသလား” ကဲ့သို့သောအကျိုးရှိစေမည့်အရာများနဲ့ကမ်းလှမ်းမှုပြုလုပ်ပေးခြင်းကို နောက်ဆက်တွဲအနေနဲ့ ဆက်လက်လုပ်ဆောင်ပါ။ 
ဒီသို့ပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူတစ်ဦးနဲ့ သင့်အကြား ယုံကြည်ကိုးစားရမှုကို တည်ဆောက်နိုင်မှာဖြစ်ပြီး သင်က သူတို့ကို ကောင်းမွန်တဲ့အတွေ့အကြုံများပေးအပ်လိုက်တာနဲ့  သူတို့ ဟာ သင့်အပေါ်ပိုမိုကောင်းမွန်တဲ့ထင်မြင်ချက်များရှိလာမှာဖြစ်ပါတယ်။ 

၈။ “ငါတို့ဟာ ဒီထုတ်ကုန်တစ်ခုကို အကောင်အထည်ဖော်ဖို့မတတ်နိုင်ဘူး” 

ဒီငြင်းပယ်မှုဟာ သဘောတူညီချက်များဖြစ်မလာစေရန်ပိတ်ဆို့နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ သင်ဘယ်လိုထုတ်ကုန်မျိုးကိုရောင်းချနေသလဲဆိုတာအပေါ်မူတည်ပြီး သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူ တစ်ဦးဟာ သူတို့လုပ်ငန်းရှိလူအရေအတွက် (သို့) အရင်းအမြစ်များကိုလွှဲပြောင်းမှုများပြုလုပ်ပြီး သင့်ရဲ့ ကမ်းလှမ်းမှုကို အပြည့်အဝအသုံးချနိုင်ရန်အတွက်လုပ်ဆောင်နိုင်ဖို့လဲဖြစ်လာနိုင်ပြီး အကယ်၍ သူတို့ အနေနဲ့ အမှန်တကယ်ကို ထိုသို့လုပ်ဆောင်နိုင်ခြင်းမရှိပါက သင့်အနေနဲ့ သူတို့ဟာ စာရင်းမှဖယ်ထုတ် လိုက်သင့်ပါတယ်။ 

အခြားနည်းလမ်းတစ်ခုကတော့ သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူရဲ့လက်ရှိတာဝန်များနှင့် နေ့စဉ်လုပ်ငန်း များကို အကဲဖြတ်ကာ သင့်ရဲ့ကုန်ပစ္စည်းကြောင့် ဘယ်လိုအလုပ်တာဝန်တွေကို ဖယ်ထုတ်လိုက်နိုင်မလဲ (သို့) ပိုမိုလွယ်ကူသွားစေမလဲဆိုတာကို လေ့လာကြည့်ရှုရမှာဖြစ်ပါတယ်။ 

၉။ “မင်းရဲ့ ထုတ်ကုန်၊ ကုန်ပစ္စည်းက အရမ်းရှုပ်ထွေးလွန်းတယ်” 

သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူဟာ ဘယ်လိုလုပ်ဆောင်ချက်တစ်စုံတစ်ရာကို နားမလည်ဘူးလဲ (သို့) ဒီထုတ်ကုန်တစ်ခုက အမှန်တစ်ကယ်ပဲ သူတို့နားမလည်နိုင်တဲ့အရာဖြစ်နေသလားဆိုတာကို ရှာဖွေဖော် ထုတ်ရမှာဖြစ်ပါတယ်။ အကယ်၍ ဒုတိယအချက်ဖြစ်နေပါက သင်ဟာ သူတို့ကိုစာရင်းမှပယ်ထုတ်ရမှာ ဖြစ်ပါတယ်။ သို့သော် ပထမအချက်ဖြစ်နေပါက အကယ်၍သူတို့အနေနဲ့ ဝယ်ယူဖို့ကိုရွေးချယ်ခဲ့ပါက သင့်ရဲ့ သုံးစွဲသူဝန်ဆောင်မှုပေးတဲ့အဖွဲ့ဟာ သူတို့ကိုအကူအညီပေးသွားမှာဖြစ်ကြောင်းနဲ့ သင်ဟာလည်း သူတို့ထံတွင်အခက်အခဲရှိလာ၍မေးမြန်းလိုပါက အမြဲတမ်းဖြေကြားပေးဖို့အသင့်ရှိနေမှာဖြစ်ကြောင်း သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူကို အသိပေးပြောကြားရပါမယ်။ 

၁၀။ “မင်းက ငါတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကိုနားမလည်ပါဘူး။ ငါက Y ကိစ္စနဲ့ပတ် သက်ပြီးအကူအညီလိုနေတာပါ၊ X ကိစ္စနဲ့ပတ်သက်ပြီး မလိုဘူး” 

သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်တဲ့သူတစ်ဦးမှသူတို့ရဲ့ပြောကြားချက်တွေကိုနားထောင်ပေးတယ်လို့ခံစားရဖို့က အရေးကြီးပါတယ်။ သူတို့ရဲ့အခြေအနေအပေါ်သင့်ရဲ့အမြင်ကို ပြန်လည်သတ်မှတ်ပြီး သင့်ဖောက် သယ်ဖြစ်လာနိုင်သူရဲ့ယူဆချက်တွေ၊လှုပ်ရှားမှုတွေနဲ့ကိုက်ညီမှုရှိအောင်ပြုလုပ်ပါ။ နားလည်မှုလွဲမှားတာ တွေတဲ့ မကျေမချမ်းဖြစ်မှုတွေဟာ သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူတစ်ဦးရဲ့ စကားလုံးများကို ပြန် လည် စီစဉ်ပြောကြားမှုပြုပေးခြင်းအားဖြင့် ဖြေရှင်းနိုင်ပါတယ်။ 

၁၁။ “မင်း ငါ့ရဲ့လုပ်ငန်းအကြောင်းကို နားမလည်ပါဘူး” 

အကယ်၍ သင်ဟာ ကုန်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်တစ်ခုကိုရောင်းချမှုပြုနေပါက သင့်ဖောက်သယ် ဖြစ်လာနိုင်သူတစ်ဦးရဲ့ လုပ်ငန်းအကြောင်းကို အနည်းငယ်တော့ တီးမိခေါက်မိရှိမှာပါပဲ။ သင်ဟာ ဆင်တူတဲ့ကုမ္ပဏီတွေနဲ့ အလုပ်အတူတွဲလုပ်ဖူးတဲ့အတွေ့အကြုံရှိကြောင်းနဲ့ တူညီတဲ့ပြဿနာများကိုလဲ ယခင်ကဖြေရှင်းခဲ့ဖူးကြောင်းကို သူတို့ဖက်မှသိရှိအောင်ပြောပြရမှာဖြစ်ပါတယ်။ 
အကယ်၍ သင်ဟာဖောက်သယ်ဖြစ်လာနိုင်သူရဲ့ ကုမ္ပဏီ (သို့) လုပ်ငန်းနယ်ပယ်တစ်ခုအပေါ် မမှန်ကန် သောယူဆမှုတစ်ရပ်ကိုပြုလုပ်မိခဲ့ပါက ဒီအရာကိုဝန်ခံဖို့မကြောက်ပါနဲ့ သင့်ရဲ့ရိုးသားပွင့်လင်းမှုကို သင့် ဖောက်သယ်ဖြစ်လာနိုင်သူဟာ သဘောကျပါလိမ့်မယ်။ “ဆောရီးပါ၊ ကျွန်တော်က X ကမှန်တယ်လို့ပဲ ယူဆထားတာ၊ ဒါပေမယ့်ဒီအရာက သင့်ရဲ့လုပ်ငန်းအတွက်တော့ကိုက်ညီမှုရှိမနေပါဘူး၊ X အကြောင်း ကျွန်တော့်ကို နည်းနည်းလောက်ပြောပြပေးနိုင်မလား” လိုပြောပေးပါ။ 

၁၂။ “မင်းရဲ့ထုတ်ကုန်မှာ X လုပ်ဆောင်ချက်တစ်ခုပါမလာဘူး၊ ငါတို့က ဒါကိုလိုအပ်တယ်” 

သင့်ရဲ့ထုတ်ကုန်တစ်ခုနဲ့ တွဲဖက်ကာ ဖြည့်စွက်အသုံးပြုနိုင်တဲ့ ထုတ်ကုန်တစ်ခုကို အကြံပြုကြည့်ပါ။ အကယ်၍ ဒီလိုအပ်မှုတစ်စုံတစ်ရာက ရှိကိုရှိရမယ့်အရာဖြစ်နေပြီး သင့်ရဲ့ထုတ်ကုန်ဟာ ဒီအရာကို ဖြေရှင်းမှု မပြုနိုင်ပါက သင့်ဖောက်သယ်ဖြစ်လာနိုင်သူဟာ ထိုအရာနဲ့ကိုက်ညီမှုရှိမှာမဟုတ်ဘူးဘူး။ ဒီ အချိန်မှာ သူ့ကိုစာရင်းမှပယ်ဖျက်ပြီး ပိုမိုကောင်းမွန်စွာကိုက်ညီမှုရှိတဲ့အခွင့်အလမ်းတစ်ခုကိုထပ်မံရှာ ဖွေဖို့ ရှေ့ဆက်ရမှာဖြစ်ပါတယ်။ 

၁၃။ “ငါတို့ဟာ လက်ရှိအခြေအနေအတိုင်းပဲ ကျေနပ်မှုရှိပါတယ်” 

အရာအားလုံးချောမွေ့မှုရှိနေတာလဲဖြစ်နိုင်ပါတယ် သို့သော်သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူတစ်ဦးထံ မှာ စိန်ခေါ်မှုတစ်ရပ်ရပ်ရှိနေဖို့ကပိုဖြစ်နိုင်ပါတယ်။ အနည်းငယ်စီစစ်မှုပြုလုပ်ကြည့်ပြီး သူတို့ထံတွင် သင့်အနေနဲ့ ဖြေရှင်းနိုင်မည့်ပြဿနာများရှိနေသလားဆိုတာကို ဆုံးဖြတ်ကြည့်ပါ ထို့နောက် ရှေ့တိုးရန် (သို့) ထိုသူများကို စာရင်းမှပယ်ဖျက်ရန်ကို သူတို့ရဲ့အဖြေများအပေါ်မူတည်ပြီးလုပ်ဆောင်ရပါမည်။ 

၁၄။ “ရင်းနှီးမြှုပ်နှံရတာနဲ့တန်တဲ့ပြန်လည်ပေးအပ်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ငါမမြင်ဘူး”

ဒီအရာက သင်ဟာ သင်ရဲ့အဆက်သွယ် (သို့) မန်နေဂျာများကို သင့်ရဲ့ ဖောက်သယ်များမှပေးအပ်လာတဲ့ ကိန်းဂဏန်းများ (သို့) သုံးစွဲသူများအလိုက်လေ့လာချက်များအရ လေးနက်စွာရှင်းပြဖို့အတွက်ပြင်ဆင်ရ တော့မယ်လို့ ပြသနေတဲ့လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ခိုင်မာတိကျတဲ့ ကိန်းဂဏန်းတွေဟာ အရာ အားလုံးထက်ပိုပြီးရောင်းအားကောင်းစေနိုင်ပါတယ်။ 

၁၅။ “X ဟာ ရေရှည်တည်မြဲမှာမဟုတ်ပါဘူး”

သင့်ဖောက်သယ်ဖြစ်လာနိုင်သူတစ်ဦးရဲ့ ကုန်ထုတ်လုပ်မှုနယ်ပယ်တွင် အသစ်အဆန်းဖြစ်တဲ့ အယူအဆ တစ်ခုကို သင့်ရဲ့ထုတ်ကုန်က စွန့်ဦးတီထွင်အသုံးပြုထားပါက ဒီငြင်းပယ်မှုကို သင်ကြားရနိုင်ပါတယ်။ ဥပမာ - social media ဟာ ယခုအခါတွင် ကောင်းမွန်တဲ့လုပ်ငန်းဗျူဟာတစ်ရပ်ဖြစ်ဖို့အတွက် လိုအပ် တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို ကျယ်ပြန့်စွာလက်ခံလာကြပြီဖြစ်ပါသော်လည်း လွန်ခဲ့သော ၇နှစ်ခန့်က ထိုအရာကို လူအများမှနှာခေါင်းရှုံ့ခဲ့ကြပါတယ်။ 

ဒီအချိန်ဟာ သင့်ထံတွင်ရှိနေတဲ့  သင့်ကုန်ပစ္စည်းမှာ ရင်းနှီးမြှုပ်နှံရတာနဲ့တန်စေတဲ့ ပြန်လည်ပေး အပ်မှုတစ်ရပ်ဖြစ်လာနိုင်တယ်လို့ပြသနိုင်တဲ့ အခြားအသုံးပြုခဲ့သူများရဲ့ထောက်ခံချက်များနဲ့ သုံးစွဲသူ တစ်ဦးချင်း အလိုက်လေ့လာမှုများကို ပြသပေးဖို့အတွက်အချိန်ပဲဖြစ်ပါတယ်။ အကယ်၍သင်ဟာ အယူ အဆအသစ် (သို့) လုပ်ဆောင်ချက်အသစ်တစ်ခုကိုစွန့်ဦးတီထွင်ထားပါက သင့်အနေနဲ့ထိုအရာကအလုပ် ဖြစ်ကြောင်းပြသနိုင်ရမှာဖြစ်ပါတယ်။ 

၁၆။ “မင်းရဲ့လုပ်ငန်းဟာ ငါတို့ရဲ့လက်ရှိ (ကိရိယာတွေ၊ တပ်ဆင်ထားမှုတွေ) နဲ့ အလုပ်မဖြစ် ဘူး” 

ဒီငြင်းပယ်မှုဟာ အကယ်၍ ဝယ်ယူသူဟာ သူတို့ရဲ့လက်ရှိဖြေရှင်းနည်းတွေကို မစွန့်လွှတ်နိုင်တဲ့ အခါမှာ သဘောတူညီမှုများဖြစ်မလာစေရန်တားဆီးနိုင်တဲ့အရာတစ်ခုဖြစ်လာနိုင်ပါတယ်။ သို့သော်လည်းတစ်ခါ တစ်ရံတွင် သင့်ရဲ့ထုတ်ကုန်ဟာ ဒီကိရိယာများကို အစားထိုးနိုင်ပြီး သူတို့ကိုမလိုအပ်တော့အောင်လုပ် ဆောင်နိုင်ရန် အခြားသောနည်းလမ်းနဲ့ကြိုးပမ်းခြင်းဟာလည်း ဖြစ်နိုင်ပါတယ်။ 
ထိုအရာများကို သိရှိနိုင်ရန်အတွက် ဒီမေးခွန်းများကိုမေးမြန်းကြည့်ပါ -

၁၇။ “သင့်ရဲ့ထုတ်ကုန်ဟာ ကောင်းပါတယ်၊ ဒါပေမယ့် ကျွန်တော် အခုအချိန်မှာ ဒီအရာကိုကိုင်တွယ်ဖြေ ရှင်းဖို့ (အကောင်အထည်ဖော်ဖို့၊ စတင်ဖို့) မအားလပ်သေးပါဘူး” 

ဖောက်သယ်ဖြစ်လာနိုင်သူများဟာမကြာခဏဆိုသလိုပင်ထုတ်ကုန်များကိုလဲလှယ်အသုံးပြုရခြင်း အတွက် အားထုတ်ရခြင်းကို ရင်းနှီးမြှုပ်မှုအရပြန်လည်ပေးအပ်မှု (ROI) ဟာ သိသိသာသာကောင်းမွန် နေလျှင်တောင်မှ လုပ်ဆောင်ဖို့အတွက် ဝန်လေးတတ်ကြပါတယ်။ 

သူတို့ကို နားလည်စာနာနိုင်ရန်အတွက် သင်ဟာယုံကြည်ရနိုင်ပြီး သူတို့ထံတွင်လဲ လုပ်နိုင်စွမ်းများရှိနေ ကြောင်းကိုလဲ သေခြာစေရန်လုပ်ဆောင်မှာဖြစ်ပါတယ်။ “ယျေဘူယျအားဖြင့် ထိုသို့ပြောင်းလဲခြင်းဟာ ကျွန်ုပ်တို့ရဲ့ သုံးစွဲသူများကို ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်နဲ့ဆိုရင် ပြည့်ပြည့်ဝဝ ပြန်လည်ကာ လည်ပတ်နိုင်စေ ရန်အတွက် (--- ရက်ခန့်၊ --- ရက်သတ္တပတ်ခန့်) ကြာမြင့်နိုင်တယ်ဆိုတာကို ကျွန်တော်နားလည်ပါ တယ်။” ဟုပြောကြားလိုက်ပါ။ 

ပြီးနောက် အပြောင်းအလဲများပြုလုပ်ရန်သူတို့ရဲ့ဝန်လေးမှုကို သူတို့အနေနဲ့လက်ရှိအခြေအနေဖြင့်ဆက် သွားပါက ဖြစ်လာနိုင်တဲ့ကုန်ကျမှုတွေနဲ့ ထိခိုက်နစ်နာမှုတွေကိုဖော်ထုတ်ခြင်းဖြင့် ဝန်မလေးတော့ရန် အတွက်လုပ်ဆောင်ပါ။ ဥပမာ - “နေ့စဉ် ဒီ X ကိစ္စတစ်ခုကိုလုပ်ဆောင်ဖို့အတွက် သင်တို့အနေနဲ့ အချိန် ဘယ်လောက်ပေးရပါသလဲ?” စသည်ဖြင့်မေးမြန်းကြည့်နိုင်ပါတယ်။ 

ပြီးနောက် သူတို့အနေနဲ့ အချိန်အရ၊ ထိရောက်မှုအရ၊ ငွေကြေးအရ သော်၎င်း၊ ထိုအရာအားလုံးကိုသော် ၎င်း၊ သူတို့ဘာတွေပြန်လည်ရရှိနိုင်သလဲဆိုတာကို တွက်ချက်ပြလိုက်ပါ။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (14)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (65)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS