Jobs In Myanmar
Load...

Sales Objections About the Competition

by www.jobsinyangon.com


Tags: Knowledge-Sales-Objections-Career-JobsinYangon



ပြိုင်ဆိုင်မှု၊ အပြိုင်အဆိုင်များကြောင့် ရောင်းချမှုကို ငြင်းဆိုခြင်းများ


၁။ “ကျွန်တော်၊ ကျွန်မတို့ဟာ ရောင်းချသူ X နဲ့ လက်တွဲလုပ်ဆောင်နေပြီဖြစ်ပါတယ်”

အခြားအပြိုင်အဆိုင်တစ်ဦးနဲ့ လက်တွဲလုပ်ဆောင်လျက်ရှိတဲ့ ဖောက်သယ်ဖြစ်လာနိုင်သူများဟာ ရုပ်ဖျက်ထားတဲ့ ကံကောင်းခြင်းတစ်ရပ်ပါပဲ။ သူတို့ဟာ တစ်စုံတစ်ခုဟာလိုအပ်မှုရှိနေတယ်ဆိုတာကို သိရှိထားပြီးနောက် ဖြေရှင်းနည်းတစ်ရပ်ကိုလည်းရှာဖွေတွေ့ရှိပြီးဖြစ်ပါတယ်။ ထိုသို့မှမဟုတ်ရင် သင့် အနေနဲ့ သူတို့ကို သင်ကြားပြသပေးဖို့တာဝန်ရှိနေဦးမှာပါ။ ဒါ့ကြောင့် သင့်ရဲ့အချိန်များကို ဖောက်သယ် ဖြစ်လာနိုင်သူအား သင့်ရဲ့ထုတ်ကုန်ပစ္စည်းအကြောင်းပြောဆိုဖို့ တစ်ခုတည်းကိုသာ ပေးရတော့မှာဖြစ် ပါတယ်။ 

၂။ “ကျွန်တော်၊ ကျွန်မကတော့ သင်နဲ့ လုပ်ငန်းအပြိုင်အဆိုင်တစ်ယောက်နဲ့စာချုပ်ချုပ်ဆိုပြီးသားဖြစ်နေပါတယ်” 

ဖြစ်နိုင်တာကတော့ ဒီအရာဟာ အပြိုင်အဆိုင်များကြောင့် ရောင်းချမှုကိုငြင်းပယ်ရခြင်းတွင် ကိုင်တွယ်ရအလွယ် ဆုံးအရာတစ်ခုပါပဲ၊ ဒီခေါင်းစဉ်ကို သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်တဲ့သူဟာ စာချုပ်ထဲမှာ ပိတ်မိနေတယ်လို့ ခံစား ရနေတာကိုဖော်ပြနေတဲ့အနေအထား ဖြစ်ပါတယ်။ သူတို့အနေနဲ့ စောစီးစွာစာချုပ်ဖျက်သိမ်း လိုက်တဲ့အတွက် နစ်နာမှုတွေကို တီထွင်ဆန်းသစ်တဲ့ဈေးလျှော့ပေးမှုတွေကိုလုပ်ဆောင်ပြီးအကုန်အကျသက်သာအောင် လုပ်ပေး နိုင်သလား (သို့) ဆုံးရှံးသွားတဲ့ငွေကြေးတွေကို ကာမိအောင် ရင်းနှီးမြှုပ်နှံ့မှုနဲ့တန်တဲ့ ပြန်လည်ပေးအပ်မှုကို ရရှိနိုင် တယ်ဆိုတာကို ပြသပေးနိုင်သလား ဆိုတာကိုရှာဖွေကြည့်ပါ။ 

သင့်ဖောက်သယ်ဖြစ်လာနိုင်သူဟာ အလွန်အမင်းအနုတ်လက္ခဏာဆောင်တဲ့စကားလုံးတွေကိုရွေးပြီးသုံးနှုန်းသွား တာလဲဖြစ်နိုင်ပါတယ်။ သူတို့ကို အဆိုပါဆက်နွယ်ပတ်သက်မှုတစ်ခုဟာ ဘယ်လိုမျိုးအခြေအနေရှိလဲဆိုတာကို မေးမြန်းပြီး သူတို့ဟာ အမှန်တကယ်တမ်းမှာ စိတ်ကျေနပ်မှုရရှိနေတယ်၊ ဒါမှမဟုတ် ဝန်ဆောင်မှုပေးအပ်သူ အပြောင်းအလဲဖြစ်ဖို့ကို မျှော်လင့်နေတယ်ဆိုတာကို အကဲဖြတ်ဆုံးဖြတ်ပါ။ 

၃။ “ကျွန်တော်၊ ကျွန်မတို့ဟာ သင့်ရဲ့ထုတ်ကုန်၊ ကုန်ပစ္စည်းလိုမျိုးအရာကို အခြားတစ်နေရာမှာ ပိုမိုသက်သာတဲ့ဈေးနဲ့ ရရှိနိုင်တယ်?” 

ဒီနေရာတွင် သင်ဟာ ဘယ်သူတွေနဲ့ ရင်ဆိုင်ပတ်သက်နေရသလဲဆိုတာကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပါ တယ်။ သင်ဟာ အပြိုင်အဆိုင်တွေပေါနေတဲ့အခြေအနေမှာရှိနေသလားဆိုတာနဲ့ ဖောက်သယ်ဖြစ်နိုင်တဲ့ သူတစ်ဦးဟာ သင့်နဲ့ အပြိုင်အဆိုင်ကိုအသုံးပြုပြီး ပိုမိုသက်သာတဲ့ဈေးလျှော့ပေးမှုရရှိအောင်ဖိအားပေး နေတာလား? သို့မဟုတ် သင့်ရဲ့ ဖောက်သယ်ဖြစ်လာနိုင်သူဟာ ပိုမိုဈေးသက်သာပြီး တူညီတဲ့ထုတ်ကုန် တစ်ခုဟာ သူတို့လိုအပ်သမျှအရာတိုင်းကိုလုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေတာလားဆိုတာကို ရှာဖွေဖော်ထုတ်ရပါမယ်။ 

အကယ်၍ အရှေ့ကပြောသွားတဲ့အရာများဆိုပါကသင်အတတ်နိုင်ဆုံးဈေးလျှော့ပေးခြင်းကိုပြုလုပ်ပေး ကာ သင့်ရဲ့ထုတ်ကုန်ကို ပိုမိုအားသာမှုရှိစေတဲ့ လုပ်ဆောင်ချက်တွေကို အဓိကရှင်းပြပါ။ အကယ်၍ သင့်ကိုဒီထက်လျှော့ပေးဖို့ပြောလာပါက နောက်ဆုတ်ခဲ့လိုက်ပါ။ ဒုတိယအခြေအနေတွင်တော့ နှိုင်းယှဉ် မှုများပြုလုပ်ခြင်းကိုအသုံးချပါ။ ဘယ်အရာတွေက သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူတစ်ဦးတန်ဖိုးထား တဲ့အရာတွေဖြစ်နေသလဲဆိုတာကိုဖော်ထုတ်ပြီး သူတို့ကိုကုန်ကျသည့်စားရိတ်ထက်အားလုံးခြုံငုံကြည့် လျှင်ပိုတန်သည့်အရာကို အဓိကထားရွေးချယ်ရန်ကိုပြောဆိုပါ။ 

၎။ “ကျွန်တော်၊ ကျွန်မဟာ သင်နဲ့အပြိုင်အဆိုင် X နဲ့ စိတ်ကျေနပ်မှုရရှိပါတယ်”

အကယ်၍သင့်ရဲ့ ဖောက်သယ်ဖြစ်လာနိုင်သူတစ်ဦးဟာ အပြိုင်အဆိုင်ကုမ္ပဏီအပေါ် စိတ်ကျေနပ်မှုရှိနေ ရင်ရော? တူညီတဲ့နည်းဗျူဟာက ဒီနေရာမှာလဲ အသုံးဝင်ပါတယ်။ သင့်အပြိုင်အဆိုင်နဲ့ ပတ်သက်ဆက် နွယ်မှုဟာ သူတို့အတွက် အကျိုးရှိတယ်လို့ဘာကြောင်ထင်မြင်နေရသလဲဆိုတာနဲ့ သင့်ထုတ်ကုန်၊ ကုန်ပစ္စည်းတစ်ခုကပိုပြီးကောင်းကောင်းလုပ်ဆောင်နိုင်တဲ့ သူတို့ရဲ့အားနည်းချက်ကိုရှာဖွေဖော်ထုတ်ပါ။ 
 

၅။ “အပြိုင်အဆိုင် X က သင့်ရဲ့ထုတ်ကုန်၊ ကုန်ပစ္စည်းအကြောင်း မမှန်တဲ့သတင်းများကိုပြောခဲ့တယ်” 

Your SalesMBA® ကိုတည်ထောင်သူ Jeff Hoffman ရဲ့ပြောကြားချက်အရ အရောင်းသမားများဟာ “ဒီအရာက မမှန်ဘူး” လို့ပြောဆိုပြီးနောက် စကားကိုရပ်ထားတာ တုန့်ပြန်သင့်တယ်လို့ ပြောကြားခဲ့ပါ တယ်။ 
ဒီဖြေကြားချက်ဟာ ၉၀% သောဝယ်ယူသူများကိုစိတ်ကျေနပ်မှုရရှိစေပြီး ထိုအရာကို မေ့ပစ်စေနိုင် တယ်လို့ ပြောကြားခဲ့ပါတယ်။ သင်ဟာမိမိကိုယ်ကိုယုံကြည်မှုရှိပြီး၊ စနစ်ကျတယ်လို့ထင်မြင်ရစေနိုင် ပြီး သင့်ရဲ့ပြိုင်ဖက်ကိုတော့ အကြံကုန်ပြီး စိတ်လုံခြံမှုမရှိဖြစ်နေတယ်လို့ ထင်မြင်ရစေတဲ့အတွက်ပါပဲ။ 

အကယ်၍ သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူဟာ သိပ်ပြီးသေချာမှုမရှိသေးဘူးဆိုပါက သူတို့ဟာ နောက် ထပ် မေးခွန်းတစ်ခုထပ်မေးပါလိမ့်မယ်။ ထိုအခါ သင့်အနေနဲ့ အောက်ပါအတိုင်းထပ်မံဖြေကြားနိုင်ပါ တယ်။
“ကျွန်တော်၊ ကျွန်မတို့ရဲ့ ထုတ်ကုန်၊ ကုန်ပစ္စည်းဟာ ကနေဒါကထုတ်ထုပ်ထားခြင်းဖြစ်ပါတယ်၊ ထိုင်းမှာထုတ် လုပ်ထားတာမဟုတ်ပါဘူး။ အကယ်လို့ သင့်အနေနဲ့မြင်တွေ့ချင်ပါက ကျွန်တော်တို့ရဲ့ စက်ရုံများနဲ့ ပစ္စည်းဖြန့်ဝေ ရေးလမ်းကြောင်းမြေပုံ ကျွန်တော်၊ ကျွန်မထံမှာ ရှိနေပါတယ်ဟူ၍ဖြစ်ပါတယ်။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Ideal Future Co., Ltd.

Ideal Future Co., Ltd.

..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)
Victory Myanmar Group  Co., Ltd.

Victory Myanmar Group Co., Ltd.

..The Victory Myanmar Group (VMG) was created in 2009 based on organic growth and the acquisition of Mandalay Rum which was established in 1886 which now sells over 1.8 million cartons per year. Our p...
Show the postings (1)
Power Light Co.,Ltd

Power Light Co.,Ltd

...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (16)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS