Jobs In Myanmar
Load...

ပြိုင်ဆိုင်မှု၊ အပြိုင်အဆိုင်များကြောင့် ရောင်းချမှုကို ငြင်းဆိုခြင်းများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Sales-Objections-Career-JobsinYangon





၁။ “ကျွန်တော်၊ ကျွန်မတို့ဟာ ရောင်းချသူ X နဲ့ လက်တွဲလုပ်ဆောင်နေပြီဖြစ်ပါတယ်”

အခြားအပြိုင်အဆိုင်တစ်ဦးနဲ့ လက်တွဲလုပ်ဆောင်လျက်ရှိတဲ့ ဖောက်သယ်ဖြစ်လာနိုင်သူများဟာ ရုပ်ဖျက်ထားတဲ့ ကံကောင်းခြင်းတစ်ရပ်ပါပဲ။ သူတို့ဟာ တစ်စုံတစ်ခုဟာလိုအပ်မှုရှိနေတယ်ဆိုတာကို သိရှိထားပြီးနောက် ဖြေရှင်းနည်းတစ်ရပ်ကိုလည်းရှာဖွေတွေ့ရှိပြီးဖြစ်ပါတယ်။ ထိုသို့မှမဟုတ်ရင် သင့် အနေနဲ့ သူတို့ကို သင်ကြားပြသပေးဖို့တာဝန်ရှိနေဦးမှာပါ။ ဒါ့ကြောင့် သင့်ရဲ့အချိန်များကို ဖောက်သယ် ဖြစ်လာနိုင်သူအား သင့်ရဲ့ထုတ်ကုန်ပစ္စည်းအကြောင်းပြောဆိုဖို့ တစ်ခုတည်းကိုသာ ပေးရတော့မှာဖြစ် ပါတယ်။ 

၂။ “ကျွန်တော်၊ ကျွန်မကတော့ သင်နဲ့ လုပ်ငန်းအပြိုင်အဆိုင်တစ်ယောက်နဲ့စာချုပ်ချုပ်ဆိုပြီးသားဖြစ်နေပါတယ်” 

ဖြစ်နိုင်တာကတော့ ဒီအရာဟာ အပြိုင်အဆိုင်များကြောင့် ရောင်းချမှုကိုငြင်းပယ်ရခြင်းတွင် ကိုင်တွယ်ရအလွယ် ဆုံးအရာတစ်ခုပါပဲ၊ ဒီခေါင်းစဉ်ကို သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်တဲ့သူဟာ စာချုပ်ထဲမှာ ပိတ်မိနေတယ်လို့ ခံစား ရနေတာကိုဖော်ပြနေတဲ့အနေအထား ဖြစ်ပါတယ်။ သူတို့အနေနဲ့ စောစီးစွာစာချုပ်ဖျက်သိမ်း လိုက်တဲ့အတွက် နစ်နာမှုတွေကို တီထွင်ဆန်းသစ်တဲ့ဈေးလျှော့ပေးမှုတွေကိုလုပ်ဆောင်ပြီးအကုန်အကျသက်သာအောင် လုပ်ပေး နိုင်သလား (သို့) ဆုံးရှံးသွားတဲ့ငွေကြေးတွေကို ကာမိအောင် ရင်းနှီးမြှုပ်နှံ့မှုနဲ့တန်တဲ့ ပြန်လည်ပေးအပ်မှုကို ရရှိနိုင် တယ်ဆိုတာကို ပြသပေးနိုင်သလား ဆိုတာကိုရှာဖွေကြည့်ပါ။ 

သင့်ဖောက်သယ်ဖြစ်လာနိုင်သူဟာ အလွန်အမင်းအနုတ်လက္ခဏာဆောင်တဲ့စကားလုံးတွေကိုရွေးပြီးသုံးနှုန်းသွား တာလဲဖြစ်နိုင်ပါတယ်။ သူတို့ကို အဆိုပါဆက်နွယ်ပတ်သက်မှုတစ်ခုဟာ ဘယ်လိုမျိုးအခြေအနေရှိလဲဆိုတာကို မေးမြန်းပြီး သူတို့ဟာ အမှန်တကယ်တမ်းမှာ စိတ်ကျေနပ်မှုရရှိနေတယ်၊ ဒါမှမဟုတ် ဝန်ဆောင်မှုပေးအပ်သူ အပြောင်းအလဲဖြစ်ဖို့ကို မျှော်လင့်နေတယ်ဆိုတာကို အကဲဖြတ်ဆုံးဖြတ်ပါ။ 

၃။ “ကျွန်တော်၊ ကျွန်မတို့ဟာ သင့်ရဲ့ထုတ်ကုန်၊ ကုန်ပစ္စည်းလိုမျိုးအရာကို အခြားတစ်နေရာမှာ ပိုမိုသက်သာတဲ့ဈေးနဲ့ ရရှိနိုင်တယ်?” 

ဒီနေရာတွင် သင်ဟာ ဘယ်သူတွေနဲ့ ရင်ဆိုင်ပတ်သက်နေရသလဲဆိုတာကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပါ တယ်။ သင်ဟာ အပြိုင်အဆိုင်တွေပေါနေတဲ့အခြေအနေမှာရှိနေသလားဆိုတာနဲ့ ဖောက်သယ်ဖြစ်နိုင်တဲ့ သူတစ်ဦးဟာ သင့်နဲ့ အပြိုင်အဆိုင်ကိုအသုံးပြုပြီး ပိုမိုသက်သာတဲ့ဈေးလျှော့ပေးမှုရရှိအောင်ဖိအားပေး နေတာလား? သို့မဟုတ် သင့်ရဲ့ ဖောက်သယ်ဖြစ်လာနိုင်သူဟာ ပိုမိုဈေးသက်သာပြီး တူညီတဲ့ထုတ်ကုန် တစ်ခုဟာ သူတို့လိုအပ်သမျှအရာတိုင်းကိုလုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေတာလားဆိုတာကို ရှာဖွေဖော်ထုတ်ရပါမယ်။ 

အကယ်၍ အရှေ့ကပြောသွားတဲ့အရာများဆိုပါကသင်အတတ်နိုင်ဆုံးဈေးလျှော့ပေးခြင်းကိုပြုလုပ်ပေး ကာ သင့်ရဲ့ထုတ်ကုန်ကို ပိုမိုအားသာမှုရှိစေတဲ့ လုပ်ဆောင်ချက်တွေကို အဓိကရှင်းပြပါ။ အကယ်၍ သင့်ကိုဒီထက်လျှော့ပေးဖို့ပြောလာပါက နောက်ဆုတ်ခဲ့လိုက်ပါ။ ဒုတိယအခြေအနေတွင်တော့ နှိုင်းယှဉ် မှုများပြုလုပ်ခြင်းကိုအသုံးချပါ။ ဘယ်အရာတွေက သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူတစ်ဦးတန်ဖိုးထား တဲ့အရာတွေဖြစ်နေသလဲဆိုတာကိုဖော်ထုတ်ပြီး သူတို့ကိုကုန်ကျသည့်စားရိတ်ထက်အားလုံးခြုံငုံကြည့် လျှင်ပိုတန်သည့်အရာကို အဓိကထားရွေးချယ်ရန်ကိုပြောဆိုပါ။ 

၎။ “ကျွန်တော်၊ ကျွန်မဟာ သင်နဲ့အပြိုင်အဆိုင် X နဲ့ စိတ်ကျေနပ်မှုရရှိပါတယ်”

အကယ်၍သင့်ရဲ့ ဖောက်သယ်ဖြစ်လာနိုင်သူတစ်ဦးဟာ အပြိုင်အဆိုင်ကုမ္ပဏီအပေါ် စိတ်ကျေနပ်မှုရှိနေ ရင်ရော? တူညီတဲ့နည်းဗျူဟာက ဒီနေရာမှာလဲ အသုံးဝင်ပါတယ်။ သင့်အပြိုင်အဆိုင်နဲ့ ပတ်သက်ဆက် နွယ်မှုဟာ သူတို့အတွက် အကျိုးရှိတယ်လို့ဘာကြောင်ထင်မြင်နေရသလဲဆိုတာနဲ့ သင့်ထုတ်ကုန်၊ ကုန်ပစ္စည်းတစ်ခုကပိုပြီးကောင်းကောင်းလုပ်ဆောင်နိုင်တဲ့ သူတို့ရဲ့အားနည်းချက်ကိုရှာဖွေဖော်ထုတ်ပါ။ 
 

၅။ “အပြိုင်အဆိုင် X က သင့်ရဲ့ထုတ်ကုန်၊ ကုန်ပစ္စည်းအကြောင်း မမှန်တဲ့သတင်းများကိုပြောခဲ့တယ်” 

Your SalesMBA® ကိုတည်ထောင်သူ Jeff Hoffman ရဲ့ပြောကြားချက်အရ အရောင်းသမားများဟာ “ဒီအရာက မမှန်ဘူး” လို့ပြောဆိုပြီးနောက် စကားကိုရပ်ထားတာ တုန့်ပြန်သင့်တယ်လို့ ပြောကြားခဲ့ပါ တယ်။ 
ဒီဖြေကြားချက်ဟာ ၉၀% သောဝယ်ယူသူများကိုစိတ်ကျေနပ်မှုရရှိစေပြီး ထိုအရာကို မေ့ပစ်စေနိုင် တယ်လို့ ပြောကြားခဲ့ပါတယ်။ သင်ဟာမိမိကိုယ်ကိုယုံကြည်မှုရှိပြီး၊ စနစ်ကျတယ်လို့ထင်မြင်ရစေနိုင် ပြီး သင့်ရဲ့ပြိုင်ဖက်ကိုတော့ အကြံကုန်ပြီး စိတ်လုံခြံမှုမရှိဖြစ်နေတယ်လို့ ထင်မြင်ရစေတဲ့အတွက်ပါပဲ။ 

အကယ်၍ သင့်ရဲ့ဖောက်သယ်ဖြစ်လာနိုင်သူဟာ သိပ်ပြီးသေချာမှုမရှိသေးဘူးဆိုပါက သူတို့ဟာ နောက် ထပ် မေးခွန်းတစ်ခုထပ်မေးပါလိမ့်မယ်။ ထိုအခါ သင့်အနေနဲ့ အောက်ပါအတိုင်းထပ်မံဖြေကြားနိုင်ပါ တယ်။
“ကျွန်တော်၊ ကျွန်မတို့ရဲ့ ထုတ်ကုန်၊ ကုန်ပစ္စည်းဟာ ကနေဒါကထုတ်ထုပ်ထားခြင်းဖြစ်ပါတယ်၊ ထိုင်းမှာထုတ် လုပ်ထားတာမဟုတ်ပါဘူး။ အကယ်လို့ သင့်အနေနဲ့မြင်တွေ့ချင်ပါက ကျွန်တော်တို့ရဲ့ စက်ရုံများနဲ့ ပစ္စည်းဖြန့်ဝေ ရေးလမ်းကြောင်းမြေပုံ ကျွန်တော်၊ ကျွန်မထံမှာ ရှိနေပါတယ်ဟူ၍ဖြစ်ပါတယ်။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com

 

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (37)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
SUPER SEVEN STARS CO., LTD

SUPER SEVEN STARS CO., LTD

We aspire to be the most successful retailer of automobiles by providing the best customer experience in every market we operate.By 2015, Super Seven Stars Co., Ltd is representing Kia, Peugeot, Ssang...
Show the postings (71)
Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (5)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS