by www.jobsinyangon.com
Tags: Knowledge-Operations-Sales-HR-JobsinYangon
အရောင်းလုပ်ငန်း လည်ပတ်ရေးဆာင်ရွက်ချက်
အရောင်းလုပ်ငန်းလည်ပတ်ရေး ဆောင်ရွက်ချက်ဆိုသည်မှာ အဖွဲ့အစည်းတစ်ခု အောင်မြင်စွာ လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့အရောင်းရည်မှန်းချက်တွေ ကိုအချိန်ကိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကူညီပေးနိုင်တဲ့ လုပ်ဆောင်ချက်အမျိုးမျိုးကို ရည်ညွှန်းပါတယ်။
အရောင်းလုပ်ငန်းလည်ပတ်ရေးဆောင်ရွက်ချက်တွင် သက်မှတ်ပြဌာန်းထားတဲ့အ ချိန်တစ်ခုအတွင်းမှာ အရောင်းရည်မှန်းချက်တွေ ကိုပြည့်မြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အတွက် အရောင်းဝန်ထမ်းတစ်ယောက်ချင်းစီမှ အသုံးချထားတဲ့ နည်းဗျူဟာအမျိုးမျိုးနဲ့ နည်းလမ်းအမျိုး မျိုးပါဝင်ပါတယ်။
ဘာ့ကြောင့် အရောင်းလုပ်ငန်းလည်ပတ်ရေး ဆာင်ရွက်ချက်ကို လုပ်ဆောင်ရတာပါလဲ။
- အရောင်းလုပ်ငန်းလည်ပတ်ရေးဆောင်ရွက်ချက်များသည် အရောင်း ပရော်ဖက်ရှင် နယ်များအား လိုအပ်တဲ့အရောင်းရည်မှန်းချက်တွေကို အကောင်း ဆုံးနည်းလမ်းတွေနဲ့ စနစ်တကျအကောင်အထည်ဖော်နိုင်ရန် ကူညီပေးပါတယ်။
- အရောင်းလုပ်ငန်းလည်ပတ်ရေးဆောင်ရွက်ချက်များသည် အရောင်း ရည်မှန်းချက် တွေ ပြည့်ဝဖို့ရန်အတွက် လိုအပ်တဲ့ သင့်တော်တဲ့ ရေတို၊ရေရှည် နည်းဗျူဟာ တွေနဲ့ အစီအစဉ်တွေ ဖန်တီးချမှတ်နိုင်ဖို့ အတွက်ကူညီပေးနိုင်ပါတယ်။
- ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ အရောင်းလုပ်ငန်းလည်ပတ်ရေး ဆောင်ရွက် ချက်တွေဟာ အသေးစိတ်တိကျတဲ့ အစီအစဉ်၊ ပိုမိုကောင်းမွန်တဲ့ အသုံးစရိတ် နှင့် စနစ်တကျချဉ်းကပ်လုပ်ဆောင်ခြင်းတွေအားဖြင့် အဖွဲ့အစည်းအတွက် ဝင်ငွေ ရှာဖွေတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။
အရောင်းလုပ်ငန်းလည်ပတ်ရေးဆောင်ရွက်ချက်မှာ ပါဝင်တဲ့ အဆင့်အမျိုးမျိုးကို လေ့လာလိုက်ရအောင်။
၁။ အရောင်းကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ကိုယ်ပိုင် အချက်အလက်တွေပြင်ဆင် ထားသင့်ပါတယ်။ သင့်မှာ ဝယ်ယူသုံးစွဲနိုင်ချေရှိတဲ့သုံးစွဲသူစာရင်း ရှိနေပါစေ။ ရုံးခန်းမှာ ထိုင်နေခြင်းက ရောင်းချမှုတွေပြုလုပ်တဲ့နေရာမှာ အထောက်အကူမပြုနိုင်ပါ။ အပြင်ကိုသွားပါ။ လူတွေနဲ့ တွေ့ဆုံပါ။ သတင်းအချက်အလက်တွေကို ရနိုင်သလောက် များများစုဆောင်းပါ။ အရောင်း(ဆိုင်)နေရာတွေကို ဗျူဟာကျတဲ့နေရာတွေမှာ ထားပါ။ လူတွေနဲ့ မိတ်ဆွေဖွဲ့ခြင်းက ရောင်းချမှု(Sales) မှာ အထောက်အကူပြုနိုင်ပါတယ်။
၂။ နောက်အဆင့်ကတော့ အချက်အလက်တွေကို အသက်၊ လိင်၊ ဝင်ငွေ အစရှိတဲ့ အချက်တွေ အပေါ်မှာ အခြေခံပြီး ခွဲခြားသတ်မှတ်ထားပါ။ အချက်အလက်တွေကို အလုပ်လုပ်နေ/ အလုပ်လုပ်မနေ၊ လူလတ်တန်းစား/အထက်တန်းစား၊ အလုပ်ရှိ/မရှိ အစရှိတဲ့ ခေါင်းစဉ်ခွဲတွေအရ ခွဲခြားထားပါ။ အဲ့ဒီလို ခွဲခြားသတ်မှတ်ထားမှုတွေဟာ သင့်ကို သုံးစွဲသူတွေကို ပိုမိုနားလည်ဖို့နဲ့ သင့်ရည်ရွယ်ထားတဲ့သုံးစွဲသူအုပ်စုကို သတ်မှတ်ရာမှာ ကူညီပေးနိုင်ပါတယ်။
၃။ အပိုင်းကဏ္ဍတစ်ခုချင်းစီအတွက် အရောင်းနည်းဗျူဟာတွေက ကွဲပြားရမှာဖြစ် ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ လိုအင်ဆန္ဒတွေနဲ့ စိတ်ဝင်စားမှုတွေက အမျိုးသား တစ်ယောက်နဲ့ ယှဉ်ရင်တော့ကွဲပြားနေမှာပါ။ ထုတ်ကုန်ပစ္စည်းတစ်ခုတည်းက လူငယ် တစ်ယောက်နဲ့ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်ကို တူညီတဲ့စိတ်လှုပ်ရှား မှုတွေ ပေးနိုင်မှာမဟုတ်ပါဘူး။ သုံးစွဲသူတွေရဲ့ လိုအင်ဆန္ဒ၊ စိတ်ဝင်စားမှု နဲ့ လိုအပ်ချက်တွေအရ ကဏ္ဍတစ်ခုချင်းစီတိုင်းအတွက် သင့်တော်တဲ့ နည်းဗျူဟာတွေ ဖန်တီးပါ။ ကြော်ငြာတဲ့အစီအစဉ်တွေဟာ သုံးစွဲသူတွေကို စိတ်လှုပ်ရှားမှုတွေ ပေးစွမ်း နိုင်ရမှာ ဖြစ်ပြီး သူတို့ကို အဖွဲ့အစည်းအပေါ်မှာ စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်ရမှာ ဖြစ်ပါတယ်။
၎။ သုံးစွဲသူတွေနဲ့ စကားပြောပြီး တွေ့ဆုံမှုတွေပြုလုပ်ဖို့တောင်းဆိုပါ။ သုံးစွဲသူတွေ အတွက် အဆင်ပြေနိုင်မယ့် အချိန်ကိုသတ်မှတ်ပါ။ အရောင်းသမားတစ်ယောက်ဟာ ဖောက်သည်တစ်ယောက်ကို တစ်ရက်အတွင်း နှစ်ကြိမ်ထက်ပိုပြီး ဖုန်းမခေါ်သင့်ပါ။ အဲဒီလို ပြုလုပ်ခြင်းက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နောက်အနာဂတ်မှာ သူဟာသင့်ကို ရှောင်ဖယ်လာနိုင်ပါတယ်။ သူ့ကို စဉ်းစားဆုံးဖြတ်ဖို့ အချိန်ပေးပါ။ အတင်းအကျပ်လုပ်တာမျိုးကို ရှောင်ပါ။ အရောင်းသမားတစ်ယောက်ဟာ အီးမေးလ်ကနေ တဆင့် သုံးစွဲသူတစ်ယောက်ကို ချိုသာတဲ့အသိပေးစာတစ်စောင် ပို့နိုင်ပါတယ်။
၅။ တွေ့ဆုံမှုတစ်ခုပြုလုပ်ဖို့ သဘောတူညီချက်ရရှိပြီဆိုရင် ချိန်းထားတဲ့နေရာကို အချိန်မီ ရောက်အောင်သွားပါ။ ဖောက်သည်က စောင့်နေလိမ့်မယ်ဟု မျှော်လင့်မထားပါနဲ့။ ဖောက်သည်ဟာသင့်ကို ထုတ်ကုန်နဲ့ပတ်သက်တဲ့ ဘယ်အရာကို မဆို မေးနိုင်တယ်ဆိုတာကို သတိရပါ။ သင့်အနေနဲ့ ထုတ်ကုန်နဲ့ ထုတ်ကုန်ရဲ့ ကမ်းလှမ်းချက်(လုပ်ဆောင်နိုင်သည်ဟု ကတိပြုထားသည့်အရာများ) အားလုံးအကြောင်းကို သိရှိပြီးဖြစ်ကြောင်း သေချာပါစေ။
၆။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေနဲ့ မျှော်လင့်ချက်တွေကို နားလည်ပါ။ သင့်ရဲ့ထုတ်ကုန် ပစ္စည်းဟာသူ့ကို ဘယ်လိုအကျိုးပြုနိုင်တယ်ဆိုတာကို သူသိအောင်ပြောပြပါ။ သင့်ရဲ့ထုတ်ကုန်ပစ္စည်းဟာ ပြိုင်ဖက်တွေရဲ့ပစ္စည်းထက် ဘယ်လိုပိုကောင်းတယ် ၊ဘယ်လောက်ပိုကောင်းတယ်ဆိုတာကို သူနားလည်အောင် ရှင်းပြပါ။ ဇွတ်အတင်းထိုးရောင်းတာမျိုး မဖြစ်ပါစေနဲ့။
၇။ အရောင်းညှိနှိုင်းမှုတွေပြုလုပ်တဲ့အခါမှာ (အရာရာကိုလက်ခံနိုင်တဲ့) ပွင့်လင်းတဲ့စိတ် ထားပါ။ ဈေးနှုန်း နှင့် အခြားသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အရမ်းတင်းကျပ်လွန်းတာမျိုးမဖြစ်ပါစေနဲ့။ သုံးစွဲသူအနေနဲ့ သင့်ရဲ့အဖွဲ့အစည်းကို ပြန်လာချင်အောင် (နောက်တစ်ခါထပ်ဝယ်ချင်အောင်) သူ့အတွက်အကောင်းဆုံးဖြစ် နိုင်ဖို့ ညှိုနှိုင်းရောင်းချပေးလိုက်ပါ။
၈။ ချရေထားတဲ့ဘဘောတူညီချက်တစ်ခုမှာ ဝယ်ယူသူနဲ့ လက်မှတ်ထိုးပါ။ သဘောတူညီချက်မှာ ထုတ်ကုန်ကိုဖော်ပြချက် ၊ မော်ဒယ်နံပါတ် ၊ ဝယ်ယူတဲ့နေ့စွဲ၊ အာမခံဆိုင်ရာအသေးစိတ်အချက်အလက်တွေနဲ့ အခြားလိုအပ်တဲ့ သတ်မှတ်ချက်တွေ ပါဝင်သင့်ပါတယ်။ အချို့အဖွဲ့အစည်းတွေဟာ သုံးစွဲသူတွေကို ကျသင့်ငွေတောင်းခံ လွှာတွေ ပေးကြပါတယ်။ ကျသင့်ငွေတောင်းခံလွှာတွေဟာ သုံးစွဲသူတွေ ပစ္စည်းလဲ လှယ်မှု ပြုလုပ်လိုတဲ့ အချိန်မှာ လိုအပ်ပါတယ်။
၉။ ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူသူ့ဆီကို ပို့ဆောင်တဲ့အခါမှာ အလုပ်လုပ်ပြီးကောင်းမွန်တဲ့ အခြေအနေမှာရှိနေကြောင်းသေချာပါစေ။ ဝယ်ယူသူ တွေ ပစ္စည်းတပ်ဆင်တဲ့နေရာ၊ အသုံးပြုတဲ့အခါမှာနဲ့ ထိန်းသိမ်းမှုတွေပြုလုပ်တဲ့နေရာမှာ ကူညီပေးဖို့က အရောင်းကိုယ်စားလှယ်တွေရဲ့ တာဝန်ဘဲဖြစ်ပါတယ်။
၁၀။ ပိုကောင်းတဲ့ သုံးစွဲသူစိတ်ကျေနပ်မှု၊ နောက်ထပ်ပစ္စည်းထပ်မံဝယ်ယူလိုမှု နှင့် ဝင်ငွေ တိုးပွါးမှုဆိုတဲ့ ရလာဒ်တွေရရှိဖို့အတွက် ရောင်းချပြီးသွားတဲ့အချိန်မှာတောင် သင်ဟာ ဖောက်သည်တွေနဲ့ အဆက်အသွယ်ရှိနေရမှာဖြစ်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Schenker Myanmar Co., Ltd.
DB Schenker operates its legal entity in Myanmar on June 1 to run contract logistics and warehousing services, while the Yangon branch of Schenker Thailand will continue to handle freight, customs cle...
Show the postings (1)
W.H.K Co., Ltd.
..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Nilar Group Of Companies
VISION
Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions.
• To provide our b...
Show the postings (38)
Synergy Plus Co., Ltd
Vision - To be one the Leading Construction Companies
Mission - To provide our High Quality Services First after SAFETY
Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
Phyo Pyae Sone Myanmar Co.,Ltd
With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (43)