ချိတ်ဆွဲရန်စာတန်း: Knowledge-IT-iPhone-Samsung-Charger-JobsInYangon
Samsung ဟာလဲ Apple ကဲ့သို့လိုက်ပါလုပ်ဆောင်ပြီး နောက်နှစ်မှစတင်ကာ ဖုန်းများကို Charger များ မပါဝင်ပဲရောင်းချသွားတော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်များအတွင်း Apple ဟာ ထွက်ရှိလာမည့် iPhone 12 အသစ်တွင် charging adapter များကိုထည့်သွင်းပေးတော့မှာမဟုတ်ဘူးလို့ ခန့်မှန်းပြောဆိုချက်များရှိခဲ့ပြီးနောက် Samsung ဟာလည်း ထိုနည်းအတိုင်းလိုက်လံလုပ်ဆောင်လာနိုင်ခြေရှိနေပါတယ်။
iPhone အသစ်များတွင် charger များပါဝင်လာတော့မှာမဟုတ်ဘူးဆိုတဲ့ သတင်းဟာ များစွာသော တုန့်ပြန်မှုများကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီအခြေအနေဟာ Apple က headphone jack များကိုဖယ် ရှားခဲ့တုန်းကဖြစ်ပွားခဲ့သည့်အခြေအနေနဲ့ ဆင်တူနေပါတယ်။
အခြားသောဖုန်းထုတ်လုပ်သူများဟာ ထိုကဲ့သို့မကြာမှီတွင်လိုက်ပါလုပ်ဆောင်လာနိုင်ခြေလည်းရှိနေ ပြီး ကိုရီးယား server တစ်ခုဖြစ်တဲ့ ET News ရဲ့အဆိုအရ Samsung ဟာလည်း အချို့သော smartphone များတွင် ထိုကဲ့သို့ Charger များကိုမထည့်သွင်းပဲထုတ်လုပ်လာနိုင်ခြေရှိနေပါတယ်။
ထိုကဲ့သို့ Charger မပါဝင်တဲ့ Samsung များဟာ ဈေးကွက်ပေါ်တွင် နောက်နှစ်မှစတင်ကာပေါ် ပေါက်လာနိုင်ဖွယ်ရှိပြီး ထိုအရာက သူတို့ရဲ့ အမေရိကန်ပြိုင်ဖက်ဖြစ်သူကဲ့သို့ပင် 5G modem များကိုအကောင်အထည်ဖော်ထည့်သွင်းလိုက်ခြင်းအတွက် ကုန်ကျစားရိတ်များကာမိအောင်လုပ် ဆောင်ခြင်းတစ်ရပ်ပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ မကြာမှီတွင်လည်း အခြားသောကုမ္ပဏီများဟာ ဒီခေတ်ရေစီးကြောင်းနောက်သို့ လိုက် ပါလုပ်ဆောင်လာနိုင်ဖွယ်ရှိတယ်လို့ယူဆနိုင်ပြီး ကျွန်ုပ်တို့အနေနဲ့ မကြာမှီတွင် ဖုန်းများဝယ်ယူရာ တွင် charger များ ပါဝင်လာတော့မှာမဟုတ်ပါဘူး။ အသုံးပြုသူများအနေနဲ့ ဒီအရာကိုသီးသန့်ဝယ် ယူခြင်း (သို့) အိမ်တွင်ရှိပြီးသား charger များနဲ့အသုံးပြုခြင်းကိုသာပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။