Tags: Jobs Work Schindler Certification Program jobsinyangon Jobless
ကျောင်းပြီးစဘွဲ့ရများအတွက် Schindler-CVT Vertical Transportation Certification Program အတွက် သင်တန်းသားများ ခေါ်ယူခြင်း။
Schindler အုပ်စုသည် ဆွစ်ဇလန်နိုင်ငံတွင်အခြေစိုက်ြဖစ်ပြီးဓါတ်လှေကားများနှင့် စက်လှေကားများကို နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဝန်ထမ်းပေါင်း ၅၄,၀၀၀ ကျော် ဖြင့်ဖြန့်ဖြူးရောင်းချနေသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် Myanmar Jardine Schindler Ltd. သည် ၁၉၉၉ ခုနှစ်မှစတင်ကာ ရုံးခွဲဖွင့်လှစ်ခဲ့ သည်။ ရန်ကုန်မြို့တွင်ရုံးချုပ်တည်ရှိပြီး မန္တလေးနှင့်နေပြည်တော်တို့တွင် ရုံးခွဲများဖွင့်လှစ် ကာ ဈေးကွက်တွင်ဦးဆောင်နေသည့်ကုမ္ပဏီအနေဖြင့် ဂုဏ်ယူစွာလုပ်ဆောင်လျက်ရှိပါသည်။ Myanmar Jardine Schindler သည် အဆောက်အဦးအမျိုးအစားအားလုံးတို့အတွက် ဓါတ်လှေကား၊ စက်လှေကားနှင့် ရွေ့လျားစက်လှေကားများကို ရောင်းချတပ်ဆင်ဝင်ဆောင်မှုပေးလျက်ရှိပါသည်။ Myanmar Jardine Schindler သည် ဆွစ်ဇလန်နိုင်ငံ Non-Profit အဖွဲ့အစည်းမှ မြန်မာနိုင်ငံ လူငယ်များအတွက် အသက်မွေးဝမ်းကြောင်း သင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်ထားသည့် Center for Vocational Training (CVT) နှင့်ပူးပေါင်းပြီးဓါတ်လှေကားနှင့် စက်လှေကားနယ်ပယ် တွင်အသက်မွေးဝမ်းကြောင်းပြုလိုသည့် ဘွဲ့ရလူငယ်များအတွက် မြန်မာနိုင်ငံတွင်ပထမဦးဆုံးဖြစ်သည့် Schindler-CVT Vertical Transportation Certification Program သင်တန်းကို ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တွင် စာတွေ့လက်တွေ့များဖြင့် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး သင်တန်းပြီးဆုံးသည့်သူများကိုလည်း ကုမ္ပဏီဌာနအသီးသီးတွင် အလုပ်ခန့်အပ်ထားရှိပါသည်။ ယခု ၂၀၁၇ ခုနှစ်တွင်ဖွင့်လှစ် မည့် နှစ်နှစ်တာ သင်တန်းအတွက် သင်တန်းသားများကိုစတင်လက်ခံနေပြီဖြစ်သည်။ Schindler-CVT Vertical Transportation Certification Program သင်တန်းအတွက် A.G.T.I or B.Tech or B.E (Mechanical, Electrical, Mechatronic) သို့ မည်သည့်ဘွဲ့ရမည်သူမဆို လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလအတွင်း CVT သင်တန်းကျောင်းမှဆရာ/ဆရာမကြီးများနှင့် Schindler ကုမ္ပဏီ၏ Technical Specialist များမှလည်းအကောင်းမွန်ဆုံးစာတွေ့၊လက်တွေ့များဖြင့် သင်ကြားပေးသွား မည်ဖြစ်သည်။ သင်တန်းကာလမှာ နှစ်နှစ်ဖြစ်ပြီး ၂၀၁၇ ဇွန်လတွင် သင်တန်းစတင်ဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်းတစ်နှစ်ပြီးဆုံးသွားပါက သင်တန်းသားများကို Schindler ဌာနအသီးသီးတွင် အလုပ်ခန်ထားသွားမည်ဖြစ်သည်။ သင်တန်းကာလအတွင်းတွင် သင်တန်းကြေးပေးစရာမလိုဘဲ ကုမ္ပဏီမှပညာသင်ထောက်ပံ့ကြေးလည်းပေးထားမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော CV Form နှင့်အတူကိုယ်ရေးအချက်အလက်၊ ဘွဲ့လက်မှတ်၊ ဓါတ်ပုံတို့နှင့် Myanmar Jardine Schindler Ltd, No. 1 / 4, Parami Road, Hlaing Township, Yangon, Myanmar သို့ လူကိုယ်တိုင်ဖြစ်စေ၊ khinezar@schindler.com.mm သို့ Email ပို့၍ဖြစ်စေ ၂၀၁၇ ဧပြီလ ၂၄ ရက်နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.