Tags: News-Schlage-Apple-SmartLock-JobsInYangon
Schlage မှ ပထမဆုံး Apple Home Key လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မည့် smart သော့ခလောက်ကို ကြေငြာမှုပြုလုပ်ခဲ့
ယခုအပတ်အတွင်းကျင်းပခဲ့တဲ့ CES 2022 ပွဲတွင် သော့နှင့် သော့ခလောက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Schlage ဟာ Apple ရဲ့ Home Key လုပ်ဆောက်ချက်ကို support ပေးနိုင်မယ့် ပထမဆုံးသော့ခလောက်ကို မြောက်အမေရိကတိုက်တွင် စတင်၍ရောင်းချပေးသွားတော့မှာဖြစ်တယ်လို့ ကြေငြာချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Schlage Encode Plus Smart Wi-Fi Deadbolt ဟာ လူကြိုက်များသော Schlage Encode Wi-Fi smart lock ရဲ့ updated version တစ်မျိုးဖြစ်ပြီး Home Key function အတွက် NFC chip ပြားနှင့် HomeKit over Thread အတွက် Thread radio တို့ကိုထည့်သွင်းပေးထားတဲ့ သော့ခလောက်တစ်မျိုးဖြစ်ပါတယ်။
iOS 15 နှင့်အတူပါဝင်လာခဲ့တဲ့ Home Key လုပ်ဆောင်ချက်ဟာ - Apple ဖုန်းအသုံးပြုသူများရဲ့ Apple Wallet အတွင်းတွင် မိမိတို့ရဲ့ ကိုယ်ပိုင် digital door key တစ်ခုကိုသိမ်းဆည်းထားစေမှာဖြစ်ပြီး Apple Pay ကို အသုံးပြုသည့်ပုံစံအတိုင်း အသုံးပြုသူရဲ့ Apple ဖုန်း device ဖြင့် သော့ခလောက်ပေါ်သို့ ခေါက်လိုက်ရုံဖြင့် သော့ခတ်ခြင်း/ သော့ပိတ်ခြင်းတို့ကို ပြုလုပ်နိုင်စေမယ့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး iPhone သို့မဟုတ် Apple Watch တွင်ပါဝင်သည့် NFC chip ပြားကို အသုံးပြု၍ အသုံးပြုသူအား အတည်ပြုစစ်ဆေးမှုများကို ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ သတင်းများအရ အဆိုပါ Schlage Encode Plus ကို လာမည့် ၂၀၂၂ ခုနှစ်နွေဦးရာသီအတွင်းတွင် ကန်ဒေါ်လာ ၃၀၀ ဖြင့် စတင်ဝယ်ယူရရှိနိုင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.