ချိတ်ဆွဲရန်စာတန်း: News-Super-Mario-Bros-Gaming-JobsInYangon
အသစ်အတိုင်းရှိနေသေးသော NES အတွက် ထုတ်လုပ်ထားသည့် Super Mario Bros ဂိမ်းခွေအား $660,000 ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့
Online လေလံ website တစ်ခုဖြစ်တဲ့ Heritage မှ ဦးစီးကျင်းပပေးခဲ့သော လေလံပွဲတစ်ခုတွင် အသစ်နီးပါးရှိသော NES (Nintendo Entertainment System) အတွက် ထုတ်လုပ်ထားသည့် Super Mario Bros ဂိမ်းခွေအား $660,000 ဖြင့်လေလံတင်ရောင်းချနိုင်ခဲ့ပြီး အဆိုပါဂိမ်းရဲ့မူရင်းပိုင်ရှင်ဟာ ထိုအထဲမှ $550,000 အားရရှိသွားခဲ့ကြောင်း သတင်းများအရ သိရှိခဲ့ရပါတယ်။
အဆိုပါလေလံတင်ရောင်းချမှုကို ကြီးကြပ်ပေးခဲ့သောကုမ္ပဏီဖြစ်တဲ့ Heritage Auction မှ Ars Technica သို့ ပြောကြားချက်အရ အဆိုပါဂိမ်းဟာ ၁၉၈၆ ခုနှစ်တွင် ထွက်ရှိခဲ့တာဖြစ်ပြီး ပြောကြားချက်များအရ အဆိုပါဂိမ်းပိုင်ရှင်မှ အဆိုပါဂိမ်းကို ခရစ်စမတ်လက်ဆောင်အဖြစ် ရရှိခဲ့ပြီးနောက် အံဆွဲတစ်ခုအတွင်းတွင် ဆယ်စုနှစ် ၄ ခုခန့် မေ့လျော့နေခဲ့တာပဲဖြစ်ပါတယ်။ လေလံပွဲသို့ အမည်မဖော်ပြလိုတဲ့ ရောင်းချသူမှ ပြောကြားချက်အရ “ကျွန်တော့်အနေနဲ့ ဒီလောက်ရမယ်လို့ ထင်ကိုထင်မထားခဲ့မိပါဘူး” ဟု ပြောဆိုသွားခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
ယခင်နှစ်ကလည်း Gaming သမိုင်းတွင် တစ်မူထူးခြားတဲ့ Nintendo PlayStation ရှေ့ပြေးနမူနာစက်တစ်ခုကို $360,000 ဖြင့် အဆိုပါလေလံကုမ္ပဏီမှ ရောင်းချပေးနိုင်ခဲ့ပြီး မကြာသေးမှီကလည်း အမည်မဖော်လိုသူတစ်ဦးမှ အသစ်အတိုင်းရှိနေတဲ့ Super Mario Bros. 3 ဂိမ်းခွေတစ်ခွေကို $156,000 ပေး၍ ဝယ်ယူခဲ့ကြောင်းကိုလည်း Heritage မှ ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။