by JobsInYangon
ချိတ်ဆွဲရန်စာတန်း: selling-standards sales
ရောင်းချရာတွင် အောင်မြင်မှုရရှိရန်အတွက် စံနှုန်းများချမှတ်ခြင်း ( အပိုင်း-၁)
တောင်ထိပ်မှာရှိနေတဲ့သူတွေတောင် အဲ့ဒီနေရာကို မကျပါဘူးတဲ့။
Marcus Washing
မိမိကိုယ်တိုင်စီမံခန့်ခွဲပြီး ရောင်းချခြင်း ( Self-managed selling ) သည် အရောင်းကိုယ်စားလှယ်များအတွက် ကောင်းမွန်ပြီး စိတ်လှုပ်ရှားစရာကောင်းသောအနာဂတ်များကို ကူညီပံ့ပိုးနိုင်ပါသည်။ ၄င်းသည် ဆုံးဖြတ်ချက်ချရာတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ခိုင်ခိုင်မာမာချနိုင်စွမ်းရှိအောင်ပြုလုပ်ပေးပါသည်။ Self-Managed Selling ကို နှစ်သက်ပြီး ၄င်းနည်းလမ်းကိုအသုံးပြု၍ အောင်မြင်အောင်ပြုလုပ်နေသူများသည် ထိပ်တန်းစွမ်းရည်ရှိသူများ၊ အရည်အသွေးပြည့်ဝသည့် ခေါင်းဆောင်များအဖြစ် ရောက်ရှိမည်ဖြစ်ပြီး ထိုသူများသည်အနာဂတ်တွင် အံသြဖွယ်ကောင်း သောသြဇာအာဏာများကို ပိုင်ဆိုင်သူများလည်း ဖြစ်နိုင်မည်ဖြစ်ပါသည်။
ရောင်းချခြင်း ( selling ) သည် စိတ်လှုပ်ရှားဖွယ်ရင်ခုန်စရာကောင်းပြီး စိန်ခေါ်မှုများစွာရှိသည့် ကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်တစ်ခုဖြစ်ပါသည်။အောင်မြင်စွာရောင်းချသည့်စံနစ်တွင် ဝင်ငွေ(revenue), အမြတ် ( profit) နှင့် ရောင်းအားပေါ်မူတည်၍ပေးအပ်သော အပိုငွေ ( Commission) တို့ကို ကောင်းသထက်ကောင်းအောင်ပြုလုပ်ပေးသည့် နည်းလမ်းမျာ၊ ဗျူဟာများနှင့် အဖြစ်အပျက်များပါဝင်ပါသည်။
ကံ၊ လုံလနှင့်ဇွဲရှိခြင်းသည် လူကြီးမင်းအားရောင်းချရာတွင် အောင်မြင်မှုရရှိရန်အတွက်ကူညီပေးမည်မှာ မုချဧကန်ဖြစ်ပါသည်။
ရောင်းချခြင်း ( Sales) သည် ပြုလုပ်နေတဲ့အရာများကို ခိုင်မာအောင်ပြုလုပ်ပေးသော ( emotion-driven) ဖြစ်သည့် ကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်တစ်ခုဖြစ်ပါသည်။ ၄င်းသည် အဆက်မပြတ် ဖုန်းခေါ်ခြင်း ( cold-calling), အဆုံးမရှိသော sales meeting များရှိခြင်း နှင့် ဇွဲရှိရှိ follow လိုက်ခြင်း၊ ဆိုးဝါးသောငြင်းပယ်ခြင်းတို့ကို ရင်ဆိုင်ခြင်းတို့လည်းဖြစ်ပါသည်။
ထိုကဲ့သို့သောအခက်အခဲများရှိခဲ့သော်ငြားလည်း၎င်းနည်းလမ်းကိုအသုံးပြုပြီးရောင်းချသူများသည်မရှိမဖြစ်လိုအပ်သောစံနှုန်းများကိုကိုင်ဆောင်ကာ ဝင်ငွေများတိုးပွားအောင်ပြုလုပ်နိုင်သည့်အပြင် ကောက်မရှင်ရရှိမှုကိုပါမက ဖောက်သည်များကျေနပ်သည်အထိပါ လုပ်ကိုင်နိုင်ကြပါသည်။
ရောင်းချမှုကို ကျွမ်းကျင်သူများအများစုအတွက် ဆုပေးခြင်းသည် အသိအမှတ်ပြုခြင်းကိုပြုလုပ်ရာတွင် အလွန်တရာကောင်းမွန်ပါသည်။
အချိန်များစွာ အရောင်းကျွမ်းကျင်မှုကို ထိန်းသိမ်းနိုင်ခြင်းမှတ်တိုင်သည် ယုံကြည်ရသော မန်နေဂျာတစ်ဦးထံမှ ရရှိသော အားပေးမှုခံရခြင်း၊ အကူအညီရခြင်း ( Encouragement ) နှင့် လမ်းညွှန်မှုဖြစ်ပါသည်။
များစွာသော ဗျူဟာစီမံချက်များ၊ မျှော်လင့်ချက်များနှင့် ခန့်မှန်းချက်ကို အရောင်းမန်နေဂျာများမှ ပြုလုပ်ပေးပါသည်။ သို့သော် အရောင်းမန်နေဂျာရာထူးနှင့်ဝေးကွာလာပါက တစ်ချို့ကိစ္စများတွင် စိတ်ကူများသည် မဆန်းသစ်တော့ပါ။
ထို့ကြောင့် အရောင်းမန်နေဂျာများသည်သူတို့၏ စိတ်ကူးစိတ်သန်းများကို ကောင်းမွန်ဆန်းသစ်အောင်ပြုလုပ်ရမည်ဖြစ်ပြီး ကိုယ်ပိုင်းစွမ်းရည်များ၊ အဓိကကျသည့်ပြည့်ဝမှုများနှင့် စံနှုန်းများကို မြှင့်တင်ပြီး စိန်ခေါ်မှုများးကိုအောင်မြင်အောင်လုပ်ဆောင်ရမည်ဖြစ်ပါသည်။ တစ်ခါတစ်ရံ အရောင်းကျွမ်းကျင်သူများသည် အရောင်းကိုယ်စားလှယ်တာဝန်ကိုသာမက အရောင်းမန်နေဂျာရာထူးကိုပါ တာဝန်ယူကြရပါသည်။
ရောင်းချရာတွင် အောင်မြင်မှုရရှိရန်အတွက် စံနှုန်းများချမှတ်ခြင်း ( အပိုင်း-၂) ကို ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါသည်။
လေးစားစွာဖြင့်
JobsInYangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။