Jobs In Myanmar
Load...

Seven Tips For a Great Video Interview

by www.jobsinyangon.com


Tags: Knowledge-Video-Interviews-Tips-JobsInYangon



ကောင်းမွန်တဲ့ Video အင်တာဗျူးတစ်ခုကို ပြုလုပ်နိုင်ရန် အကြံပေးချက် (၇) ချက် 

 

ယခုကဲ့သို့သော အခြေအနေမျိုးတွင် ကျွန်ုပ်တို့အနေနဲ့ ပတ်ဝန်းကျင်အသစ်တွင် အရင်ကနဲ့မတူပဲထူးခြားတဲ့အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရင်း ရှင်သန်နေကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် Video အင်တာဗျူးများပြုလုပ်ခြင်းဟာ ထူးဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပြန်ပါဘူး။ Video Call များဟာ မရှိမဖြစ်လိုအပ်မှုတစ်ခုဖြစ်မလာခင်ကတည်းက ယနေ့ခေတ်လူငယ်မျိုးဆက်သစ်များအနေနဲ့ FaceTime, Facebook နှင့် Instagram တို့မှ တစ်ဆင့် Video Call များခေါ်ဆို၍ စကားစမြည်ပြောဆိုခြင်းနှင့် ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ 

သင့်အတွက်ခက်ခဲနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ထိုအရာကို ကြားခံအဖြစ်အသုံးချ၍ ဝန်ထမ်းခေါ်ယူခြင်းနှင့် ဝန်ထမ်းခန့်အပ်ခြင်းတို့အတွက် မည်သို့အကျိုးရှိစွာအသုံးပြု၍ ရနိုင်မလဲဆိုတာပဲဖြစ်ပါတယ်။ ဒီအတွက် ဒီကနေ့မှာတော့ ကျွန်တော်တို့ www.jobsinyangon.com ကနေ နောက်တစ်ကြိမ် သင့်အနေနဲ့ Video Interview များပြုလုပ်ရသည့်အခါတွင် လုပ်ဆောင်ထားသင့်တဲ့ အချက် (၇) ချက်ကို တင်ဆက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 

 

၁။ နည်းပညာ platform တစ်ခုကို ရွေးချယ်ပါ။ 

Video conferencing ပြုလုပ်နိုင်တဲ့ application များစွာ ထွက်ရှိနေပြီဖြစ်တဲ့အတွက် တစ်ခုခုကိုရွေးချယ်ဖို့ဟာ အခက်အခဲရှိလာနိုင်ပါတယ်။ Zoom, GoToMeeting (သို့) Skype ကဲ့သို့သော application များတွင် သင့်အနေနဲ့ Professional Video Interview တစ်ခုကိုပြုလုပ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့လုပ်ဆောင်ချက်များပါဝင်နေပါတယ်။ အကယ်၍ သင့်အနေနဲ့ တစ်ခုခုကိုအသုံးပြုဖို့အဆင်သင့်မဖြစ်သေးရင်တောင်မှ သင့်ရုံးက နည်းပညာအဖွဲ့များနဲ့ စကားပြောဆိုမေးမြန်းကြည့်ပြီး ဘယ်အရာက အကောင်းဆုံးအလုပ်ဖြစ်နိုင်သလဲဆိုတာကို ကြိုတင်မေးစမ်းကြည့်နိုင်ပါတယ်။ သင့်ရဲ့ရွေးချယ်မှုကို အတည်ပြုပြီးရင်တော့ Candidate များနဲ့ ပြန်လည်ချိတ်ဆက်ပြီး သူတို့အနေနဲ့ အဆိုပါ platform ကို download ပြုလုပ်ပြီး အသုံးပြုနိုင်သလားဆိုတာကို ပြန်လည်စစ်ဆေးကြည့်လိုက်ပါ။ လိုအပ်ပါက သင်ရွေးချယ်လိုက်တဲ့ Program ကို candidate များမှ အသုံးပြုရန် ရင်းနှီးကျွမ်းဝင်မှုမရှိသေးဘူးဆိုပါက လမ်းညွှန်ချက်များကိုပြုလုပ်ပေးနိုင်ရန်ကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။ 

 

၂။ Candidate များအနေနဲ့ ဘာတွေကို မျှော်လင့်ထားနိုင်မလဲဆိုသည်ကို အသိပေးပြောကြားပါ။ 

မည်သည့် HR professional များအတွက်မဆို အလုပ်အင်တာဗျူးတစ်ခုပြုလုပ်ရာတွင် အဓိကအကျဆုံးအချက်ကတော့ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုခြင်း (Communication) ပဲဖြစ်ပါတယ်။ သင့်ရဲ့ Candidate များကို ဆက်သွယ်ပြီး ဘာတွေကို မျှော်လင့်နိုင်သလဲဆိုတာနဲ့ အင်တာဗျူးကို ဘယ်လိုပုံစံနဲ့ပြုလုပ်သွားမှာဖြစ်ကြောင်းကို ဆွေးနွေးအသိပေးပါ။ အချို့သော Candidate များအနေနဲ့ Video Call မှတစ်ဆင့် အင်တာဗျူးခြင်းကို ပထမဦးဆုံးကြုံဖူးကြသူများဖြစ်ကောင်းဖြစ်နေနိုင်တဲ့အတွက် အဆိုပါလုပ်ဆောင်ချက် အဆင့်ဆင့်ကို အချိန်ယူ၍ ရှင်းပြပေးသင့်ပါတယ်။ 

ထို့အပြင် သင့်အနေနဲ့မှတ်ချက်များကို မှတ်သားသွားမှာဖြစ်ကြောင်းကိုလည်းအသိပေးလိုက်ပါ။ အင်တာဗျူးတစ်ခုတွင် ဒါဟာပုံမှန်လုပ်နေကျကိစ္စတစ်ခုဖြစ်သော်လည်း သင့်အနေနဲ့ ရေးမှတ်နေစဉ်အတွင်း မေးခွန်းများမေးမြန်းမှုကို ခေတ္တရပ်နားထားရနိုင်ကြောင်း အသိပေးထားနိုင်ပါတယ်။ ထိုအချိန်တွင် အင်တာဗျူးဖြေဆိုသူများမှ သင့်အားသိရှိလိုတဲ့မေးခွန်းများကို မေးမြန်းနိုင်ကြောင်းကိုလည်း အသိပေးလိုက်ပါ။ 

 

၃။ Candidate များဖက်ကရှိလာနိုင်တဲ့ နည်းပညာနဲ့ပတ်သက်တဲ့အခက်အခဲများကို ထည့်သွင်းစဉ်းစားပါ။ 

မိမိတို့ရဲ့ သဘောဆန္ဒအလျှောက် isolate ပြုလုပ်၍ နေထိုင်ခြင်းကို ကျင့်သုံးနေရသည့် ယခုကဲ့သို့သောအချိန်များတွင် များစွာသောလူများဟာ Video Call များမှတဆင့်တစ်ဦးနဲ့တစ်ဦး ဆက်သွယ်လိုစိတ်ရှိလာကြတာကိုတွေ့ရှိရပါတယ်။ သို့သော်လည်း သင့်ရဲ့ Candidate ဟာ ထိုသို့ Video အင်တာဗျူးတစ်ခုပြုလုပ်ဖို့အတွက် အဆင်မပြေသူတစ်ဦးဖြစ်နေပါက သူတို့တွေ့ကြုံနေရတဲ့ ပြဿနာများကို ပြေလည်အောင်အဖြေရှာကြည့်ပြီး လိုအပ်လာခဲ့ပါက ညှိနှိုင်းချိန်ညှိမှုများကို ပြုလုပ်နိုင်ကြောင်းကိုလည်း အသိပေးထားလိုက်ပါ။ လိုအပ်ခဲ့ပါက သင့်အနေနဲ့ ဖုန်းမှတဆင့် အင်တာဗျူးမေးမြန်းခြင်းပြုလုပ်ပေးနိုင်ပါသေးတယ်။ 

 

၎။ Screen ပေါ်မှ သင်ဖော်ပြနေတဲ့ ပုံရိပ်အကြောင်း ထည့်သွင်းစဉ်းစားပါ။

သင့်အနေနဲ့ ဘယ်လိုအဝတ်မျိုးကို ဝတ်ဆင်မလဲ၊ သင့်အနေနဲ့ ဘယ်လို image မျိုးကို ပေးနေသလဲ၊ နောက်ခံ background တွင် မည်ကဲ့သို့သောအရာများပါဝင်နေသလဲ။ အရောင်များနှင့် design များဟာ တစ်ခါတစ်ရံတွင် screen ပေါ်၌ မတူကွဲပြားတဲ့ပုံစံတစ်မျိုးဖြင့်တွေ့မြင်ရလေ့ရှိတတ်ကြပါတယ်။ ထို့ကြောင့် အရောင်ရင့်ရင့်များကို ဝတ်ဆင်ပါ၊ တည်ငြိမ်မှုရှိအောင်ဝတ်ဆင်ပါ၊ နောက်ပြီး သင့်အနေနဲ့ လူချင်းတွေ့၍ အင်တာဗျူးသည့်အချိန်တွင် ဝတ်ဆင်လေ့ရှိသည့်အဝတ်အစားမျိုးကိုသာ ရွေးချယ်ဝတ်ဆင်ပေးသင့်ပါတယ်။ 

ထို့အပြင် သင့်အနေနဲ့ ရှုပ်ထွေးသော wallpaper များကိုနောက်ခံထားခြင်း (သို့) ရှုပ်ထွေးနေသော စားပွဲကိုနောက်ခံထားခြင်းတို့ကိုလည်း မပြုလုပ်သင့်ပါဘူး။ ထိုအရာများဟာ သင်နဲ့ သင်အင်တာဗျူးမေးမြန်းနေတဲ့ Candidate အတွက် စိတ်အာရုံစူးစိုက်မှုကို ပျက်ပြားစေနိုင်တဲ့အရာများဖြစ်ပါတယ်။ Candidate များအနေနဲ့ သက်တောင့်သက်သာရှိစေရန်နှင့် သင့်ကုမ္ပဏီအပေါ် ယုံကြည်ကိုးစားမှုရှိလာစေရန်အတွက် သင့်ကိုယ်သင် Professional ဆန်ဆန်ဝတ်စားဆင်ယင်ထားရမှာဖြစ်ပါတယ်။ 

 

၅။ အင်တာဗျူးမေးမြန်းစဉ်အတွင်း ပုံမှန်အတိုင်းတတ်နိုင်သရွေ့ပြုမူနေထိုင်ပါ။ 

Screen ပေါ်မှတစ်ဆင့် စကားပြောဆိုမှုများကို ပြုလုပ်ရခြင်းဟာ များစွာသောသူများအတွက် ထူးဆန်းနေသကဲ့သို့ ခံစားရစေနိုင်ပါတယ်။ ဒီအတွက် တတ်နိုင်သရွေ့ပုံမှန်အတိုင်းပြောဆိုဆက်ဆံပေးဖို့က အရေးကြီးလှပါတယ်။ Screen ပေါ်က Candidate ရဲ့ပုံရိပ်ကိုကြည့်ရှုမည့်အစား ကင်မရာသို့တည့်တည့်ကြည့်ပေးပါ။ အစပိုင်းတွင် ဒါဟာအနည်းငယ်ထူးဆန်းနေမှာဖြစ်သော်လည်း Candidate ဖက်မှ အမြင်တွင်တော့ သင်ဟာ ဘေးသို့ကြည့်နေခြင်း၊ အောက်သို့ငုံ့နေခြင်းတို့ ဖြစ်နေမည့်အစား သူတို့ကို မျက်လုံးချင်းတည့်တည့်ကြည့်၍ စကားပြောနေသကဲ့သို့ ခံစားရစေမှာဖြစ်ပါတယ်။ 

 

၆။ ကြိုတင်လေ့ကျင့်မှုများကိုပြုလုပ်ပါ။ 

အင်တာဗျူးမေးမြန်းခြင်းကို သင့်ရဲ့ရုံးခန်းအတွင်းပြုလုပ်ရခြင်းနှင့် Video Call များမှ တဆင့် ပြုလုပ်ရခြင်းတွင် သိသာတဲ့ခြားနားချက်များရှိနေပါတယ်။ ဥပမာအားဖြင့် - ကင်မရာကို သင့်မျက်လုံးနှင့် တည့်တည့်ရှိသောနေရာခန့်တွင် ထားရှိပေးရမှာဖြစ်ပါတယ်။ ဒါမှသာ Candidate အနေနဲ့ သင့်ကိုမော့ကြည့်ရခြင်း (သို့) သင့်ရဲ့နှာခေါင်းပေါက်ကို မြင်နေရခြင်းတို့မဖြစ်တော့မှာဖြစ်ပါတယ်။ အင်တာဗျူးမေးမြန်းမှုများကိုပြုလုပ်ရန်အတွက် တိတ်ဆိတ်တဲ့နေရာတစ်ခုကိုလည်းရွေးချယ်ထားလိုက်ပါ။ ဒါမှသာ အနှောက်အယှက်ကင်းစွာ၊ နောက်ခံအသံများကင်းဝေးစွာဖြင့် အင်တာဗျူးမေးမြန်းခြင်းကို ကောင်းမွန်စွာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

အလားတူပဲ သင့်ကွန်ပြူတာရဲ့ webcam နှင့် အသံထိန်းချုပ်မှုခလုတ်များကောင်းစွာအလုပ်လုပ်မှုရှိရဲ့လားဆိုတာအပြင် သင့်အသုံးပြုမည့် နည်းပညာ platform နှင့် မည်သို့ချိတ်ဆက်ရမည်ကို သင့်အနေနဲ့ သိရှိထားဖို့လည်း သေချာစွာလေ့လာထားရမှာဖြစ်ပါတယ်။ အင်တာဗျူးမေးမြန်းခြင်းမစမှီတွင် ကင်မရာကိုကြည့်တတ်ဖို့ကိုလည်း လေ့ကျင့်ထားပါ။ သင့်ကိုယ်သင် Record ပြုလုပ်ပြီး တစ်ဖက်သားရဲ့ screen ပေါ်တွင် သင့်ရဲ့ပုံရိပ်ဟာ မည်ကဲ့သို့ပေါ်လာနိုင်သလဲဆိုတာကိုလည်း ကြိုတင်စစ်ဆေးကြည့်ရှုကြည့်လိုက်ပါ။ ဒါမှသာ သင့်အနေနဲ့ Candidate များနှင့် အင်တာဗျူးပြုလုပ်ရာတွင် အစီအစဉ်ကျပြီး၊ စနစ်ကျတဲ့ အင်တာဗျူးအတွေ့အကြုံကို ပေစွမ်းနိုင်စေမှာဖြစ်ပါတယ်။ 

 

၇။ Candidate များရဲ့ အတွေ့အကြုံကို အလုံးစုံခြုံငုံ၍ ထည့်သွင်းစဉ်းစားပါ။ 

အင်တာဗျူးပြုလုပ်ခြင်းဟာ Candidate တစ်ဦးရဲ့အတွေ့အကြုံများထဲမှ အစိတ်အပိုင်းတစ်ခုပဲရှိပါသေးတယ်။ သင့်အနေနဲ့ လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် သင့်ရဲ့ Candidate ကို သက်တောင့်သက်သာရှိစေလိုမှာဖြစ်ပြီး သင့်ကုမ္ပဏီအပေါ် ကောင်းမွန်တဲ့ impression တစ်ခုကို ပေးစွမ်းလိုမှာဖြစ်ပါတယ်။ ဒီအတွက် အင်တာဗျူးမေးမြန်းမှုအပြီးတွင်လည်း e-mail များပေးပို့၍ follow-up လိုက်ပေးပါ၊ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း Candidate များကို ပြောကြားပြီး သင့်ထံက မည်သို့သောအဖြေမျိုးကို ကြားရနိုင်ကြောင်းကိုလည်း အသိပေးလိုက်နိုင်ပါသေးတယ်။ 

Screen ပေါ်မှတစ်ဆင့် အင်တာဗျူးမေးမြန်းခြင်းများကို ပြုလုပ်လာရသည်နှင့်အမျှ သင့်အနေနဲ့ အဆိုပါလုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ အကျွမ်းတဝင်ရှိလာမှာဖြစ်ပါတယ်။ သင်သတိထားရမှာက Video Interview ပြုလုပ်ခြင်းနှင့် အသားကျနေပြီးဖြစ်နေရင်တောင်မှ သင့်ရွေးချယ်လိုက်တဲ့ Candidate များအတွက် ဒါဟာ သူတို့ရဲ့ ပထမဆုံးသော Video Interview တစ်ခုဖြစ်နေနိုင်ပါတယ်။ သင့်ရဲ့ဖက်မှ အေးဆေးတည်ငြိမ်၍ ကောင်းမွန်စွာဆုံးဖြတ်နိုင်စွမ်းရှိသူတစ်ဦးအဖြစ်ပြုမူနေထိုင်နိုင်ပါက Candidate များက ဒါကို သိရှိခံစားနိုင်မှာဖြစ်ပြီး သူတို့ကိုလည်း ဒီလုပ်ဆောင်ချက်တစ်လျှောက်လုံးတွင် ပိုမို၍ သက်တောင့်သက်သာရှိလာစေမှာဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Flavours & Fragrances Distribution Company Limited

Flavours & Fragrances Distribution Company Limited

Our company aims to be more marketable and sustainable.Since our company is made up of a family of only a few employees, it is clear that our own skills and hard work are clearly displayed.We are a co...
Show the postings (3)
Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)
URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)
FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS