Jobs In Myanmar
Load...

Shared vs Dedicated Business Internet Plans: What’s the Difference?

by www.jobsinyangon.com


Tags: Knowledge-IT-Internet-General-JobsinYangon



မျှဝေသုံးစွဲရသော Shared Business Internet Plan နှင့် တစ်ဦးတည်းအသုံးပြုရမည့် Dedicated Business Internet Plan တို့အကြား ကွာခြားမှုမှာ အဘယ်နည်း

သင့်လုပ်ငန်းအတွက် မှန်ကန်တဲ့ အင်တာနက် plan ကို ရှာဖွေနေတဲ့အခါတွင် သင့်အနေနဲ့ အခြေခံ အင်တာနက် plan အမျိုးအစား ၂ မျိုးမှ ရွေးချယ်ရနိုင်ပါတယ်။ ဒီ plan များဟာ connection နည်းပညာများဖြစ်သော wireless satellite, landline (သို့) fiber-optic အင်တာနက်များအပေါ်တွင်အခြေခံထားခြင်းမဟုတ်ပဲ ပေးအပ်၊ သတ်မှတ်ထားတဲ့ bandwidth ပမာဏပေါ်တွင် အခြေခံထားတာပဲဖြစ်ပါတယ်။ 

သင့်ရဲ့ plan များကိုရွေးချယ်ဖို့မစဉ်းစားမှီတွင် သင့်ရဲ့လိုအပ်ချက်များကို ပထမဦးစွာနားလည်သဘောပေါက် အောင်ပြုလုပ်ထားသင့်ပါတယ်။ အောက်ပါအချက်များကတော့ သင်နဲ့ကိုက်ညီတဲ့ အကောင်းဆုံး အင်တာနက် plan ကိုရွေးချယ်စဉ်းစားနိုင်ရန်အတွက် plan တစ်ခုခြင်းစီအတွက် သင်သိရှိထားသင့်တဲ့အချက်အချို့ပဲဖြစ်ပါ တယ်။ 

မျှဝေသုံးစွဲရသော Shared Business Internet Plan များဟာ ဘယ်လိုအလုပ်လုပ်သလဲ

သင်ဟာ Shared Business Internet Plan ကိုရွေးချယ်ဝယ်ယူလိုက်တဲ့အခါတွင် သင့်ရဲ့ service provider ဟာ အသုံးပြုသူမည်မျှပမာဏဟာ အွန်လိုင်းဝန်ဆောင်မှုကို တစ်ချိန်တည်းတွင်ရယူအသုံးပြုဖို့လိုအပ်လိမ့်မလဲဆို သည်ကိုခန့်မှန်းပြီး ၎င်းတို့ဟာ system မှ တစ်ချိန်တည်းတွင်လက်ခံနိုင်တဲ့ပမာဏထက်ပိုသော အသုံးပြုသူများ ကို sign up ပြုလုပ်ထားနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော်၊ အဆိုပါအသုံးပြုသူအားလုံးဟာ များပြားလှသော သတင်းအချက်အလက်များကို တစ်ပြိုင်နက်၊ တစ်ချိန်တည်းတွင် အသုံးပြုရန်လိုအပ်လိမ့်မည်မဟုတ်ဟု သူတို့ က ခန့်မှန်းထားသောကြောင့်ပဲဖြစ်ပါတယ်။ 

မျှဝေသုံးစွဲရသည့် system ပေါ်တွင် download နဲ့ upload speed များဟာ မြန်နှုန်းပမာဏတစ်ခုအထိ စွမ်းဆောင်နိုင်ကြပါသည်။ အကယ်၍ မျှဝေသုံးစွဲထားသည့် system ပေါ်တွင် သုံးစွဲသူပမာဏနည်းပါးနေပါက အသုံးပြုသူများဟာ ပိုမိုမြန်ဆန်သော download speed ကိုရရှိမှာဖြစ်ပါတယ်။ အကယ်၍ ၎င်း system ဟာ အသုံးပြုသူများပြားနေသည့်အခါများတွင်နှင့် အခြားသော အသုံးပြုသူများက video များကို streaming ပြုလုပ် ခြင်း (သို့) ကြီးမားသောဖိုင်များကို upload ပြုလုပ်ခြင်းတို့အား ပြုလုပ်နေသည့်အခါများတွင်မူ download speed များဟာ နှေးကွေးသွားမှာဖြစ်ပါတယ်။ 

များသောအားဖြင့် ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီများဟာ အနှေးဆုံး download speed ကိုမူထည့်သွင်းဖော်ပြ ကြမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ထိုအရာဟာ မျှဝေအသုံးပြုနေသည့် system ပေါ်ရှိလူများအားလုံးက ဘာတွေကိုလုပ်နေသလဲဆိုတဲ့အပေါ်မူတည်နေလို့ပဲဖြစ်ပါတယ်။ ဒီအချက်ကြောင့် shared plan များကို တစ်ခါ တစ်ရံတွင် “best effort” plan များဟူ၍လည်းခေါ်ဆိုကြပါတယ်။ အဘယ်ကြောင့်ဆိုသော်၊ ဝန်ဆောင်မှုပေးသူ ကုမ္ပဏီများဟာသင့်အား အင်တာနက်လိုင်းဆွဲအားမြန်နှုန်းနှင့် ထိုလိုင်းဆွဲအားအတိုင်းတည်ငြိမ်စွာရရှိနေနိုင်မည့် အချိန်ကို အာမခံချက်မပေးနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ 

တစ်ဦးတည်းအသုံးပြုရသော Dedicated Business Internet Plan များဟာ ဘယ်လိုအလုပ်လုပ်သလဲ

Dedicated Internet Access (DIA) ဟာ အရိုးရှင်းဆုံးနဲ့ စစ်မှန်စွာ Internet access ကိုရယူနိုင်စေမယ့်နည်း လမ်းများထဲမှတစ်ခုဖြစ်ပါတယ်။ Dedicated plan နှင့်ဆိုပါက သင့်ရဲ့ လုပ်ငန်းတစ်ခုတည်းကသာလျှင် သတ်မှတ်ထားတဲ့ bandwidth ပမာဏကိုရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ချမှတ်၊ သတ်မှတ် ပေးလိုက်သည့် bandwidth ပမာဏဟာ သင်အသုံးပြုဖို့အတွက် သီးသန့်သာဖြစ်ပါတယ်။ Shared plan များနဲ့ မတူတာကတော့ သင့်ရဲ့ access ဟာ လက်ခံနိုင်တဲ့ပမာဏထက်ပိုပြီးထည့်သွင်းထားသည့် အသုံးပြုသူများရှိမနေ တော့ပဲ၊ မြန်နှုန်းများကိုလည်း အာမခံချက်ပေးလာနိုင်ပြီဖြစ်ပြီး “ဖော်ပြထားသည့်ပမာဏတစ်ခုအထိ မြန်နှုန်းကိုရရှိနိုင်တယ်ဟူ၍ (up to)” နဲ့ဖော်ပြထားတာမဟုတ်တော့ပါဘူး။ အင်တာနက်လိုင်းဆွဲအားများဟာ တစ်သမတ်တည်းရှိနေမှာဖြစ်ပြီး အနှေးဆုံးလိုင်းဆွဲအားပမာဏနဲ့ ထိုသို့ဖြစ်မည့်အချိန်များကိုလည်း အာမခံချက် ပေးထားနိုင်ပါတယ်။ Download နှင့် Upload speed များဟာ အများအားဖြင့်တူညီသောမြန်နှုန်းရှိနေမှာဖြစ်ပါ တယ်။ 

လုပ်ငန်းသုံးအင်တာနက်အတွက်ရွေးချယ်ခြင်း 

ဘယ်အင်တာနက် plan ဟာ သင့်လုပ်ငန်းအတွက်အကောင်းဆုံးနဲ့အကိုက်ညီဆုံးဖြစ်မလဲဆိုတာကိုဆုံးဖြတ်ခြင်း ကတော့ သင့်ရဲ့လိုအပ်ချက်များနဲ့ ကုန်ကျစားရိတ်များအပေါ်တွင်မူတည်နေပါတယ်။ သင့်ရဲ့လုပ်ငန်းဟာ သေးငယ်တဲ့လုပ်ငန်းတစ်ခုဖြစ်ပြီး ပုံမှန်အင်တာနက်လိုအပ်ချက်များဖြစ်တဲ့ e-mail ပေးပို့ခြင်း၊ အခြေခံအသုံးပြု နေတဲ့ cloud application များကိုအသုံးပြုခြင်း၊ Online ပေါ်မှပြောဆိုဆက်သွယ်မှုပြုခြင်းနှင့် credit card နှင့် ငွေပေးခြေမှုလုပ်ငန်းစဉ်များအတွက်သာ အင်တာနက်ကိုလိုအပ်ပြီး သင်ဟာနေရာတစ်ခုတည်းတွင်ရှိနေပြီး တစ် ခါတစ်ရံတွင်မှ ကြီးမားသောဖိုင်များကိုပေးပို့ရသည်ဆိုပါစို့။ သင့်ရဲ့အဖွဲ့အစည်း/ လုပ်ငန်းဟာ တိုးတက်ဆဲဖြစ်တဲ့ အတွက် သင့်ထံတွင်လည်း budget များများစားစားသိပ်မရှိဘူးဆိုပါက၊ သင့်ရဲ့အင်တာနက်လိုအပ်ချက်များဟာ ပုံမှန်အသုံးပြုနေတဲ့အရာများအတွက်သာဖြစ်ပြီး သင့်ရဲ့ဝန်ထမ်းများဟာ ရံဖန်ရံခါတွင်ဖြစ်ပွားလေ့ရှိတဲ့ လိုင်းနှေး ကွေးသွားမှုများကြောင့် အဆင်မပြေမဖြစ်နိုင်ပဲ၊ သင်ရယူလိုက်တဲ့ up-to speed များအပေါ်မူနည်ပြီး သတိထား မိခြင်းတောင်မရှိနိုင်ဘူးဆိုရင်တော့ ဒီအခြေအနေမျိုးတွင် Shared Plan များဟာ သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ 

အကယ်၍ သင့်လုပ်ငန်းဟာ အကြီးစားနဲ့ အလတ်စား အဖွဲ့အစည်း၊ လုပ်ငန်းတစ်ခုဖြစ်ပြီး သင့်အနေနဲ့ တစ်နေ့ လုံး ကြီးမားတဲ့ဖိုင်များကိုပေးပို့နေရခြင်းရှိပါက သင့်အနေနဲ့ Download ပြုလုပ်နိုင်သည့်မြန်နှုန်းအတိုင်း Upload ပြုလုပ်နိုင်ဖို့လိုအပ်ပါလိမ့်မယ်။ သင်ဟာ Cloud ကိုလွန်စွာမှီခိုအားထားနေရမှာဖြစ်ပြီး Network တစ်ခု ကို နေရာများစွာတွင်လိုအပ်နေပြီး မြန်ဆန်စွာလည်ပတ်နေသည့် လုပ်ငန်းတစ်ခုဖြစ်နေပါက သင့်ထံတွင် နည်းပညာပိုင်းအရအထောက်အပံ့များကိုလည်းပိုမိုလိုအပ်မှာဖြစ်တဲ့အတွက် Dedicated Plan များဟာ သင့်ကို အာမခံချက်ပေးနိုင်တဲ့မြန်နှုန်းများကိုရရှိစေမှာဖြစ်ပြီး သင့်ရဲ့ budget ဟာလည်း ဒီလိုအပ်ချက်များကိုဖြည့်ဆည်း ပေးနိုင်တဲ့အခြေအနေတစ်ခုမှာရှိနေတယ်ဆိုရင်တော့ ဒီအခြေအနေမျိုးတွင် Dedicated Plan များဟာ သင့်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ 

Plan နှစ်မျိုးလုံးတွင် ဝန်ဆောင်မှုအဆင့်သဘောတူညီချက် Service Level Aggreements (SLA’s) များပါဝင်ပြီး Shared plan များဟာ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ပိုမို၍တတ်နိုင်စေပြီး သင့်တင့် လျှောက်ပတ်သော အင်တာနက်မြန်နှုန်းကိုရရှိစေမှာဖြစ်ပါတယ်။ သို့သော်လည်း သင့်ရဲ့လုပ်ငန်းလိုအပ်ချက်များ ဟာ ထို့ထက်ပိုများတယ်ဆိုရင်တော့ Dedicated plan များကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

Camusat Myanmar Co., Ltd

Camusat Myanmar Co., Ltd

OUR MISSION: In an extremely dynamic technological environment, we help telecom actors to efficiently build and optimize their networks development by integrating traditional telecom technologies with...
Show the postings (4)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)
Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS