Tags: News-Sony-Acquiring-BungieStudio-JobsInYangon
Sony က Destiny နှင့် Halo game များရဲ့ဖန်တီးသူ studio ဖြစ်သော Bungie ကို ဝယ်ယူဖို့ပြုလုပ်လျက်ရှိ
Activision Blizzard ကို ကန်ဒေါ်လာ ၆၈.၇ ဘီလျံဖြင့် ဝယ်ယူရန် Microsoft မှ စီစဉ်လျက်ရှိကြောင်း သတင်းများထွက်ပေါ်လာပြီးနောက်တွင် Sony ဟာလည်း Destiny ဂိမ်းရဲ့ developer နှင့် Halo ဂိမ်းရဲ့ original ဖန်တီးသူဖြစ်သော Bungie studio ကို ကန်ဒေါ်လာ ၃.၆ ဘီလျံဖြင့် ဝယ်ယူဖို့ပြုလုပ်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။
Bungie CEO Pete Parsons ရဲ့ blog post တစ်ခုပေါ်တွင် ရေးသားထားချက်အရ - “Bungie ဟာ ၎င်းတို့ရဲ့ game များကို တီထွင်ဆန်းသစ်မှုရှိစွာနှင့် အမှီအခိုကင်းမဲ့စွာ ဆက်လက်၍ ထုတ်လုပ်သွားမှာဖြစ်တယ်” လို့ သိရှိရပါတယ်။ Sony Interactive Entertainment ရဲ့ CEO နှင့် president ဖြစ်သူ Jim Ryan ကလည်း “Bungie ဟာ multiplatform နှင့် independent studio တစ်ခုအဖြစ်၊ publisher တစ်ဦးအဖြစ် ဆက်လက်တည်ရှိသွားမှာဖြစ်ပြီး PlayStation Studios ရဲ့ developer များနှင့် အတူတစ်ကွ ပူးပေါင်းဆောင်ရွက်မှုများကိုပြုလုပ်သွားမှာဖြစ်ပါတယ်” ဟူ၍ PlayStation Blog ပေါ်ရှိ post တစ်ခုတွင် အသိပေးပြောကြားခဲ့ပါတယ်။
Jim Ryan မှ - “Bungie ရဲ့ multi-platform များဖန်တီးမှုနှင့် live game ဝန်ဆောင်မှုများတွင် ကျွမ်းကျင်မှုများဟာ PlayStation ကို သန်းပေါင်းများစွာသော ဂိမ်းကစားသူများထံသို့ ရောက်ရှိနိုင်ရန် ချဲ့ထွင်ရာတွင် ကျွန်ုပ်တို့အတွက် များစွာအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။” “ကျွန်ုပ်တို့ဟာ ယခုအခါ PlayStation ရဲ့ လက်အောက်သို့ ပေါင်းစည်းသွားတော့မှာဖြစ်တဲ့ Bungie အဖွဲ့ဝင်များနှင့် ကျွမ်းကျင်မှုများကိုဖလှယ်ပြီး အလားအလာများကိုပိုမိုကောင်းမွန်လာစေရန်အတွက် အစီအစဉ်များကို ပြုလုပ်သွားမှာဖြစ်ပါတယ်။” ဟူ၍ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.