ချိတ်ဆွဲရန်စာတန်း: News-Sony-PlayStation-Mobile-Games-JobsInYangon
လူကြိုက်များရေပန်းစားခဲ့သော PlayStation ဂိမ်း franchise များကို ဖုန်းများပေါ်သို့ယူဆောင်လာရန် ဆိုနီမှ အားထုတ်သွားရန်ရှိနေ
Sony ၏ PlayStation Studio တွင် PlatStation ရဲ့ လူကြိုက်အများဆုံး ဂိမ်း franchise များကို မိုဘိုင်းလ်ဖုန်းများသို့ယူဆောင်လာနိုင်ရန်အတွက် executive ဝန်ထမ်းတစ်ဦးကိုခေါ်ယူဌားရမ်းလျှက်ရှိနေတာကို Eurogamer မှ သတိထားမိခဲ့ပြီး ထိုအကြောင်းအား သတင်းတစ်ပုဒ်ရေးသားခဲ့ပါတယ်။
အဆိုပါသတင်းတွင် ဂိဲမ်းအမည်များနှင့် အချိန်ကာလသတ်မှတ်ချက်များကို ဖော်ပြထားခြင်းမရှိသော်လည်း အဆိုပါ Mobile ဖုန်းဌာနရဲ့ခေါင်းဆောင်သူအသစ်အနေနဲ့ ၃ နှစ်မှ ၅ နှစ်ကြာ ဗျူဟာတစ်ခုရေးဆွဲသွားနိုင်ခြေရှိနေပါတယ်။
ဆိုနီဟာ Mobile ဖုန်းများပေါ်သို့ဈေးကွက်ချဲ့ထွင်လာခြင်းဟာ အံ့အားသင့်ဖွယ်ရာတော့မရှိလှပါဘူး။ အကယ်၍ ပိုမိုများပြားတဲ့ သုံးစွဲသူပရိသတ်ထံမှောက်သို့ သူတို့ရဲ့ဂိမ်းများကိုပို့ပေးနိုင်မယ်ဆိုပါက သူတို့အနေနဲ့ in-app purchases များထံကနေတဆင့် အကျိုးအမြတ်များကို ပြန်လည်ရယူနိုင်မှာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် Fortnite, PUBG နှင့် Roblox တိုရဲ့ အောင်မြင်မှုဟာ mobile gamer များအပေါ်တွင် များစွာမှီခိုနေတဲ့အတွက်ကြောင့် Sony ဟာလည်း သူတို့ရဲ့ Horizon Zero Dawn ကဲ့သို့သော ဂိမ်းများကို mobile ဖုန်းများပေါ်သို့ယူဆောင်လာပေးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။