Tags: News-SpaceX-Starlink-Satellite-JobsInYangon
SpaceX မှ သူတို့ရဲ့ Starlink satellite internet ကွန်ယက်ကို ဂျက်လေယာဉ်ပေါ်တွင် စမ်းသပ်ရန်အတွက် စီစဉ်လျှက်ရှိ
SpaceX ဟာ သူတို့ရဲ့ Starlink satellite internet ကို စမ်းသပ်မှုများအား လေယာဉ်ပျံများပေါ်ရှိ network နဲ့ ချိတ်ဆက်၍ စမ်းသပ်ရန် ဆန္ဒရှိနေကြောင်းကို SpaceX မှ Fedral Communications Commission သို့ တောင်းဆိုချက်တစ်ရပ်အရ သိရှိခဲ့ရပါတယ်။
နိုဝင်ဘာလ ၆ ရက်နေက SpaceX ရဲ့ Starlink user terminal များကို Gulfstream jet များပေါ်တွင် ၂ နှစ်ကြာ ထားရှိနိုင်ဖို့အတွက်ကို FCC သို့ Elon Musk ရဲ့ SpaceX ကုမ္ပဏီမှ တောင်းဆိုမှုတစ်ရပ်ပြုလုပ်ခဲ့ပြီး Private Jet ၅ စင်းပေါ်တွင် User Terminal တစ်ခုစီ တင်ဆောင်၍ စမ်းသပ်လေ့လာမှုများကို ပြုလုပ်ခွင့်ကို (၁) လေဆိပ်အတွင်း မြေပြင်ပေါ်တွင် ရပ်နားစဉ်နှင့် (၂) အမေရိကန်နိုင်ငံအတွင်း ပျံသန်းမှုများကို (အမေရိကန်ပိုင်နက်၊ အပြည်ပြည်ဆိုင်ရာပိုင်နက်များတွင်) ပြုလုပ်စဉ် တို့အတွက် တောင်းဆိုလိုတာဖြစ်ပါတယ် ဟူ၍ FCC သို့ ပေးပို့ခဲ့သောစာရွက်စာတမ်းများတွင် SpaceX မှ ရေးသားထားခဲ့ပါတယ်။
Starlink ဆိုသည်မှာ SpaceX ရဲ့ ထောင်ပေါင်းများစွာသော satellite များပါဝင်သည့် interconnected internet network တစ်ခုကိုတည်ဆောက်မည့် အစီအစဉ်တစ်ရပ်ဖြစ်ကာ ထိုအရာက ကမ္ဘာပေါ်ရှိ မည်သည့်နေရာသို့မဆို မြန်နှုန်းမြင့် အင်တာနက်ကို ပေးပို့နိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲထားသည့် အစီအစဉ်တစ်ရပ်ဖြစ်ပါတယ်။ အောက်တိုဘာလကတည်းက SpaceX ဟာ Starlink အတွက် public beta test ကို စတင်ခဲ့ပြီး အဆိုပါဝန်ဆောင်မှုအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၉၉ ကျပ် ကျသင့်မှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.