Tags: News-SpaceX-Testing-Starlink-JobsInYangon
SpaceX က သူတို့ရဲ့ Starlink satellite internet network ကိုစမ်းသပ်ခြင်းအား တိုးချဲ့လုပ်ဆောင်သွားဖို့ စီစဉ်လျှက်ရှိနေ
SpaceX က သူတို့တည်ဆောက်လျှက်ရှိတဲ့ Starlink satellite အင်တာနက်ကွန်ယက်ကို ထပ်မံစမ်းသပ်နိုင်ဖို့အတွက် demonstration များကို ပင်လယ်ကူးသင်္ဘောများအပေါ်တွင် စတင်စမ်းသပ်လိုလျှက်ရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က Elon Musk ရဲ့ space company ဟာ Federal Communications Commission (FCC) နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး Starlink user terminal ၁၀ ခုကို သူတို့ (SpaceX) ရဲ့ လှေများပေါ်တွင် တင်ဆောင်ဖို့ခွင့်ပြုနိုင်မလားဆိုတာကို မေးမြန်းခဲ့ပါတယ်။ User terminal များဆိုသည်မှာ ကုမ္ပဏီရဲ့ satellite အင်တာနက်ကွန်ယက်သို့ ချိတ်ဆက်ပေးနိုင်တဲ့ မြေပြင်ပေါ်ရှိ သေးငယ်သော device များပဲဖြစ်ပါတယ်။
“သူတို့ရဲ့ SpaceX satellite စနစ်ရဲ့ end-to-end လုပ်ဆောင်နိုင်စွမ်းတွေကို ပိုမိုမြှင့်တင်နိုင်ဖို့အတွက် သူတို့က အာဏာပိုင်များရဲ့အကူအညီကိုရယူပြီး ဒီ user terminal များကို ပင်လယ်ကူး သင်္ဘောများပေါ်တွင် ၂နှစ်ခန့်ကြာ တပ်ဆင်ထား၍ရနိုင်မလားဆိုတာကို မေးမြန်းကြည့်ခဲ့ပါတယ်။ တိတိကျကျပြောရမည်ဆိုလျှင် rocket booster များဆင်းသက်ရန်အသုံးပြုတဲ့ autonomous spaceport drone ship ၂ စီးအပါအဝင် သင်္ဘော ၁၀စီးခန့်ကို earth station ၁၀ ခု တပ်ဆင်၍ရနိုင်မလားဆိုတာကို ခွင့်ပြုချက် တောင်းခံခြင်းဖြစ်ပါတယ်။” ဟူ၍ SpaceX ရဲ့ FCC သို့ ပေးပို့ခဲ့တဲ့ file တစ်ခုတွင် ရေးသားထားခဲ့ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.