ချိတ်ဆွဲရန်စာတန်း: News-Spotify-Pandemic-RemoteWork-JobsInYangon
Spotify ဟာ သူတို့ရဲ့ဝန်ထမ်းများအနေနဲ့ ကပ်ရောဂါကာလအလွန်တွင်လည်း နေရာတိုင်းမှ အလုပ်လုပ်နိုင်ရန် အတွက်ပြင်ဆင်လျှက်ရှိ
Spotify ဟာ COVID-19 ကာလအလွန်တွင် flexible work model အဖြစ်သို့ပြောင်းလဲပေးခဲ့သော နည်းပညာကုမ္ပဏီများထဲတွင်တစ်ခုအပါအဝင်ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ အဆိုပါကိစ္စကို ဖေဖော်ဝါရီလ ၁၂ရက်နေ့၊ ၂၀၂၁ ခုနှစ်တွင် ကြေငြာခဲ့ပြီး သူတို့ဟာ “နေရာတိုင်းမှ အလုပ်လုပ်နိုင်မည့် ပုံစံ” တစ်ခုသို့ ချိန်ညှိမှုများပြုလုပ်လျှက်ရှိနေပြီး ထိုအရာက ဝန်ထမ်းများအနေနဲ့ အချိန်ပြည့်ရုံးတက်လိုသလား၊ အိမ်မှပဲ အချိန်ပြည့်အလုပ်လုပ်လိုသလား၊ ဒါမှမဟုတ် တစ်လှည့်စီလုပ်လိုသလားဆိုတာကို ရွေးချယ်နိုင်ခွင့် ရှိလာစေမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
Spotify ဟာ ဝန်ထမ်းများအနေနဲ့ သူတို့အလုပ်လုပ်လိုတဲ့ နိုင်ငံနဲ့၊ မြို့များကို ရွေးချယ်နိုင်စေဖို့အတွက် flexibility ရှိလာအောင်လည်းပြုလုပ်ပေးသွားမှာဖြစ်ပြီး အဝေးမှအလုပ်လုပ်လိုသော်လည်း အလုပ်လုပ်ရန်နေရာတစ်ခု သတ်သတ်မှတ်မှတ်ရှိလိုသူများအတွက် co-working space membership များကိုလည်း ပေးအပ်သွားဖို့ စီစဉ်လျှက်ရှိနေပါတယ်။
COVID-19 ကပ်ရောဂါကာလအလွန်တွင် ပိုမိုများပြားတဲ့ကုမ္ပဏီများဟာ work from home ပြုလုပ်ခြင်းအား အမြဲတမ်းလုပ်ဆောင်နိုင်သော option တစ်ခုအနေနဲ့ စဉ်းစားလာကြပြီဖြစ်ပြီး အဆိုပါကုမ္ပဏီများအနက်မှ Salesforce, Twitter နဲ့ Square တို့ကတော့ ထိုသို့ပြုလုပ်ပေးခြင်းကို သဘောတူကြောင်းကြေငြာချက်များ ထုတ်ပြန်ခဲ့ပြီး Microsoft ကတော့ ဝန်ထမ်းများအနေနဲ့ work from home ပြုလုပ်နိုင်စေရန် တောင်းဆိုမှုများအပေါ် ပိုမို၍ flexibility ရှိလာမှာဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။