Tags: Knowledge-IT-Spotify-Podcasts-JobsinYangon
Spotify နှင့် ကမ္ဘာတစ်ဝှမ်းယှဉ်ပြိုင်မှု
Spotify ဟာ အင်တာနက်ပေါ်မှ ဒေါင်းလုဒ်ရယူနိုင်တဲ့ ဒီဂျစ်တယ်အသံဖိုင် (podcasts) များနှင့် ပက်သက်ပြီး အလွန်ကြီးမားတဲ့အလုပ်အကိုင်အခွင့်အလမ်းကောင်းတစ်ရပ်ကိုမြင်ခဲ့ပါတယ်။
ယခုအခါ podcasting လောကတွင် Spotify ဟာ အခြားသောသူများအားလုံးနဲ့ ယှဉ်ပြိုင်နေရပါ တယ်။ ဒီအရာကို Spotify ပေါ်တွင်သာရှိမည်ဖြစ်သော အလွန်ကျော်ကြားတဲ့ podcaster တစ်ဦးကို ဌားရမ်းခြင်းဖြင့်ပြသခဲ့ပါတယ်။ Spotify ဟာ တေးသီချင်းလောကတွင် အလွန်ကျော်ကြားတဲ့ သူတို့ ရဲ့ application ကြောင့်အကျိုးအမြတ်များရရှိခဲ့ပြီး ယခုအခါတွင် ထိုအရာကိုအသုံးချပြီး podcast လောကတွင် အတွေ့အကြုံမရှိသေးသော်လည်း ယှဉ်ပြိုင်မှုအရ အားသာချက်ရရှိစေရန် လုပ်ဆောင် နေပါတယ်။ နောက်ထပ်အဓိကအားသာချက်တစ်ခုကတော့အခမဲ့ရရှိနိုင်မှုပဲဖြစ်ပါတယ်။ နောက်ထပ် လူအများကအသုံးပြုနေတဲ့ platform တစ်ခုဟာ သူတို့ထံတွင်သာရှိနိုင်မည့် အရာများ/ content များနှင့် podcast လောကထဲသို့ဝင်ရောက်လာခြင်းဟာ အခြားသောကုမ္ပဏီ များအတွက်တော့ ပြဿနာများရှိလာနိုင်ပါတယ်။
Spotify ဟာ Spotify ဟာ Podcasts များနှင့်ပက်သက်၍ အလွန်ကြီးမားတဲ့အလုပ်အကိုင် အခွင့် အလမ်းကောင်းတစ်ရပ်ကိုမြင်ခဲ့ပါတယ်။ ဖြစ်နိုင်တာတစ်ခုက ဘယ်လိုယှဉ်ပြိုင်သူတစ်ဦးချင်းစီကမှ အဆိုပါကုမ္ပဏီကို တစ်ဦးတည်းရင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ Podcasting လောကတွင် လက်ရှိ အချိန်အထိ နာမည်အကြီးဆုံးဖြစ်တဲ့ Apple ဟာ Apple Podcasts အများစုကို စီမံကိုင်တွယ်ခြင်း များမပြုပဲ နားထောင်သူများကို လွတ်လပ်စွာဝင်ထွက်သွားလာနိုင်စေပြီး၊ ဖန်တီးသူများကိုလဲ သူတို့ ရဲ့ RSS feed (ဖိုင်များ) ကို လွတ်လပ်စွာ upload ပြုလုပ်စေခဲ့ပါတယ်။ Apple ဟာ ယခုအချိန်အထိ တော့ သူတို့ရဲ့ Privacy (တစ်ကိုယ်ရေလုံခြုံမှု) ကိုအလေးပေးတဲ့ပုံစံနဲ့ဆန့်ကျင်နေတဲ့အတွက် ပြပွဲ များကိုပြသခြင်းနှင့် ကြော်ငြာများရောင်းချခြင်းကို မပြုလုပ်သေးပါဘူး။ Spotify ဟာ ဒီနေရာကို ရယူနိုင်နေပါတယ်။ အကယ်၍ Apple မှ အပြိုင်အဆိုင်လုပ်လိုလျှင်တောင်မှ အခြားသော ပြပွဲကြီး များကိုရှာဖွေရဦးမှာဖြစ်ပြီး Spotify ဟာ အသာစီးကိုရရှိထားတာပဲဖြစ်ပါတယ်။
ပိုမို၍အရေးကြီးတဲ့အချက်ကတော့ ဒီ podcast များဟာ Spotify ကို ချက်ချင်းငွေကြေးအကုန် အကျများပြားစေနိုင်သော်လည်း အနာဂါတ်တွင်မူ ဒီအရာများမှ အမြတ်အစွန်းများရရှိလာမှာဖြစ်ပါ တယ်။ သူတို့ရဲ့ platform ပေါ်တွင် တစ်စုံတစ်ယောက်က သီချင်းများကို အွန်လိုင်းပေါ်မှ (streaming) ပြုလုပ်ပြီးနားထောင်သည့်အချိန်တိုင်းတွင် ထိုနားထောင်မှုတိုင်းအတွက် ထုတ်လုပ်သူ ကို ငွေပေးခြေမှုပြုလုပ်ရပါတယ်။ Podcasts များအနေနဲ့ဆိုရင်တော့ ကုမ္ပဏီဟာ အခြားသူများ (Third party) များကို ငွေပေးခြေစရာလိုတော့မှာမဟုတ်ပါဘူး။ သူတို့ထံတွင်သာရရှိနိုင်မည့် deal များနှင့် သူတို့ရဲ့ကိုယ်ပိုင် ပရိုဂရမ်ရေးဆွဲမှုများနှင့်ဆိုပါက သူတို့ထည့်သွင်းထားတဲ့ ကြော်ငြာများ ကြောင့် သူတို့ဟာ နားထောင်မှုတစ်ခုခြင်းစီတိုင်းအတွက် အမြတ်အစွန်းများကို ပိုမိုရရှိလာမှာဖြစ်ပါ တယ်။ Spotify ရဲ့ podcasts များတွင် premium အသုံးပြုသူများပါ ကြော်ငြာများကိုကြားနေရမှာ ဖြစ်တဲ့အတွက် spotify ဟာ ဒီကိစ္စရပ်များကြောင့် အမြတ်အစွန်းများ (၂) ဆခန့် ပိုမိုရရှိတော့မှာဖြစ် ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.