ချိတ်ဆွဲရန်စာတန်း: News-Squarespace-10 Billion-JobsInYangon
Squarespace ဟာ ယခုအခါတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ တန်ကြေးသို့ ရောက်ရှိခဲ့ပြီဖြစ်
Website builder နှင့် web hosting ကုမ္ပဏီတစ်ခုဖြစ်သော Squarespace ဟာ ယခုအခါတွင် နောက်ဆုံးပြုလုပ်ခဲ့သော ရှယ်ယာထည့်ဝင်ရေးအစီအစဉ်တစ်ခုတွင် နောက်ထပ် ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကို ရရှိခဲ့ပြီးနောက်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့် တန်ကြေးရှိသော ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။
အဆိုပါပွဲတွင် ကုမ္ပဏီအား လက်ရှိငွေကြေးအရ ထောက်ပံ့ပေးနေသော Accel နှင့် General Atlantic တို့မှ ပါဝင်ဆင်နွှဲခဲ့သလို အချို့သော ထောက်ပံ့ပေးသူကုမ္ပဏီအသစ်အချို့မှလည်း ပါဝင်ဆင်နွှဲခဲ့ပြီး ထိုကုမ္ပဏီများအထဲတွင် - Dragoneer, Tiger Global, D1 Capital Partners, Fidelity Management & Research Company, Funds and accounts advised by T.Rowe Price Associates Inc. နှင့် Spruce House တို့မှလည်း ပါဝင်ခဲ့ကြပါတယ်။
ကုမ္ပဏီရဲ့ site ပေါ်တွင် ရေးသားခဲ့တဲ့ post တစ်ခုတွင်လည်း Squarespace ရဲ့ တည်ထောင်သူနှင့် CEO ဖြစ်သူ Anthony Casalena ဟာ ကုမ္ပဏီအနေနဲ့ ထုတ်ကုန်များထပ်မံချဲ့ထွင်နိုင်ဖို့အတွက်တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူအသစ်များကို ကြိုဆိုကြောင်း ဖော်ပြတဲ့အနေနဲ့ “ကျွန်ုပ်တို့ဟာ ရင်းနှီးမြှုပ်နှံသူအသစ်များကို ဝမ်းသာအားရကြိုဆိုပြီး ကျွန်ုပ်တို့ရဲ့ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုလည်း ကမ္ဘာတစ်လွှားရှိ အသုံးပြုသူများထံသို့ ရောက်ရှိနိုင်စေရန်အတွက် ကြိုးစားသွားမှာဖြစ်ပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။