ချိတ်ဆွဲရန်စာတန်း: News-Steam-Deck-Gaming-JobsInYangon
Steam Deck ဟု အမည်ပေးထားတဲ့ Handheld Steam Gaming Device တစ်ခုကို Steam မှ ကြေငြာ
Video game platform တစ်ခုဖြစ်တဲ့ Steam ဟာ handheld Steam gaming device တစ်ခုဖြစ်တဲ့ Steam Deck ကို ထုတ်ဖော်ပြသလိုက်ပြီပဲဖြစ်ပါတယ်။ ၎င်းကို လာမည့်ဒီဇင်ဘာလမှစတင်၍ အမေရိက၊ ကနေဒါ၊ ဥရောပနှင့် UK ဒေသများတွင် ကန်ဒေါ်လာ ၃၉၉ ခန့်ဖြင့် ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။
အဆိုပါ device ဟာ Nintendo Switch device နှင့်ဆင်တူပြီး ၇” touch screen, 1280x800 resolution နဲ့ 60Hz refresh rate တို့ဖြင့် ထွက်ရှိလာမှာဖြစ်သလို dual thumbstick များ, 32.5 mm square trackpad များနဲ့ analog directional pad, အဓိက face button ၄ခု, Trigger များနဲ့ grip button များအပြင် gyroscope control များလည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် headphone jack, stereo speaker များ, dual microphone များ, haptic feedback တို့လည်းပါဝင်လာမှာဖြစ်ပြီး အလေးချိန်အားဖြင့်တော့ ၆၆၉ ဂရမ်ခန့်သာ လေးမှာဖြစ်ပါတယ်။
Hardware ပိုင်းတွင်တော့ AMD နှင့်ပူးပေါင်းထုတ်လုပ်ထားတဲ့ Steam Deck ရဲ့ custom chipset ဟာ 2.4-3.5GHz processor နှင့် 1.0-1.6GHz GPU, LPDDR5 RAM 16GB နှင့် microSDcard ဖြင့် 512GB အထိ တိုးမြှင့်၍ရနိုင်သော internal storage တို့ပါဝင်လာမှာဖြစ်ပါတယ်။ Valve ရဲ့ ပြောကြားချက်အရ တစ်ခါအားသွင်းထားလျှင် ဘက်ထရီသက်တမ်းမှာ ၂ နာရီမှ ၈ နာရီအထိ ခံနိုင်ရည်ရှိပြီး ဂိမ်းကစားသူများမှ ကစားမယ့်ဂိမ်းများအပေါ်မူတည်၍ အပြောင်းအလဲရှိလာနိုင်ကြောင်းကို သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။