Jobs In Myanmar
Load...

Strategic Human Resource Management: The Basics (Part – 1)

by www.jobsinyangon.com


Tags: Knowledge-Strategic-HRM-Basics-JobsInYangon



လူသားအရင်းအမြစ်များကို နည်းဗျူဟာကျကျ စီမံခန့်ခွဲခြင်း၏ အခြေခံသိကောင်းစရာများ (အပိုင်း - ၁)
 
 
လူများ (ဝန်ထမ်းများ) ကိုစီမံခန့်ခွဲမှုပြုကြရာတွင် Strategic Human Resource Management ဟာ မရှိမဖြစ်အရေးပါတဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ ယခုတစ်ပတ်ရဲ့ ဒီဆောင်းပါးလေးအတွင်းမှာတော့ Strategic HR Management ရဲ့အကြောင်းနဲ့အတူ ကျွန်ုပ်တို့ရဲ့ HR အလုပ်မှာ ထိုအရာက ဘယ်လိုမျိုး အကျိုးသက်ရောက်မှုများကို ပေးစွမ်းနိုင်သလဲဆိုတာကို ရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ ထို့အပြင် Strategic HR Management ကိုအသုံးပြု၍ ကောင်းမွန်သောအကျိုးသက်ရောက်မှုများကို ရရှိနိုင်ရန်အတွက် အကြံပြုချက် (၅) ချက်ကိုလည်း တစ်ဆက်တည်း ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 
 
Strategic HR Management ဆိုသည်မှာ နည်းဗျူဟာဟု အဓိပ္ပါယ်ရသည့် (Strategy) နှင့် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု (Human Resource Management) ကို ပေါင်းစည်းထားသော စကားလုံးတစ်ခုပဲဖြစ်ပါတယ်။ HRM ဆိုသည်မှာ ဝန်ထမ်းများကိုစီမံခန့်ခွဲခြင်းအတွက် သီးခြားခွဲထွက်နေသော အယူအဆများ၊ ဖြေရှင်းနည်းများဖြစ်ပြီး အလုပ်အပေါ် အာရုံစူးစိုက်မှုမြင့်မားပြီး စွမ်းဆောင်ရည်ကောင်းမွန်သော လုပ်သားအင်အားစုကို များစွာသော အစဉ်အလာထုံးတမ်းများ၊ အဖွဲ့အစည်းတည်ဆောက်ပုံနည်းလမ်းများနှင့် ဝန်ထမ်းခေါ်ယူဌားရမ်းရေးနည်းလမ်းများကို အသုံးပြုပေးခြင်းဖြင့် နည်းဗျူဟာကျကျ ခေါ်ယူဌားရမ်းနိုင်ပြီး လုပ်ငန်းအပြိုင်အဆိုင်များအကြားတွင် အသာစီးရရှိနိုင်ရန်အတွက် ရည်ရွယ်သော နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။ 
 
အချုပ်အားဖြင့် HRM တွင် မတူကွဲပြားသည့် များစွာသောနည်းစနစ်များကို အသုံးပြုရခြင်းပါဝင်နေပြီး ထိုအရာများတွင် - 
 
• ဝန်ထမ်းခေါ်ယူဌားရမ်းခြင်းနည်းစနစ်များဖြစ်ကြတဲ့ ဝန်ထမ်းခေါ်ယူခြင်း၊ ရာထူးတိုးခြင်း၊ ဝန်ထမ်းများအားပြန်လည်အကျိုးပြုခြင်း ကဲ့သို့သောအရာများ။ 
 
• အဖွဲ့အစည်းတည်ဆောက်မှုဆိုင်ရာနည်းစနစ်များဖြစ်ကြတဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ရပ်၏ မူများကိုရေးဆွဲခြင်းကဲ့သို့သော လုပ်ဆောင်ချက်များနှင့်အတူ 
 
• ထုံးတမ်းအစဉ်အလာတည်ဆောက်ခြင်းနည်းလမ်းများဖြစ်တဲ့ စွမ်းဆောင်ရည်မြင့်မားသော လုပ်ငန်းခွင်အစဉ်အလာများကိုတည်ဆောက်ခြင်းနှင့် တည်မြဲစေရန် ပြုလုပ်ပေးခြင်းတို့ ပါဝင်လျှက်ရှိနေပါတယ်။ 
 
”Human Resource Management A Critical Text” စာအုပ်အားရေးသားခဲ့သူ JOHN STOREY ၏ အဆိုအရ ထိုအရာများအားလုံးသည် “လုပ်ငန်းအပြိုင်အဆိုင်များအကြားတွင် အသာစီးရရှိစေရန်” ပဲဖြစ်ပါတယ်။ လုပ်ငန်းသဘောအရ အသာစီးရရှိထားခြင်းသည် လုပ်ငန်းအဖွဲ့အစည်းတစ်ခုအား အခြားသောပြိုင်ဖက်လုပ်ငန်းများအနက်တွင် ထင်ပေါ်ကျော်ကြားစေနိုင်ပါတယ်။ Strategic HRM ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ဒုတိယပိုင်းကတော့ “နည်းဗျူဟာကျကျ အသုံးချနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်ခြင်း” ပဲဖြစ်ပါတယ်။ 
 
၂၀၀၀ ပြည့်နှစ်များအလွန်တွင် Strategic HRM ဟာ လွန်စွာရေပန်းစားလာခဲ့ပါတယ်။ HR ကို ယခင်က “အမြဲတမ်းဆိုသလို ထိရောက်မှုမရှိသော၊ အလုပ်မတွင်သော၊ ကုန်ကျစားရိတ်များသော အပိုတာဝန်တစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။” HR professional တစ်ဦးဖြစ်သူ Ulrich ၏ အဆိုအရ HR ဟာ ကုမ္ပဏီတစ်ခု၏ လုပ်ငန်းဆောင်တာများကို ပိုမို၍တိုးတက်မှုရှိလာစေသင့်ပြီး နည်းဗျူဟာကျကျ ဆောင်ရွက်ရမည့်အရာတစ်ခုလည်းဖြစ်နေပြန်ပါတယ်။ ထို့အတွက်ကြောင့် HR များအနေနဲ့ ကုမ္ပဏီကိုအကျိုးပြုနိုင်ရန်အတွက် လုပ်ငန်းစီးပွားရေးဆိုင်ရာနည်းဗျူဟာများနဲ့ ပိုမို၍ ကိုက်ညီမှုရှိနေရန် လိုအပ်မှာဖြစ်ပါတယ်။ 
 
Strategic HRM ဟာ ထိုသို့သောလိုအပ်ချက်များကြောင့်လည်း ပေါ်ထွက်လာရခြင်းပဲဖြစ်ပါတယ်။ ထိုအရာက HRM ရဲ့ အားထုတ်မှုများကို လုပ်ငန်းစီးပွားရေးလုပ်ငန်းတစ်ခုတွင် ဦးစားပေးရမည့်အရာများနှင့် ချိန်ညှိပေးနိုင်ရန်ရည်ရွယ်ထားပါတယ်။ ထို့အတွက်ကြောင့် Strategic HRM ဆိုသည်မှာ လုပ်ငန်းစီးပွားရေးဆိုင်ရာရည်မှန်းချက်များကို ပါးနပ်လိမ္မာ၍ ပရိယာယ်ကြွယ်ဝသော လူသားအရင်းအမြစ်စီမံခန့်ခွဲရေးဆိုင်ရာပညာရပ်အားဖြင့် ထိန်းကျောင်းတည့်မတ်ပေးခြင်းပဲဖြစ်ပါတယ်လို့ ပြောကြားရင်း ယနေ့ article လေးကို အဆုံးသတ်လိုက်ပါတယ်။ မနက်ဖြန်တွင် ဆက်လက်၍ Strategic HR Management ကိုအသုံးပြု၍ ကောင်းမွန်သောအကျိုးသက်ရောက်မှုများကို ရရှိနိုင်ရန် အကြံပြုချက် (၅) ချက်ကို ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။ 
 
 
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PMJ Company Limited

PMJ Company Limited

Elabram Systems CO., LTD.

Elabram Systems CO., LTD.

Our in-depth understanding of our customers' requirements allow us to deliver quality solutions and maintain long-term relationship. Elabram believes in integrity and effective management with an empo...
Show the postings (5)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
i engineering Myanmar Ltd

i engineering Myanmar Ltd

Become the leading provider of managed services to the telecom industry in Africa the Mideast and South East Asia, seamlessly integrating our core competencies with our customers’ businesses, and pr...
Show the postings (13)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS