Jobs In Myanmar
Load...

စိတ်ဖိစီးမှုများကို ထိန်းချုပ်နိုင်မည့် သိကောင်းစရာများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Stress-Management-HR-JobsinYangon



စိတ်ဖိစီးမှုများကို ထိန်းချုပ်နိုင်မည့် သိကောင်းစရာများ
 

ယနေ့အခါတွင် ကျွန်ုပ်တို့ဟာ နေ့စဉ်အလုပ်တာဝန်များကြောင့် ဖိအားများနဲ့ရင်ဆိုင်နေရကာ စိတ်ဖိစီးမှုများ အနည်းနှင့်အများရှိနေတတ်ကြ ပါတယ်။ ထိုအခါ မိမိကိုယ်ကို အနားပေးနိုင်ဖို့အတွက် ကျွန်ုပ်တို့ဟာ စိတ်ဖိစီးမှုများကိုရင်ဆိုင်ကျော်လွှားနိုင်ရန်နဲ့ ထိန်းချုပ်နိုင်ရန်အတွက် လိုအပ်လာပါတယ်။ 

ဒါ့ကြောင့်ကျွန်ုပ်တို့မှ စိတ်ဖိစီးမှုများကို ထိန်းချုပ်နိုင်ရန်အတွက် သိကောင်းစရာအချက်အချို့ကိုဖော်ပြပေးချင်ပါတယ်။ 

 

• အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်ထားပါ။
• သင်ထိန်းချုပ်လို့မရနိုင်တဲ့ ကိစ္စတွေရှိတယ်ဆိုတာကို လက်ခံပါ။
• စိတ်တိုဒေါသထွက်တာမျိုးမရှိစေဘဲ မိမိကိုယ်ကိုယုံကြည်မှုရှိပါစေ။ ဝေဖန်ထိုးနှက်မှုတွေကို ခုခံကာကွယ်ချင်စိတ်ရှိပြီး ဒေါသထွက်ခြင်းထက် မိမိရဲ့ ခံစားမှု၊ ထင်မြင်ချက် သို့မဟုတ် ယုံကြည်ချက်တွေကို အများလက်ခံလာနိုင်အောင် ပြောဆိုပါ။
• စိတ်အပန်းပြေစေတဲ့ နည်းလမ်းတွေဖြစ်တဲ့ တရားထိုင်ခြင်း ၊ယောဂကျင့်ခြင်း သို့ စိတ်ဖိစီးမှုကို ထိန်းချုပ်စီမံနိုင်ဖို့အတွက် ထိုက်ချိ တို့ကို လေ့လာသင်ယူ လေ့ကျင့် ပါ။ 
• လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ကျန်းမာသန်စွမ်းနေတဲ့ အချိန်မှာ သင့်ရဲ့ခန္ဓာကိုယ် ဟာ စိတ်ဖိစီးကို ပိုပြီးဆန့်ကျင်တိုက်ထုတ်နိုင်ပါတယ်။
• ကျန်းမာရေးနဲ့ ညီညွတ်ပြီး သင့်တင့်မျှတတဲ့ အစားအသောက်တွေစားပါ။
• သင့်ရဲ့ အချိန်ကို ပိုပြီး အကျိုးရှိရှိစီမံခန့်ခွဲနိုင်ဖို့အတွက် သင်ယူပါ။
• သင့်တော်တဲ့ ကန့်သက်ချက်တွေထားပါ။ သင့်ရဲ့ဘဝမှာ စိတ်ဖိစီးမှုတွေပိုဖြစ်စေ နိုင်တဲ့ တောင်းဆိုမှုတွေကို ငြင်းပယ်နိုင်ဖို့ ပြင်ဆင်ထားပါ(သင်ယူပါ)။
 
သင့်ရဲ့ ဝါသနာတွေ စိတ်ဝင်စားတဲ့အရာတွေပြုလုပ်ဖို့နဲ့ အနားယူ အပန်းဖြေဖို့အတွက် အချိန်တွေ ဖန်တီးပါ။
လုံလောက်စွာ အိပ်စက်အနားယူပါ။ သင့်ရဲ့ခန္ဓာကိုယ်ဟာ စိတ်ဖိစီးမှုများတဲ့ကိစ္စ တွေကနေ ပြန်လည်ကောင်းမွန်လာဖို့အတွက် အချိန်လိုအပ်ပါတယ်။
 
စိတ်ဖိစီးမှုကို လျော့ချဖို့အတွက် အရက်၊မူးယစ်ဆေးဝါး သို့ စွဲသွားစေတတ်တဲ့ အပြုအမူတွေ အပေါ်မှာ မှီခိုခြင်းမပြုပါနှင့်။
 
လူမှုရေးကဏ္ဍမှ အထောက်အပံ့အကူအညီရယူပါ။ သင်နှစ်သက်သဘောကျတဲ့ သူတွေနဲ့ အတူတူ အချိန်ဖြုန်းပါ။
သင့်ရဲ့ဘဝမှာ ကြုံတွေလာရတဲ့ စိတ်ဖိစီးမှုတွေကို ကိုယ်တွယ် ဖြေရှင်းနိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်း တွေကိုသင်ယူနိုင်ဖို့အတွက် စိတ်ပညာရှင်များ သို့မဟုတ် စိတ်ဖိစီးမှု စီမံထိန်းချုပ်ရေး နှင့် Biofeedback Techniques ( စိတ်နဲ့ထိန်းချုပ်လို့ မရနိုင်တဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို စီမံထိန်းချုပ်တဲ့ နည်းလမ်းများ) ဆိုင်ရာ စိတ်ပညာ ပရော်ဖက်ရှင်နယ်များနှင့် တွေ့ဆုံကုသမှုတွေပြုလုပ်ပါ။
 
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
 
 

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
GIORDANO MYANMAR

GIORDANO MYANMAR

..Creation Myanmar Co., Ltd (Giordano)....
Show the postings (15)
Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS