Jobs In Myanmar
Load...

Talent Management by Successful Companies

by www.jobsinyangon.com


Tags: Knowledge-Talent-Management-HR-JobsinYangon



အောင်မြင်နေသော ကုမ္ပဏီများ၏ အရည်အချင်းရှိ ဝန်ထမ်းများအား စီမံခန့်ခွဲမှု

 

အရင်ဆောင်းပါးမှာတော့ အောင်မြင်တဲ့ ကုမ္ပဏီတွေဟာ ခေါင်းဆောင်တွေကို ဘယ်လိုပျိုးထောင်ဖန်တီးပြီး သူတို့ရဲ့ လုပ်သက်ကြာလာတာနဲ့အမျှ ပိုပြီး အရေးပါတဲ့ ကဏ္ဍအတွက် ဘယ်ပုံဘယ်နည်းပြင်ဆင်ပေးတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးတင် ပြခဲ့ပြီး ဖြစ်ပါတယ်။ ဝန်ထမ်းစီမံခန့်ခွဲရေး လုပ်ဆောင်ချက် (HRM Function)က အရေး ပါပါတယ်။ ဘာကြောင့်လည်းဆိုတော့ လုပ်ငန်းအစိတ်အပိုင်းတစ်ခုတည်းမှာသာ မက ဘဲ နေရာစုံမှာ ကျွမ်းကျင်မှုရှိဖို့လိုအပ်တာကြောင့်ဘဲဖြစ်ပါတယ်။ တခြားနည်းနဲ့ ပြောရမယ်ဆိုရင်တော့ ကုမ္ပဏီတစ်ခုမှာ အရည်အသွေးမြင့်တဲ့ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ဈေးကွက်ထဲမှာ အမှတ်အသားတစ်ခု(Brand Image) ပိုင်ဆိုင် ထားပြီး အဲ့ဒီအရည်အသွေးမြင့်တဲ့ဝန်ထမ်းတွေ ကုမ္ပဏီမှာအမှန်တကယ် အလုပ်ဝင်လုပ်တဲ့ အချိန်မှာ ကောင်းကောင်းမစွမ်းဆောင်နိုင်ဘူးဆိုရင်တော့ အဆင်မပြေနိုင်သေးပါဘူး။

အိန္ဒိယနိုင်ငံရှိ အကြီးစားအိုင်တီကုမ္ပဏီတစ်ခု ဖြစ်တဲ့ Infosys ကိုဥပမာနေနဲ့ ကြည့်ကြပါစို့။ Infosys မှာ အလုပ်ဝင်ဖို့ဆိုတာက ဘွဲ့ရပြီးကာစကျောင်းသား/ သူ တိုင်းရဲ့ အိပ်မက် ပါ။ဒါပေမယ့် ပြီးခဲ့တဲ့လတွေအတွင်းမှာ ကုမ္ပဏီမှာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်လာရပါတယ်။ အကြောင်းကတော့ ကုမ္ပဏီအနေနဲ့ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ထိန်းသိမ်းပျိုးထောင်တဲ့နေရာမှာ ကောင်းကောင်းမလုပ်ဆောင်နိုင်ခဲ့ လို့ပါ။ အခြားတစ်ဖက်မှာတော့ Microsoft ၊ Google နှင့် Apple တို့လို ကုမ္ပဏီတွေ ဟာဈေးကွက်ထဲမှာ ရှိနေတဲ့အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ခဲ့ရုံသာ မကဘဲ ၎င်းတို့ကို ကောင်းကောင်း ပျိုးထောင်နိုင်ခဲ့ပြီး အခြားကုမ္ပဏီတွေအတွက် အတုယူစရာ ပုံစံကောင်း တစ်ခုအဖြစ်ရပ်တည်နေနိုင်ပါတယ်။

ဒီဆောင်းပါးကတော့ အောင်မြင်တဲ့ကုမ္ပဏီတွေရဲ့ အကောင်းဆုံး အရည်အချင်းရှိ ဝန်ထမ်းစီမံခန့်ခွဲရေးလုပ်ဆောင်ချက်တွေနဲ့ အရည်အချင်းရှိဝန်ထမ်းတွေကို လေ့ကျင့်ပျိုးထောင်တဲ့နေရာမှာ ဝန်ထမ်းစီမံခန့်ခွဲရေး လုပ်ဆောင်ချက် (HRM Function)ရဲ့ အခန်းကဏ္ဍကို သုံးသပ်တင်ပြထားတာဘဲဖြစ်ပါတယ်။

အရည်အချင်းရှိဝန်ထမ်းစီမံခန့်ခွဲရေးတွင် ပါဝင်သောကဏ္ဍအချို့

ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတွေလုပ်ဆောင်သင့်တဲ့ ပထမဆုံးအချက်ကတော့ ဝန်ထမ်းငှားရမ်းခန့်အပ်တဲ့ နေရာမှာ အမြင်မကျဉ်း(အစွဲကင်း)ဖို့ဘဲ ဖြစ်ပါတယ်။ အဲ့ဒီအစား ကမ္ဘာအနှံ့က အရည်အချင်းရှိဝန်ထမ်းတွေကို  ခန့်အပ်ခြင်း၊ လူမှုရေးနောက်ခံ အမျိုးမျိုးရှိတဲ့ ဝန်ထမ်း တွေကို ခန့်အပ်ခြင်း၊ ယေဘုယျအားဖြင့် ဝန်ထမ်းတွေခန့်ထားမှုကိုနေရာအနှံ့အပြားကဖြစ်နေအောင် လုပ်ဆောင်ထား သင့်ပါတယ်။ နောက်တစ်ချက်ကတော့ အဖွဲ့အစည်းအနေနဲ့ ခေါင်းဆောင်အသစ် တွေ ခန့်အပ်ဖို့ လိုအပ်လာတဲ့ အခြေအနေမျိုးနဲ့ တွေ့ကြုံလာရတဲ့အချိန်မှာ ခေါင်းဆောင် အသစ်တွေ အဆင်သင့်ခန့်အပ်နိုင်ဖို့အတွက် အရည်အချင်းရှိတဲ့ဝန်ထမ်း တွေကို ပျိုးထောင်ခြင်းဘဲ ဖြစ်ပါတယ်။ ဒါက ကုမ္ပဏီအများစု လိုက်နာတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်ပေမယ့် အောင်မြင်တဲ့ ကုမ္ပဏီတွေကတော့ ခေါင်းဆောင် ဖြစ်နိုင်ချေရှိသူဟု သက်သေပြနိုင်သူတွေကိုသာမကဘဲ တဖြည်းဖြည်းတိုးတက်လာတဲ့ ဝန်ထမ်းတွေကိုလည်း သိရှိထားအောင် ပြုလုပ်ထားကြပါတယ်။ အဓိက အချက်ကတော့ အောင်မြင်တဲ့ အရည်အချင်းရှိဝန်ထမ်းစီမံခန့်ခွဲရေးတစ်ခုမှာ HRM နဲ့ အကြီးတန်းစီမံခန့်ခွဲရေး အနေနဲ့  ခေါင်းဆောင်ဖြစ်လာနိုင်ချေရှိသူတွေကို စာရင်းပြုစု ထားနိုင်ရမှာ ဖြစ်ပါတယ်။

အောင်မြင်နေတဲ့ ကုမ္ပဏီတွေဟာ အောက်ခြေအဆင့်တွေကစတင်ပြီး အလယ်အလတ် တန်းနဲ့ အကြီးတန်းစီမံခန့်ခွဲမှုအထိ ကြိုးစားလုပ်ဆောင်နေပါတယ်။ အောင်မြင်တဲ့ အရည်အချင်းရှိဝန်ထမ်း စီမံခန့်ခွဲရေးအတွက် တတိယကဏ္ဍကတော့ လက်ရှိဝန်ထမ်း တွေအတွက် ရာထူတိုးနိုင်ဖို့အတွက်ကော၊ အသိပညာနှင့် ကျွမ်းကျင်မှုတိုးနိုင်ဖို့အတွက် ပါ အခွင့်အလမ်းတွေဖန်တီး ထောက်ပံ့ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဝန်ထမ်းတွေအနေနဲ့ သူတို့ရွေးချယ်ထားတဲ့ အလုပ်တစ်ခုမှာ ပျော်ရွှင်ကျေနပ်မှုရရှိနိုင်ဖို့ နဲ့ ပါဝင်လုပ်ဆောင်ရတဲ့ အခန်းကဏ္ဍတွေ ပြောင်းလဲနိုင်ဖို့အတွက် ရွေးချယ်စရာတွေ ထောက်ပံ့ပေးဖို့ဘဲဖြစ်ပါတယ်။ ဒီကဏ္ဍက အရမ်းကိုအရေးကြီးရတဲ့ အကြောင်းပြချက် ကတော့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ဝန်ထမ်းတွေကို အလုပ်ဆောင်ရွက်ချက်နဲ့ရာထူး နေရာတွေ ပြောင်းလဲနိုင်ဖို့အတွက် အခွင့်အရေးတွေကို ထောက်ပံ့မပေးဘဲ ဝန်ထမ်း တွေကို ထိန်းချုပ်ထားတဲ့ အခါမှာ  ဝန်ထမ်းများအကြားမှာ စိတ်မကျေနပ်မှုများ ဖြစ်လာနိုင်ပါတယ်။

စိတ်ကျေနပ်မှုရရှိနိုင်တဲ့ လုပ်ငန်းအစဉ်အလာတစ်ခု ဖန်တီးခြင်း

အောင်မြင်တဲ့ အရည်အချင်းရှိဝန်ထမ်းစီမံခန့်ခွဲရေး အတွက် စတုတ္ထကဏ္ဍကတော့ အောင်မြင်နေတဲ့ ကုမ္ပဏီတွေဟာ အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကို သူတို့ရဲ့ အလုပ်လုပ်ကိုင်ရာ နေရာတွေကိုပြောင်းလဲဖို့အတွက် အခွင့်အရေးတွေဖန်တီးပေးခြင်း ဖြစ်ပါ တယ်။အဲဒီလိုပြောင်းလဲရခြင်းရဲ့ ရည်ရွယ်ချက်ကလည်း အခက်အခဲတွေ ကြုံနေရ တဲ့ နေရာတွေကို သူတို့ကိုကူညီဖို့အတွက် ပို့လိုက်ရုံသာမဟုတ်ဘဲ အဲ့ဒီ    ဝန်ထမ်းတွေ အခက်အခဲတွေကို ကူညီဖြေရှင်းပေးရင်း သူတို့ရဲ့ စွမ်းဆောင်ရည်ကိုတိုးတက်အောင် ပြုလုပ်နိုင်စေဖို့လည်း ရည်ရွယ်ပါတယ်။ ဒီမှာ အရေးကြီးတဲ့အချက်ကတော့ ဝန်ထမ်း တွေအနေနဲ့ ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေတဲ့နေရာမှာ သူတို့ရဲ့ လုပ်ဆောင်ချက် တွေဟာ အရေးပါအရာရောက်တယ်လို့ ခံစားရဖို့နဲ့ သူတို့ရဲ့ မိမိကိုယ်ကိုဆန်းစစ်သိ မြင်ဖို့နဲ့ စိတ်ကျေနပ်မှု ရရှိဖို့ဆိုတဲ့ လိုအပ်ချက်တွေကို ကုမ္ပဏီက တာဝန်ယူဖြည့်ဆည်း ပေးနေတယ်လို့ ခံစားရဖို့ဘဲ ဖြစ်ပါတယ်။

တကယ်တော့ အောင်မြင်နေတဲ့ ကုမ္ပဏီတွေမှာ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ တိုးတက်မှုကို ဖန်တီးမြင့်တင်နိုင်အောင် အားပေးလှုံ့ဆော်ပေးနိုင်တဲ့ လုပ်ငန်းခွင်တွေဖန်တီးရေးဆိုတဲ့ ဝန်ထမ်းဦးစားပေး မူဝါဒတွေရှိတတ်ကြပါတယ်။ ပြီးတော့ သူတို့ရဲ့ လုပ်ငန်းခွင်တွေဟာ ကုမ္ပဏီအကျိုးအမြတ်ရရှိရေးကိုသာ ဦးစားပေးတတ်တဲ့ လုပ်ငန်းခွင်တွေထက်ပိုပြီး ကျေနပ်ပျော်ရွှင်စရာကောင်းပါတယ်။

နိဂုံးချုပ်အတွေးများ

နောက်ဆုံးဖော်ပြချင်တာကတော့ အောင်မြင်တဲ့ကုမ္ပဏီတွေမှာ လစာငွေပေးချေတဲ့ ပုံစံတွေက အခြားကုမ္ပဏီတွေထက် ပိုမိုများပြားကောင်းမွန်လေ့မရှိဘဲ အခြား ကုမ္ပဏီများ နည်းတူဖြစ်နေတတ်ပေမယ့် အခက်အခဲပဋ္ဋိပက္ခဖြစ်မှုတွေတော့ ပိုနည်းပါးလေ့ ရှိပါ တယ်။ မိတ်ဆက်စာပိုဒ်မှာ ဖော်ပြခဲ့သလိုပင် အောင်မြင်တဲ့ အရည်အချင်းရှိဝန်ထမ်း စီမံခန့်ခွဲရေးမှာ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ အရည်အချင်းရှိဝန်ထမ်း စီမံခန့်ခွဲမှု နဲ့ စွမ်းဆောင်မှုပိုင်းဆိုင်ရာစီမံခန့်ခွဲမှု အစရှိတဲ့ ကဏ္ဍတွေအားလုံးပြည့်စုံ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။  ပထမအကြောင်းအရာနှစ်ခုဖြစ်တဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်မှုနဲ့ အရည်အချင်းရှိဝန်ထမ်းစီမံခန့်ခွဲမှု တွေကို ဆွေးနွေးတင်ပြခဲ့ပြီးပြီဖြစ်ပြီး နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တဲ့ 

“အောင်မြင်တဲ့ကုမ္ပဏီများရှိ စွမ်းဆောင်မှုပိုင်းဆိုင်ရာစီမံခန့်ခွဲမှု” အကြောင်းကိုလည်း နောက်ဆောင်းပါးမှာ ဆွေးနွေးတင်ပြပေးသွားမှာ ဖြစ်လို့ စောင့်မျှော် ဖတ်ရှု့ကြပါဦးခင်ဗျာ…………………..

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


River King Ayeyar Construction Co., Ltd.

River King Ayeyar Construction Co., Ltd.

Our Vision To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us. Our Mission To deliver excellence quality in time...
Show the postings (19)
Digital Laboratory Co., Ltd.

Digital Laboratory Co., Ltd.

..1. MOBILE APP DEVELOPMENT State of the art iOS and Android mobile app development and UI / UX design 2. WEB DEVELOPMENT Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)
One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)
Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS