Jobs In Myanmar
Load...

Talent Management: Sustaining Performance

by www.jobsinyangon.com


Tags: Knowledge-Recruitement-Talent-Management-JobsInYangon



Talent Management: လုပ်ငန်းစွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ခြင်း 

 

လုပ်ငန်းအဖွဲ့အစည်းများတွင် တိုးတက်မှုများဖြစ်ပေါ်လာစေရန်အတွက် အရေးအပါဆုံးအချက်ဟာ Talent Management ဖြစ်ပါတယ်။ Talent Management လို့ဆိုလာတိုင်းတွင်လည်း တွေ့ကြုံရလေ့ရှိတဲ့ အခက်အခဲတစ်ခုကတော့ Talent Management လုပ်ဆောင်ချက်များဟာ အလွန်ကျယ်ပြန့်လွန်းလှတဲ့အတွက် စီမံခန့်ခွဲနိုင်ဖို့ ခက်ခဲတာပဲဖြစ်ပါတယ်။ 

သင့်ရဲ့ ဝန်ထမ်းများ (team များ) ဟာ သူတို့ကို လမ်းညွှန်ပေးနိုင်ရန်နှင့် အကြံပြုချက်များရယူနိုင်ရန်အတွက် မန်နေဂျာများအပေါ် အားထားရမှာဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဆိုးတဲ့အချက်ကတော့ မန်နေဂျာတိုင်းတွင် သူတို့ရဲ့ဝန်ထမ်းများအပေါ် invest ပြုလုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ ကိရိယာများအစုံအလင်ရှိမနေတတ်တာပါပဲ။ ဒီလိုဝန်ထမ်းများအပေါ် ပြန်လည်သင်ကြားမပေးနိုင်တဲ့အတွက်လည်း အစဉ်လိုက် ရာထူးဆက်ခံရယူနိုင်ဖို့ စီမံခန့်ခွဲရခြင်းဟာ ပိုမို၍ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်လာပြီး Organisation တစ်ခုအတွင်း လုံလောက်စွာပြင်ဆင်ထားမှုရှိတဲ့ ခေါင်းဆောင်ကောင်းများလည်း ရှိမလာနိုင်တော့ပါဘူး။ 

 

မန်နေဂျာများအပေါ်တွင် ရင်းနှီးမြှုပ်နှံပါ။ 

တစ်ကယ်တော်ပြီး ကောင်းမွန်တဲ့မန်နေဂျာများဟာ ရှားပါးလှပါတယ်။ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီများမှ candidate များကိုရွေးချယ်ရာ၌ ၈၂% ခန့်ဟာ မှန်ကန်သင့်လျော်တဲ့ စီမံခန့်ခွဲမှုစွမ်းရည်ရှိသူများကို ရွေးချယ်မှု မပြုလုပ်နိုင်ကြလို့ပါပဲ။ ဒါကြောင့် သူတို့အနေနဲ့ မှန်ကန်စွာရွေးချယ်နိုင်မယ့်နှုန်းဟာ ၁၈% သာ ကျန်ရှိပါတော့တယ်။ ဒီနေရာမှာ စဉ်းစားကြည့်ရမယ့်ကိစ္စတစ်ခုကတော့ မန်နေဂျာကောင်းများ ဘာလို့ရှားပါးနေရတာလဲဆိုတာမဟုတ်ပဲ ကုမ္ပဏီများမှ မန်နေဂျာရာထူးလျှောက်ထားလာသူများထဲကမှ သင့်လျော်မှုမရှိတဲ့သူများကိုသာဘာ့ကြောင့် ရွေးချယ်ခန့်အပ်နေရတာလဲ ဆိုတာပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ လုပ်သက်က စကားပြောသွားပါတယ်။ ကုမ္ပဏီတစ်ခုတွင် ဝန်ထမ်းတစ်ဦးက ဘယ်လောက်ကြာကြာအလုပ်လုပ်ခဲ့သလဲဆိုတာဟာ ထိုဝန်ထမ်းအနေနဲ့ ရာထူးတိုးမြှင့်မှုကို ရသင့်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သို့ပေမယ့် သင့်အနေနဲ့ အစောပိုင်းကာလများတွင်ကတည်းက ခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည်များရှိလာစေဖို့အတွက် ပျိုးထောင်ပေးနိုင်ပါက အဆိုပါတာဝန်ကို ဆက်ခံယူမယ့် သင့်ရဲ့ဝန်ထမ်းဟာ အစကတည်းက ကောင်းမွန်စွာဆောင်ရွက်နိုင်စွမ်းရှိလာမှာဖြစ်ပါတယ်။ ကျွမ်းကျင်မှုများကို သင့်လျှော်စွာ လေ့ကျင့်သင်ကြားပေးခြင်းမခံခဲ့ရတဲ့သူတစ်ဦးကို မန်နေဂျာအဖြစ်ရာထူးတိုးပေးလိုက်ခြင်းက ထိုသူ့လက်အောက်တွင် အလုပ်လုပ်ရမယ့်သူများနဲ့ ထိုသူအတွက်ကိုပါ သက်တောင့်သက်သာမရှိပဲ စိတ်ဖိစီးမှုတွေသာ ပေးစွမ်းမှာဖြစ်ပါတယ်။ 

 

ဝန်ထမ်းများအပေါ်တွင် ရင်းနှီးမြှုပ်နှံပါ 

သင့်ဝန်ထမ်းများရဲ့ တိုးတက်မှုအပေါ် စိတ်ပါဝင်စားမှုရှိနေပါစေ။ ဝန်ထမ်းများမှ တိုးတက်မှုကို လိုလားကြသလို သင့်အနေနဲ့လည်း ထိုအရာကိုလိုအပ်ပါတယ်။ ဒါဟာ ယခင်ကလုပ်ငန်းခွင်များကဲ့သို့ မဟုတ်တော့ပါဘူး၊ ဝန်ထမ်းများမှ သူတို့အတွက် ကြီးပွားတိုးတက်စေနိုင်မယ့် အခွင့်အလမ်းများရှိလာဖို့ကို မျှော်လင့်လာကြပြီဖြစ်ပါတယ်။ ဝန်ထမ်းများကို ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်များရှိလာစေရန် လေ့ကျင့်သင်ကြားပေးခြင်းဟာ အလုပ်အပေါ် စိတ်အားထက်သန်မှုကို မြင့်တက်လာစေကြောင်း Collaborative Strategy ရဲ့ အကြီးအကဲဖြစ်သူ Sandy Richardson မှ ဆိုထားခဲ့ပါတယ်။ 

ဒီအတွက် ဝန်ထမ်းများရဲ့ ကုမ္ပဏီ vision ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာလိုကြတဲ့ ဆန္ဒဟာ သင့်ရဲ့ organisation အတွက်လည်း အကျိုးရှိလာစေမှာဖြစ်ပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည်များကို ထိန်းသိမ်းထားနိုင်ဖို့အတွက် Organisational Leadership အနေနဲ့ ဝန်ထမ်းများရဲ့ မည်သည့်နယ်ပယ်များတွင် တိုးတက်မှုရှိလာစေရန် ရင်းနှီးမြှုပ်နှံပေးခြင်းအားဖြင့် လုပ်ငန်းစီးပွားရေးအတွင်း မည်သို့သောတိုးတက်မှုများကို ဖြစ်ပေါ်လာစေနိုင်သလဲဆိုသည်အား ဝေဖန်အကဲဖြတ်မှုများပြုလုပ်ရမှာဖြစ်ပါတယ်။ 

 

အစဉ်အလိုက် ရာထူးဆက်ခံနိုင်စေရန် ပြင်ဆင်ခြင်း 

သင့် Organisation ရဲ့ ရေရှည်အောင်မြင်မှုအတွက် ဒီအချက်က အရေးပါလှပါတယ်။ Organisation တစ်ခုအတွင်းရှိ သင်အားကိုးရတဲ့ မန်နေဂျာတစ်ဦးကို ရာထူးတိုးပေးလိုပါက ထိုသူ့နေရာတွင် အစားဝင်ရေက်လာမည့် မန်နေဂျာအရည်အချင်းများနဲ့ ပြည့်ဝသူတစ်ဦး အဆင်သင့်ရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီအတွက် သင့်အနေနဲ့ Succession Plan တစ်ခုကို ရေးဆွဲဖို့ လိုအပ်လာပါပြီ။ သင့်ရဲ့ Team နဲ့ သင့်ရဲ့ organisation အတွင်း လုပ်ငန်းစွမ်းဆောင်ရည်လျော့ကျမသွားစေရန်မှာ ကောင်းမွန်စွာ ဆက်သွယ်ချိတ်ဆက်မှုများပြုလုပ်ထားတဲ့ Succession Plan တစ်ခုအပေါ် မူတည်နေပါတယ်။ အများစုသော လုပ်ငန်းများတွင် ကောင်းမွန်တဲ့ Succession Plan တစ်ခု အဆင်သင့်ရှိမနေကြပါဘူး။ နောက်ပြီး business professional များရဲ့ တစ်ဝက်ခန့်ဟာလည်း Succession Program များကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိကြသေးပါဘူး။ 

ဒီလို ဆက်ခံသူများအား စဉ်ဆက်မပြတ်မွေးထုတ်နိုင်စေဖို့အတွက် နှစ်ပေါင်းများစွာကြာမြင့်မှာဖြစ်ပြီး ဒီအရာက ချက်ခြင်းတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီအရာကို သိရှိထားပြီး စတင်လုပ်ဆောင်မှုများကို ပြုလုပ်ထားသင့်ပါတယ်။ အလားအလာကောင်းတဲ့ ဝန်ထမ်းတစ်ဦးကို Organisation များမှ မြေတောင်မြှောက်ပေး၍ ခေါင်းဆောင်မှုဆိုင်ရာ အခန်းကဏ္ဍများသို့ ရောက်ရှိလာစေရန် ထောက်ပံ့ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါဟာ Organisation တို့အတွက် စဉ်ဆက်မပြတ် တိုးတက်မှုများရှိလာစေရန် ပြုလုပ်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ထိုအရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် အာရုံစူးစိုက်မှုကိုလည်း လိုအပ်ပါမယ်။ ဒီအချက်ကို သင့်ရဲ့ Talent Management တွင် ထည့်သွင်းဆောင်ရွက်ပေးခြင်းအားဖြင့် လမ်းကြောင်းလွဲမသွားစေရန် ပြုလုပ်နိုင်ပါတယ်။ 

သင့်ရဲ့ Talent Management လုပ်ဆောင်ချက်များအနေနဲ့ သင့် Organisation မှ ခေါင်းဆောင်သူများကို မွေးထုတ်ပေးနိုင်ဖို့အတွက် မည်သည့်နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ရမလဲဆိုသည်အား ရှာဖွေခြင်းနှင့် ထိုအရာတို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်စေရန်အတွက် ပြုလုပ်ရပါမယ်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများကိုလည်း အစောပိုင်းကာလများကတည်းကပြုလုပ်ပေးထားသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင့် team အတွင်းရှိ ဝန်ထမ်းတိုင်းအနေနဲ့ ခက်ခဲတဲ့အခြေအနေများနဲ့ ရင်ဆိုင်လာကြရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းများအပေါ်တွင် ရင်းနှီးမြှုပ်နှံပေးခြင်းနဲ့ သူတို့ရဲ့အကြံပြုချက်များ/ လုပ်ဆောင်ချက်များကို အလေးထားကြောင်း ပြသပေးခြင်းတို့အပြင် ခေါင်းဆောင်မှုဆိုင်ရာ ကိစ္စရပ်အချို့တွင် ထင်မြင်ချက်များကို ဝင်ရောက်ပြောဆိုစေခွင့် ပေးခြင်းအားဖြင့် သူတို့ရဲ့အလုပ်အပေါ် တာဝန်ယူမှု/ တာဝန်ခံမှုရှိလာစေမှာလည်းဖြစ်ပြီး ရလာဒ်အနေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာစေပါတယ်။ ကုမ္ပဏီရဲ့ ဝန်ထမ်းများအပေါ် အာရုံစိုက်ပေးခြင်းအားဖြင့် လုပ်ငန်းစွမ်းဆောင်ရည်စံနှုန်းများအတိုင်း ရေရှည်တွင် ထိန်းသိမ်းထားနိုင်မှာဖြစ်ပြီး Succession Planning ပြုလုပ်ရာတွင် ပိုမို၍ လွယ်ကူလာစေမှာဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

ABC Convenience Store

ABC Convenience Store

With over 70 stores giving access to our customers and suppliers the opportunity to leverage their product on our network. We stress on providing and maintaining highest standard in product quality an...
Show the postings (6)
Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS