Jobs In Myanmar
Load...

Team Building Exercises to Engage Your Employees

by www.jobsinyangon.com


Tags: Knowledge-HumanResource-TeamBuilding-Employees-JobsinYangon



အသင်းအဖွဲ့များတည်ဆောက်ပေးခြင်းဖြင့် သင့်ဝန်ထမ်းများကို စိတ်ပါဝင်စားမှုရှိလာစေရန်လုပ်ဆောင်ပေးခြင်း


သင့်ရဲ့ အသင်းအဖွဲ့များတည်ဆောက်ရန်ပြုလုပ်တဲ့အခါမှာ ပိုမိုထိရောက်စွာတည်ဆောက်နိုင်ရန်ကူညီပေးနိုင်မယ့် အသင်းအဖွဲများတည်ဆောက်ရန်လေ့ကျင့်မှုများကို ရှာဖွေနေပါသလား? ဒီ အသင်းအဖွဲ့တည်ဆောက်ရေး လုပ် ဆောင်ချက်များနှင့် အေးစက်မှုများကို ဖြိုခွဲနိုင်မည့်နည်းလမ်းများဟာ သင့်အဖွဲ့ဝင်များကို စိတ်ပါဝင်စားမှုရှိ လာစေပြီး၊ သင့်ရဲ့ သင်ကြားမှုအတွေးအခေါ်တွေကို ပိုမိုခိုင်မာစေကာ၊ သင့်အဖွဲ့သားတွေအကြား စည်းလုံး ညီညွှတ်မှုကို တည်ဆောက်ပေးနိုင်ပါလိမ့်မယ်။ အောက်ပါ အသင်းအဖွဲ့တည်ဆောက်ရန်လုပ်ဆောင်ချက် (၇) ချက်ကိုအသုံးချပြီး သင့်အဖွဲ့ကိုအောင်မြင်မှုများဧကန်မလွဲရရှိစေရန်ပြုလုပ်လိုက်ပါ။ 

 

အသင်းအဖွဲ့များကိုတည်ဆောက်ရာတွင် အောင်မြင်မှုရှိစေရန်အရေးကြီးသော သော့ချက်များ

သင့်ရဲ့ နောက်တစ်ကြိမ် အသင်းအဖွဲ့များတည်ဆောက်ရန်လေ့ကျင့်မှုများကို အကောင်းဆုံးဆောင်ရွက်နိုင်ရန် အတွက် အသင်းအဖွဲ့များတည်ဆောက်ခြင်းဆိုင်ရာလုပ်ဆောင်ချက်များကို လက်တွေ့ဘဝရှိ အလုပ် ရည်မှန်းချက် များနှင့် ပေါင်းစည်းဖော်ဆောင်ပေးရမည်ဖြစ်ပါသည်။ 
သင့်အနေနဲ့ ဝန်ထမ်းများကို အသင်းအဖွဲ့များတည်ဆောက်မှုတစ်ခုကိုအတည်ပြုဖော်ဆောင်မှုမပြုမှီတွင် သင်ဟာ အသင်းအဖွဲ့တည်ဆောက်ရန်ကြိုးစားမှုတစ်ခုကို နောက်ဆက်တွဲအနေနဲ့ စစ်ဆေးကြည့်ရှုရန်နှင့် ရလာဒ်များကို စု ဆောင်းမှုများပြုလုပ်ရန် လုပ်ငန်းစဉ်တစ်ခုကို တည်ထောင်ထားရန်လိုအပ်ပါလိမ့်မယ်။ ဝန်ထမ်းများမှ အလုပ်ပြန် ဆင်းသည့်အခါတွင် ကောင်းမွန်သောခံစားချက်များနှင့် အပြုသဘောဆောင်သောရလာဒ်များကို ရေရှည်တည်တံ့ ရန် ကြိုးပမ်းဖို့အတွက်လိုအပ်မည်ဖြစ်ပါသည်။ 

 

အသင်းအဖွဲ့များအတွက် စံနမူနာများကို ဘယ်လိုဖန်တီးပြုလုပ်ရမလဲ

အသင်းအဖွဲ့တိုင်းနှင့် အလုပ်အဖွဲ့အစည်းတိုင်းရဲ့ အဖွဲ့ဝင်များဟာ အချိန်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံ ရမည့်နည်းလမ်းများကို ထုတ်ဖော်ထားရှိခဲ့ကြပါတယ်။ ဒီနည်းလမ်းအားဖြင့် ပြောဆိုဆက်ဆံပုံများဟာ အသင်းအ ဖွဲ့များအတွက် စံနမူနာများဖြစ်ကြပါတယ်။ 

အဖွဲ့ဝင်များအကြား အခြားသူများနှင့်ထိရောက်စွာပြောဆိုဆက်ဆံရေးနှင့် အသင်းအဖွဲ့တစ်ခုရဲ့အပြင်မှ မန်နေဂျာ များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အောင်အောင်မြင်မြင် ပြောဆိုဆက်ဆံနိုင်မှုရှိရေးဟာ အသင်းအဖွဲ့ တစ်ခုသည် ဘယ်မျှအထိ ကောင်းမွန်စွာလုပ်ဆောင်နိုင်သလဲဆိုတာကိုအဆုံးအဖြတ်ပေးနေတဲ့ အရေးပါတဲ့အချက် (၂) ချက် ပဲဖြစ်ပါတယ်။ 

အဖွဲ့ဝင်များအကြား ပြောဆိုဆက်ဆံမှုများကို ဖြစ်နိုင်ခြေများနှင့် လွှတ်ပေးထားလို့မရပါဘူး။ ဘာကြောင့်လဲဆို တော့ ဒီပြောဆိုဆက်ဆံပုံတွေဟာ အဖွဲ့တစ်ခုရဲ့ အောင်မြင်မှုရရှိခြင်းအပေါ်တွင် အကျိုးသက်ရောက်မှုများရှိလာ နိုင်လို့ပါပဲ။ သင့်ရဲ့အဖွဲ့များအောင်မြင်စေဖို့အတွက် သင်ဟာ အဖွဲ့အတွင်းရှိဆက်ဆံမှုများအတွက် လမ်းညွှန်များ (သို့) အသင်းအဖွဲ့များအတွက်စံနမူနာများကို စောလျှင်စွာ ချမှတ်၊ သတ်မှတ်ပေးထားသင့်ပါတယ်။ အသင်းအဖွဲ့ စံနမူနာများကိုလေ့လာပြီး၊ ထိုအရာများကိုဖြစ်ပေါ်လာစေမယ့် အသင်းအဖွဲ့များတည်ဆောက်ရန်လုပ်ဆောင်ချက် များကိုလေ့လာပါ။ 

 

အသင်းအဖွဲ့လမ်းညွှန်များကို တစ်ဆင့်ချင်းစီ ထည့်သွင်းသတ်မှတ်ပါ။

သင့်ရဲ့အဖွဲ့အတွက် ပြောဆိုဆက်ဆံရေး၊ အများနှင့်ဆက်ဆံရာတွင်ပြုမူရမည့်အပြုအမူများနှင့် အသင်းအဖွဲ့များ ကို စီမံခန့်ခွဲရေးတို့အတွက် လမ်းညွှန်များကိုထည့်သွင်းသတ်မှတ်မှုပြုလုပ်ထားရန်အရေးကြီးပါသည်။ ဒီအချက် များကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် သင့်ရဲ့အဖွဲ့ကို ပိုမိုပြီးထိထိရောက်ရောက်စွမ်းဆောင်နိုင် စေရန် ကူညီပေးလိုက်ပါ။ 
ကြားခံအကူအညီပါပါ၊ မပါပါ သင့်ရဲ့အဖွဲ့ကို အသင်းအဖွဲ့ လမ်းညွှန်များနှင့် စံနမူနာများ ဖြစ်ပေါ်လာစေရန် လုပ် ဆောင်ပေးနိုင်မည့် အဆင့်ဆင့်လမ်းညွှန်ချက်များကို ဤနေရာတွင်ဖော်ပြပေးထားပါသည်။  

 

Three Shining Work Moments အဖွဲ့တည်ဆောက်ရေးနည်းဗျူဟာ

အကယ်၍သင်ဟာ အစည်းအဝေးပွဲများ၊ သင်ကြားပို့ချရေးသင်တန်းများ၊ အဖွဲ့တည်ဆောက်ခြင်းပြုလုပ်သည့် အချိန်များနှင့် ကုမ္ပဏီပွဲများတွင် အသုံးပြုနိုင်မည့် အောင်မြင်မှုရှိတဲ့ အဖွဲ့တည်ဆောက်ရေးအတွေးအကြံတစ်ခုကို ရှာဖွေနေပါက “Three Shining Work Moments (အဖွဲ့တည်ဆောက်ရေးနည်းဗျူဟာ) ကို အသင်းအဖွဲ့တည် ဆောက်ရေး လုပ်ဆောင်ချက်တွင် ထည့်သွင်းအသုံးပြုနိုင်ရန်အတွက် စဉ်းစားသင့်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အသင်းအဖွဲ့များကို ပိုမိုစည်းလုံးမှုရှိလာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အသင်းအဖွဲ့တည်ဆောက် ခြင်းပြုလုပ်သည့်အချိန်များတွင် အလိုအလျှောက်ဖြစ်ပေါ်လာစေမည်ဖြစ်ပါသည်။ ဒီလုပ်ဆောင်ချက်ကိုအသုံးပြု ခြင်းဟာ သင့်ရဲ့အဖွဲ့ဝင်များကို တစ်ဦးနှင့်တစ်ဦးအကြား သူတို့ရဲ့အားသာချက်များကို သိရှိနိုင်စေပြီး တန်ဖိုးထား လေးစားမှုများဖြစ်ပေါ်လာစေရန် သင်ယူ၍ရနိုင်စေမည်ဖြစ်ပါသည်။ 

 

စီမံခန့်ခွဲမှုအမျှော်အမြင်များကိုမျှဝေခြင်း

ဒီရိုးရှင်းတဲ့ အသင်းအဖွဲ့တည်ဆောက်ရေးလုပ်ဆောင်ချက်ဟာ ပုံမှန်အချိန်ဇယားဆွဲထားသည့် အဖွဲ့တည်ဆောက် ရေးနှင့် သင်ကြားပို့ချမှု အချိန်များတွင် စိတ်လှုပ်ရှားတက်ကြွမှုကိုဖြစ်ပေါ်စေပါသည်။ ဒီလုပ်ဆောင်ချက်က သင့် အဖွဲ့ဝင်များကို သူတို့ရဲ့ အသိပညာနှင့်အမျှော်အမြင်များကို အခြားသောအဖွဲ့ဝင်များဆီသို့မျှဝေပေးနိုင်စေပါသည်။
ဒီလုပ်ဆောင်ချက်အတွင်းတွင် ပါဝင်ဆောင်ရွက်သည့်အဖွဲ့ဝင်များဟာ စတိတ်စင်ပေါ်တွင် သူတို့ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတို့ကို ပြောကြားရမှာဖြစ်ပြီး ကြားခံကူညီပေးသည့် သင်ကြားပို့ချသူများဟာ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရပါဘူး။ 

 

သင့်ကိုယ်ပိုင် အကောင်းဆုံးအခိုက်အတန့်များ

ဒီလုပ်ဆောင်ချက်ဟာ အဖွဲ့တစ်ခုအတွင်းရှိ အဖွဲ့ဝင်များအကြား သူတို့ရဲ့ကိုယ်ပိုင် အကောင်းဆုံးအခိုက်အတန့် များကို အခြားသူများနဲ့ မျှဝေမှုပြုလုပ်နိုင်စေမည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ အဖွဲ့ဝင်များဟာ သူတို့လုပ်ဖော် ကိုင်ဖက်များကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာများကိုကြားနာပြီးနောက် တုန့်ပြန်မှုများကိုဖော်ပြနိုင်မှာ ဖြစ်ပါ တယ်။ ဒီအရာက လုပ်ဖော်ကိုင်ဖက်များအကြား လေးစားမှုကိုဖြစ်ပေါ်စေသည်သာမက အဖွဲ့ဝင်တစ်ဦးချင်းစီ အတွက် မိမိကိုယ်ကိုယ်တန်ဖိုးထားလေးစားမှုကိုလည်း မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ 

 

Icebreaker (အေးစက်မှုကိုဖြိုခွဲနိုင်မည့်နည်းလမ်းများ) နှင့်စတင်လိုက်ပါ

Icebreaker (အေးစက်မှုကိုဖြိုခွဲနိုင်မည့်နည်းလမ်းများ) ဆိုသည်မှာ အစည်းအဝေးတစ်ခု၊ သင်ကြားပို့ချရေးသင် တန်းတစ်ခု၊ အသင်းအဖွဲ့တည်ဆောက်ရေးအချိန်တစ်ခု၊ ဒါမှမဟုတ် အခြား အဖွဲ့လိုက်လုပ်ဆောင်ရမည့်ပွဲတစ် ခုတွင် ကြိုဆိုရန်နှင့် စကားဝိုင်းတစ်ခု စိုပြေလာစေရန်အတွက် ပါဝင်ဆောက်ရွက်သူများအကြား လုပ်ဆောင်ချက် တစ်ခု၊ ဂိမ်းတစ်ခု (သို့) ပွဲတစ်ခုဖြစ်ပါသည်။ လူများကို တစ်ဦးနှင့်တစ်ဦး သက်သောင့်သက်သာရှိစွာ ပြောဆို ဆက်ဆံမှုရှိစေရန်နှင့် ကြားခံကူညီဆောင်ရွက်သူတစ်ဦးလိုအပ်သော ပွဲတိုင်းဟာ icebreaker များကို အသုံးပြုနိုင် မည့်အခွင့်အလမ်းဖြစ်ပါသည်။ 

အကယ်၍ နောက်တစ်ကြိမ်တွင် အသင်းအဖွဲ့တည်ဆောက်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ရာ၌သင်ဟာ icebreaker များကိုအသုံးပြုပါက ဒီရိုးရှင်းတဲ့လုပ်ဆောင်မှုတစ်ခုဟာ ပါဝင်လှုပ်ရှားသူများကို ရင်းနှီးမှုရှိလာစေရန် မည်မျှအ တိုင်းအတာအထိကူညီပေးနိုင်သလဲဆိုတာကို သင်ကိုယ်တိုင်မြင်တွေ့ရမှာဖြစ်ပါတယ်။ 

သင့်ရဲ့ အလုပ်ရှင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အသင်းအဖွဲ့တည်ဆောက်ရေးလှုပ်ရှားမှုများကို သင်ပိုမိုကူညီမှု ပြုပေးသည်နှင့်အမျှ၊ သင်ဟာထိုအရာများကိုဦးဆောင်ရန်နှင့် စီမံခန့်ခွဲသည့်အခါတွင် ပိုမို၍ သက်တောင့်သက်သာ ရှိလာစေမှာဖြစ်ပါတယ်။ 

သင့်ရဲ့ဝန်ထမ်းများဟာ အခြားသောအဖွဲ့ဝင်များနှင့် သတင်းအချက်အလက်များ မျှဝေမှုပြုလုပ်ခြင်းအားဖြင့် ရဲဘော်ရဲဖက်စိတ်ဓါတ်ကို တန်ဖိုးထားလာမှာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးအကြား အားသာချက်များနှင့် အားနည်း ချက်များကို ပိုမိုနားလည်မှုရှိလာမှာဖြစ်ပြီး မသက်မသာဖြစ်စေလောက်တဲ့အထိလည်း တစ်ကိုယ်ရေကိစ္စများတွင် အလွန်အမင်းပါဝင်ပက်သက်ခြင်းလည်းရှိလာမှာမဟုတ်ပါဘူး။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Camusat Myanmar Co., Ltd

Camusat Myanmar Co., Ltd

OUR MISSION: In an extremely dynamic technological environment, we help telecom actors to efficiently build and optimize their networks development by integrating traditional telecom technologies with...
Show the postings (4)
Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
M9 Public Co., Ltd.

M9 Public Co., Ltd.

M9 Public Co., Ltd.’s 21st Century Vision is ‘’To be the best distributor for promoting customer living standards by offering high quality and modern products, together with great customer servi...
Show the postings (11)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS