Jobs In Myanmar
Load...

၂၀၂၁ ခုနှစ်အတွင်းတွင် Tesla မှ လျှပ်စစ်ကားအစီးရေ ၁ သန်းခန့်ကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ကြောင်း ကြေငြာချက်ထုတ်ပြန်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Tesla-EV-Production-JobsInYangon



၂၀၂၁ ခုနှစ်အတွင်းတွင် Tesla မှ လျှပ်စစ်ကားအစီးရေ ၁ သန်းခန့်ကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ကြောင်း ကြေငြာချက်ထုတ်ပြန်

 

Tesla မှ ၎င်းတို့ဟာ ၂၀၂၁ ခုနှစ်အတွင်းတွင် စုစုပေါင်း လျှပ်စစ်ကားအစီးရေ ၉၃၆,၁၇၂ စီးကို စံချိန်တင်ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်း ထုတ်လုပ်ရောင်းချနိုင်ခဲ့တဲ့ ကားအစီးရေပေါင်း ၄၉၉,၅၅၀ နှင့် နှိုင်းယှဉ်လိုက်ပါက ၈၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

Tesla ဟာ ၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံး ၃ လပတ်အတွင်းတွင်ပဲ ကားအစီးရေပေါင်း ၃၀၈,၆၀၀ စီးကို ထုတ်လုပ်နိုင်ခဲ့ပြီး တတိယ ၃ လပတ်အတွင်းမှာတော့ ကားအစီးရေပေါင်း ၂၄၁,၃၀၀ စီးကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ ၎င်းတို့အနက်တွင် အစီးရေပေါင်း ၁၁,၇၅၀ ဟာ Tesla Model S နှင့် X တို့ဖြစ်ကြပြီး ၂၉၆,၈၅၀ စီး ကတော့ Model 3 နှင့် Y တို့အသီးသီးဖြစ်ကြတယ်လို့သိရှိခဲ့ရပါတယ်။ 

Tesla ဟာ ယခင်က နှစ်စဉ်နှစ်တိုင်း ၎င်းတို့ရဲ့ကားထုတ်လုပ်မှုကို ၅၀% ခန့်တိုးမြှင့်သွားရန်ရှိသည် ဟူသည့် ကြေငြာချက်တစ်ခုကိုလည်း ပြုလုပ်ခဲ့ဖူးပြီး ယခုအခါ ကားအစီးရေ ၁ သန်းမပြည့်သေးသော်လည်း ၎င်းတို့ရဲ့ annual growth goal ကိုကျော်လွန်တဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းက ရေးသားခဲ့တဲ့ internal memo တစ်ခုတွင် Tesla CEO Elon Musk မှ ၎င်းရဲ့ဝန်ထမ်းများကို နှစ်ကုန်အမှီ ထုတ်လုပ်မှုများကို အလောတကြီး လုပ်ဆောင်နေခြင်းကိုရပ်တန့်ရန်နှင့် ထိုအစား ကုန်ကျစားရိတ်များကိုလျှော့ချနိုင်ရန် ဦးစားပေးကြဖို့ကိုလည်း မှာကြားခဲ့ပြီး သူ့အနေနဲ့ California နှင့် တရုတ်နိုင်ငံအတွင်းရှိ Tesla စက်ရုံများမှ ဒီဇင်ဘာလအတွင်းတွင် သုံးစွဲသူများအတွက် စတင်ထုတ်လုပ်ပေးနိုင်ရန် မျှော်လင့်ထားကြောင်းကိုလည်း ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 

www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (10)
Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
Nilar Group Of Companies

Nilar Group Of Companies

VISION Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions. • To provide our b...
Show the postings (28)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS