Tags: Knowledge-IT-Telsa-ElectricCar-JobsinYangon
Telsa ဟာ သူတို့ရဲ့ Model Y လျှပ်စစ် SUV ကို စတင်ရောင်းချမယ့်ဈေးနှုန်းများအား လျှော့ချသတ်မှတ်ခဲ့ပါတယ်။
Tesla အနေနဲ့ ဒါဟာ နောက်ထပ်ယာဉ်တစ်စီးရဲ့ ဈေးနှုန်းကိုလျှော့ချသတ်မှတ်ပေးခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ၎င်းတို့ မတ်လကတည်းက စတင်ရောင်းချလျှက်ရှိတဲ့ Model Y ဆိုတဲ့ လျှပ်စစ် SUV ကားရဲ့ဈေးနှုန်းများကိုလျှော့ချပေးခဲ့တာဖြစ်ပါတယ်။ ဒီ long-range all-wheel drive ပုံစံကားကို ယခုအခါတွင် အမေရိကန်ဒေါ်လာ 49,990$ နဲ့ရောင်းချပေးနေတာဖြစ်ပြီး ဒါဟာ ယခင်ကရောင်းချနေတဲ့ဈေးထက် ဒေါ်လာ ၃၀၀၀ ခန့်ပိုသက်သာသွားတာဖြစ်ပါတယ်။ ဒီကားကို ဈေးနှုန်းအသစ်သတ်မှတ်လိုက်ခြင်းအား ယခင်အပတ်က Electrek က ပထမဦးစွာသတင်းရရှိခဲ့တာဖြစ်ပါတယ်။
မေလအတွင်း Telsa ဟာ Model S sedan နဲ့ Model X SUV ကဲ့သို့သော High-end ကားတွေအပါအဝင် ကားအတော်များများကို ဈေးနှုန်းများ လျှော့ချပေးခဲ့တာဖြစ်ပါတယ်။ ဒီဈေးနှုန်းအသစ်ဟာ အမေရိကန်ကားထုတ်လုပ်သူတို့ရဲ့ COVID-19 ကပ်ရောဂါကာလအတွင်းမှာ စီးပွားရေးကျဆင်းမှုတွေကြားမှာပင် ဝယ်ယူသူများရှိလာစေရန်အတွက် ဆွဲဆောင်ရန်ကြိုးပမ်းမှုတစ်ရပ်ရဲ့ ရလာဒ်လဲဖြစ်ပါတယ်။
အစဉ်အလာအရ အမေရိကန်ကားထုတ်လုပ်သူကုမ္ပဏီများအတွင်း အကြီးဆုံးကုမ္ပဏီ ၃ခုဖြစ်တဲ့ Ford, GM နဲ့ Fiat Chrysler ကားကုမ္ပဏီများဟာတော့ စောင့်ဆိုင်းပေးခြင်း (သို့) ရေရှည် payment option များအပြင်အတိုးနှုန်းမပေးရပဲဝယ်ယူနိုင်စေရန်အတွက် offer များပြုလုပ်ပေးလျှက်ရှိနေပါတယ်။ အခြားသောကားထုတ်လုပ်သူများဟာလည်း ဝယ်ယူသူအသစ်များကိုဆွဲဆောင်နိုင်စေရန်အတွက်နဲ့ ကားဝယ်ယူပြီးသား ဖောက်သယ်များကို ချေးငွေများမှန်မှန်ပြန်ဆပ်နိုင်စေရန်အတွက် အကျိုးခံစားခွင့်များနဲ့ ငွေပေးခြေမှု အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်လျှက်ရှိနေပါတယ်။
ဒီလအစပိုင်းက Telsa ကပြောဆိုခဲ့သည်မှာ သူတို့ဟာ ဒုတိယမြောက် ၄လတာကာလအပိုင်းခြားအတွင်း ကားအစီးရေပေါင်း ၉၀,၆၅၀ စီး ကိုထုတ်လုပ်ခဲ့ရပြီး ဒီအရာက ကပ်ရောဂါအခြေအနေကြောင့်နဲ့ အမေရိကန်နိုင်ငံ ရှိ သူတို့ရဲ့ အဓိကစက်ရုံကို အပတ်ပေါင်းများစွာပိတ်ပင်ထားခဲ့ရတဲ့အတွက် ၄.၈% လျော့ကျသွားခဲ့တာဖြစ်ပါ တယ်။ သို့သော်လည်း ဒီအရာက လေ့လာသူများရဲ့ ခန့်မှန်းချက်တွေထက်တော့အခြေအနေကောင်းနေပါတယ်ဟု ဆိုပါတယ်။ ရောင်းချခဲ့ရမှုများရဲ့ အများစုဟာ (အစီးရေ 80,050 စီး) ဟာ Model 3 နဲ့ Model Y ကားများဖြစ်ပြီး ကျန် ၁၀,၆၀၀ စီးဟာတော့ High-end ပိုဖြစ်တဲ့ Model S နဲ့ Model X တို့ဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.