Tags: News-Tesla-Self-Driving-Software-JobsInYangon
Tesla မှ သူတို့ရဲ့ Full Self-Driving Software ကို Subscription ပြုလုပ်၍ ဝယ်ယူနိုင်ရန် ရောင်းချပေးလျှက်ရှိ
Reuters သတင်းဌာနမှ သတင်းတစ်ပုဒ်အရ - ဇူလိုင်လ ၁၇ ရက်နေ့တွင် Tesla မှ အချို့သောအသုံးပြုသူများအနေနဲ့ သူတို့ရဲ့ အဆင့်မြင့် မောင်းနှင်သူအထောက်အကူပြု software တစ်ခုဖြစ်တဲ့ “Full Self-Driving Capibility” ကို ကန်ဒေါ်လာ ၁၀၀၀၀ လက်ငင်းပေးချေ၍ ဝယ်ယူရမည့်အစား ကန်ဒေါ်လာ $၁၉၉ ဖြင့် subscribe ပြုလုပ်နိုင်မည့် option ကို ရွေးချယ်၍အသုံးပြုနိုင်စေရန် ပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါတယ်။
Tesla ဟာ ယခင်ကလည်း သူတို့ရဲ့ ဒီ subscription ဝန်ဆောင်မှုဟာ ပုံမှန်ဝင်ငွေစီးဆင်းမှုကို ဖန်တီးပေးနိုင်ပြီး ဈေးကြီးတဲ့ လုပ်ဆောင်ချက်များဖြစ်တဲ့ အဝေးပြေးလမ်းမများပေါ်တွင် လမ်းကြောင်းပြောင်းလဲခြင်းနှင့် ကားပါကင်ထိုးခြင်းတို့အတွက် အထောက်အကူပြုပေးနိုင်မည့် လုပ်ဆောင်ချက်များကို ဝယ်ယူအသုံးပြုသူအရေအတွက် တိုးပွားလာနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Tesla ရဲ့ ပြောဆိုချက်အရ ဒီ subscription ဝန်ဆောင်မှုကို Full Self-Driving Computer 3.0 နှင့် အထက် တပ်ဆင်ထားတဲ့ ကားများတွင် ရယူအသုံးပြုနိုင်မှာဖြစ်ပြီး။ Hardware အသစ်ကို upgrade ပြုလုပ်ပေးရန် အတွက်တော့ ကန်ဒေါ်လာ ၁၅၀၀ ခန့်ကျသင့်မှာဖြစ်ကြောင်း သိရှိရပါတယ်။ Tesla ဟာ သူတို့ရဲ့ ဒီ semi-automatic driving software ကို မြို့ကြီးများရဲ့လမ်းများပေါ်တွင် စမ်းသပ်လျှက်ရှိနေပြီး ပြီးခဲ့တဲ့အပတ်က “FSD Beta v9” ကို အသုံးပြုသူအချို့ထံသို့ ရောင်းချပေးခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.