Jobs In Myanmar
Load...

The 6 Unwritten Company Rules You Won't Find in the Employee Handbook (Part – 2)

by www.jobsinyangon.com


Tags: Knowledge-Career-Unwritten-Company-Rules-JobsInYangon



ဝန်ထမ်းလမ်းညွှန်လက်စွဲစာအုပ်အတွင်း ထည့်သွင်းရေးသားထားမည်မဟုတ်သော ထုတ်ဖော်ပြောဆိုစရာမလိုပဲ သိရှိထားရမည့် ကုမ္ပဏီစည်းကမ်း (၆) ချက် (အပိုင်း - ၂) 

 

ဒီကနေ့မှာတော့ မနေ့က ဆွေးနွေးတင်ပြပေးခဲ့သော “ဝန်ထမ်းလမ်းညွှန်လက်စွဲစာအုပ်အတွင်း ထည့်သွင်းရေးသားထားမည်မဟုတ်သော ထုတ်ဖော်ပြောဆိုစရာမလိုပဲ သိရှိထားရမည့် ကုမ္ပဏီစည်းကမ်း (၆) ချက်” ၏ (အပိုင်း - ၂) ကို ဆက်လက်၍ဆွေးနွေးတင်ပြပေးသွားလိုပါတယ်။ 

 

၎။ သင့်ထံသို့ရောက်ရှိလာမည့် e-mail များကို မည်သည့်အချိန်အတွင်း ပြန်လည်ဖြေကြားသင့်သလဲ? 

သင့်ရဲ့မန်နေဂျာက အသေးစိတ် project email များကို ညမိုးချုပ်အချိန်များတွင်မှ ပေးပို့ခြင်းကို သဘောကျနှစ်ခြိုက်သူတစ်ဦးဖြစ်နေပါတယ်။ သူမကတော့ သင့်ကို ပြန်ဖြေဖို့မလိုဘူးဟူ၍ပြောကာ ဒီအရာကို သူမရဲ့ ခေါင်းထဲကထုတ်ပစ်ဖို့လိုအပ်နေတဲ့အတွက်လို့ပြောပါလိမ့်မယ်။ သို့သော်လည်း နောက်နေ့ရုံးတက်တဲ့အခါတွင် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များက သင်အိပ်ပျော်နေစဉ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ e-mail အသွားအပြန် အကြောင်းအရာများအကြောင်းကို ပြောကြားနေခဲ့ပါက သင့်အနေနဲ့ သင့်ကိုအသိပေးခြင်းမခံရဘူးဟူ၍ ခံစားရကာ ကွင်းဆက်ပြတ်နေပါလိမ့်မယ်။ 

သင့်အနေနဲ့ ဘယ်အချိန်တွင် ဘယ်လိုပါဝင်လှုပ်ရှားရမလဲဆိုတာကို သိရှိထားဖို့မှာ အရေးကြီးလှပါတယ်။ ဒါကြောင့် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များထံက သဲလွန်စများကို လေ့လာပါ။ အကယ်၍ သင်က သင့်အထက်လူကြီးမှ ပေးပို့လာတဲ့ message များကို မိနစ်ပိုင်းအတွင်း ပြန်လည်ဖြေကြားနိုင်ဖို့အတွက် သင့်ရဲ့အိပ်ချိန်ကို ပြောင်းလဲလိုတဲ့ဆန္ဒ မရှိဘူးဆိုရင်တောင်မှ မနက်ဖက် သင်နိုးထလာတဲ့အခါတွင် ညတုန်းက မတွေ့လိုက်ရတဲ့အရာများအားလုံးကို ပြန်လည်ဖတ်ရှုပြီး ပြင်ဆင်ထားနိုင်ပါတယ်။ 

 

၅။ ဝတ်စားဆင်ယင်ပုံ 

သင့်အနေနဲ့ သင့်ကိုခေါ်ယူမှုပြုလုပ်မည့် မန်နေဂျာနှင့် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်လာမည့်သူများနဲ့ တွေ့ဆုံဖို့အတွက် ချိန်းဆိုခြင်းခံရတဲ့အခါတွင် သင့်ရဲ့အကောင်းဆုံး အင်တာဗျူးဝတ်စုံကိုဝတ်ဆင်သွားကြလိုမှာပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဒီဝတ်စုံက သင့်ရဲ့ပုံမှန်ရုံးတက်တဲ့ပုံစံကို အမှန်တကယ်ကိုယ်စားပြုနေပါရဲ့လား? 

သင့်ရဲ့အလုပ်ခွင်အသစ်အတွင်းသို့ ဝင်ရောက်တဲ့အခါတွင် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များက jean များ၊ ခြေညှပ်ဖိနပ်များ၊ business attire များ၊ casual attire များ အစရှိတဲ့ မည်သို့သောဝတ်စားဆင်ယင်ပုံများကို ဝတ်ဆင်ထားကြသလဲဆိုတာကိုလည်း မှတ်သားထားရမှာဖြစ်ပါတယ်။ သင့်ရဲ့အလုပ်ရာထူးအပေါ်မူတည်၍ သင့်အနေနဲ့ T-shirt နဲ့ ရှုးဖိနပ်များကို ဝတ်ဆင်နိုင်သလို ထိုအရာအပေါ်မူတည်၍လည်း ထိုသို့ဝတ်ဆင်နိုင်ခြင်းရှိမှာလည်းမဟုတ်ပါဘူး။ မည်သို့ပင်ဖြစ်စေ သင့်ရဲ့ဝတ်စားဆင်ယင်ပုံများဟာ သင်ဘယ်လောက် မိမိကိုယ်ကိုယုံကြည်မှုရှိနေသလဲ၊ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်အားကောင်းသလဲဆိုတာနဲ့ အလုပ်ပြီးမြောက်မှုစွမ်းရည်ကောင်းမွန်မှုရှိတယ်လို့ သင်ခံစားရသလဲဆိုတာများကို ဖော်ပြနေနိုင်တာကို ဂရုပြုသင့်ပါတယ်။ ထို့အပြင် ဝတ်စားဆင်ယင်ပုံဟာ သင့်ကို အဖွဲ့တစ်ခုလုံးက ဘယ်လိုမြင်သလဲဆိုတဲ့အမြင်ပေါ်တွင်လည်း သက်ရောက်မှုများရှိလာစေနိုင်မှာဖြစ်တဲ့အတွက် သင့်လျော်စွာဝတ်စားဆင်ယင်မှုပြုသင့်ပါတယ်။ 

ထပ်မံ၍ သင့်ရဲ့ team က tattoo များနဲ့ နားကွင်းများ (piercing) များကို မည်သို့ထင်မြင်ယူဆထားကြသလဲ ဆိုတာကိုလည်း လေ့လာထားသင့်ပါတယ်။ အချို့သော organization များ (သို့) မန်နေဂျာများကတော့ ဒီ accessory များကို အခြားသူများထက်ပို၍ ပွင့်လင်းမှုရှိစွာ လက်ခံပေးနိုင်ကြပါတယ်။ သင့်ရဲ့ဌာနအတွင်း ဘာတွေလုပ်ဆောင်နေသလဲဆိုတာကို လေ့လာပြီး လိုက်ပါလုပ်ဆောင်သင့်ပါတယ်။ 

 

၆။ ဘယ်အချိန်မှာ အားလပ်ရက်ယူရမလဲ 

Millennial (၁၉၈၀ မှ ၂၀၀၀ ပြည့်နှစ်အကြားမွေးဖွားသူများ) ဟာ လုပ်ငန်းခွင်တစ်ခုအတွင်းတွင်သာ အမြဲတမ်း လုပ်ကိုင်လိုစိတ်မရှိကြတာကို စာတမ်းပြုစုချက်များအရ တွေ့ရှိခဲ့ရပါတယ်။ သို့သော်လည်း ကုမ္ပဏီတိုင်းရဲ့ အလုပ် - ဘဝမျှခြေဟူသည့် စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုမှုများဟာ အနည်းငယ်စီကွဲပြားနေလေ့ရှိပါတယ်။ ဖော်ပြထားသော အားလပ်ရက်နှင့်သက်ဆိုင်သော ပေါ်လစီစည်းမျဉ်းများဟာ သင့်အနေနဲ့ မည်မျှအချိန်အတိုင်းအတာအထိ နားရက် ယူ၍ရနိုင်တယ်ဆိုတာကို ဖော်ပြထားမှာဖြစ်သော်လည်း လုပ်ငန်းခွင်အတွင်းရှိအစဉ်အလာများက ဝန်ထမ်းများဟာ ဒီပေါ်လစီအတိုင်း အမှန်တကယ်ရောလိုက်နာဆောင်ရွက်မှုရှိရဲ့လားဆိုတာကို သင့်အားပြောပြနေမှာဖြစ်ပါတယ်။ 

သင့်အနေနဲ့ အခြားသူများက များစွာသောအားလပ်ရပ်များကို ကြိုတင်စီစဉ်ပြီးယူထားကြတာကို တွေ့ဖူးပါရဲ့လား? သို့မဟုတ် ရုံးပျက်မှုတွေဟာ တစ်ခေါက်နဲ့တစ်ခေါက်အကြား လွန်စွာနည်းပါး၊ ရှားပါးမှုရှိပါသလား? အကန့်အသတ်မရှိ အားလပ်ရက်ယူနိုင်ခွင့်ကို ပေးအပ်ထားတဲ့ ကုမ္ပဏီများတွင်တောင်မှ ဝန်ထမ်းများဟာ အချိန်ကာလကြာမြင့်စွာ နားရက်ယူရမည်ကို တွန့်ဆုတ်တတ်ကြပါတယ်။ သင့်ရဲ့ organization အတွင်းရှိ အမူအကျင့်များကို လေ့လာခြင်းအားဖြင့် ဒီ အားလပ်ရပ်ပေါ်လစီစည်းမျဉ်းဟာ လက်တွေ့တွင်မည်သို့ ကျင့်သုံးမှုရှိနေကြသလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပြီး သင့်အနေနဲ့ မည်မျှအထိ အားလပ်ရပ်ကိုတောင်းဆိုနိုင်မလဲဆိုတာကို သိရှိနိုင်စေမှာပဲဖြစ်ပါတယ်။ 

နောက်ဆုံးပြောဆိုလိုတာကတော့ သင့်အနေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာဖော်ပြချက်များတွင် မည်သို့သော အရာများကို ဖော်ပြထားသည်ဖြစ်စေကာမူ၊ သင့်ရဲ့အလုပ်ခွင်အသစ်အကြောင်းကို အတွင်းကျကျသိရှိနိုင်မယ့် အရာများကို စာရွက်စာတမ်းများပေါ်တွင် တွေ့ရှိနိုင်မှာမဟုတ်ပါဘူး။ ဂရုတစိုက်လေ့လာမှုအားကောင်းမှသာလျှင် သင့်အနေနဲ့ မြန်ဆန်စွာ နေသားတကျ ဝင်ရောက်နိုင်မှာဖြစ်ပြီး အမှားအယွင်းများပြုလုပ်မိခြင်း၊ ပို၍ဆိုးသော သင့်ရဲ့ work ethic အပေါ် မေးခွန်းထုတ်ခံရခြင်းတို့မှ ကင်းဝေးစေမှာဖြစ်ပါတယ်။ ထို့ကြောင့် သင့်အနေနဲ့ အဆိုပါ “Unwritten Rules” များကို အလွတ်မှတ်မိနေတဲ့အထိ ကောင်းမွန်စွာလုပ်ဆောင်ကာ မှတ်သားထားဖို့လိုအပ်မှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


i engineering Myanmar Ltd

i engineering Myanmar Ltd

Become the leading provider of managed services to the telecom industry in Africa the Mideast and South East Asia, seamlessly integrating our core competencies with our customers’ businesses, and pr...
Show the postings (13)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
KND Corporation Co., Ltd

KND Corporation Co., Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS