Jobs In Myanmar
Load...

Fortnite ဂိမ်းဖန်တီးသူ Epic Games နှင့် Apple တို့အကြားက တိုက်ပွဲများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Epic-vs-Apple-JobsinYangon



Fortnite ဂိမ်းဖန်တီးသူ Epic Games နှင့် Apple တို့အကြားက တိုက်ပွဲများ

Epic နှင့် Apple တို့အကြား App Store ပေါ်လစီများကြောင့်ဖြစ်ပွားလျက်ရှိတဲ့ လွန်ဆွဲပွဲဟာ အရှိန်အဟုန်မြင့်တက်လာလျက်ရှိနေပါတယ်။ ယခုအခါ Epic က Apple ကို အမေရိကန်ပြည်နယ်တရားရုံးတွင် စွဲဆိုချက်တစ်ရပ်နဲ့ တရားစွဲဆိုခဲ့ပြီး Apple ဟာ သူတို့ရဲ့ developer အကောင့်များနဲ့အတူ Epic မှ Third-Party developer များထံသို့ ပေးအပ်ထားတဲ့ Unreal Engine အပြင် အခြားသော developer tool များကိုအသုံးပြုခွင့်အား ပိတ်ပင်ဖို့ကို လာမည့် ဩဂုတ်လ၊ ၂၈ ရက်နေ့တွင်ပြုလုပ်သွားမှာဖြစ်သည့်အကြောင်း အသိပေးလာခဲ့သည်ဟုဆိုပါတယ်။ 

Epic ရဲ့ ပြောဆိုချက်အရ “Apple ရဲ့ ဒီလုပ်ရပ်ဟာ Fortnite ကိုသာမက အခြား Unreal Engine ကိုအသုံးပြုနေတဲ့ ဂိမ်းများအတွက်ပါအန္တရာယ်ရှိလာနိုင်ပြီး ဒါဟာ Unreal Engine အတွက် ရှိလာနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါတယ်။” ဟု ပြောဆိုခဲ့ပါတယ်။ “ဒီကိစ္စကြောင့် Epic အနေနဲ့ ဆက်လက်လုပ်ကိုင်နေဆဲလုပ်ငန်းတွေ၊ သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ ဖောက်သည်များထံမှယုံကြည်မှုတို့အပေါ် ငွေကြေးသတ်မှတ်ပြီးတန်ဖိုးဖြတ်မရနိုင်တဲ့၊ ပြန်လည်ပြင်ဆင်မရနိုင်တဲ့ ထိခိုက်နစ်နာမှုများကိုဖြစ်ပေါ်စေခဲ့တယ်” ဟူ၍လည်းထပ်မံပြောကြားသွားခဲ့ပါ တယ်။

Fortnite ဟာ ပြီးခဲ့တဲ့အပတ်အတွင်း Epic က တိုက်ရိုက်ငွေပေးခြေမှုစနစ်ကို စတင်မိတ်ဆက်ခဲ့ပြီးနောက် Apple ရဲ့ App Store နှင့် Google Play Store တို့ပေါ်မှ ဖြုတ်ချခံခဲ့ရတာပဲဖြစ်ပါတယ်။ “Apple ဟာ သူတို့အရင်က ဆန့်ကျင်ခဲ့တဲ့ ကုမ္ပဏီကြီးတွေက ဈေးကွက်ကိုထိန်းချုပ်ထားပြီး၊ အပြိုင်အဆိုင်များကိုပိတ်ဆို့ကာ တီထွင်ဆန်းသစ်မှုများကို ရပ်တန့်သွားစေတဲ့ကိစ္စရပ်တွေကိုပြုလုပ်နေတယ်ဟူ၍ Epic က သူတို့ရဲ့တရားခွင်အတွင်းတွင် ပြောကြားသွားခဲ့ပါတယ်။ “Apple ဟာ ပြီးခဲ့တဲ့နှစ်များက monopolist များထက် ပိုမိုကြီးမားပြီး၊ ပိုမိုအင်အားကောင်းနေသည့်အပြင်၊ ယခင်လက်ဝါးကြီးအုပ်သည့်သူများ၏ လမ်းဟောင်းအတိုင်းလျှောက်လှမ်းနေလျှက်ရှိသည့်အတွက် ယခင်ကသူများထက်ပိုပြီး အန္တရာယ်ရှိနေနိုင်ပါတယ်။ ဈေးကွက်ရဲ့ထိပ်ဆုံးတွင် စုစုပေါင်းတန်ကြေး ဒေါ်လာ ၂ ထရီလီယံခန့်နဲ့ ရပ်တည်နေတဲ့ Apple ရဲ့ အရွယ်အစားနဲ့ လက်လှမ်းမှီမှုများဟာ သမိုင်းတစ်လျှောက်ရှိဖူးခဲ့တဲ့ နည်းပညာလက်ဝါးကြီးအုပ်သူကုမ္ပဏီများထက် အဆ ပေါင်းများစွာ သာလွန်လျှက်ရှိနေတယ်။" ဟူ၍လည်း Epic က ပြောဆိုခဲ့ပါသေးတယ်။

 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


AA Medical Products

AA Medical Products

Our headquarters office is in Yangon and we have the branch offices in Mandalay, Myintkyina, Mawlamyine, Taunggyi, Lashio, Magwe, Sittwe, Kalay, Meik, Dawei, Pathein and Nay Pyi Taw.We have over 700 e...
Show the postings (68)
International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)
Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

Digital Laboratory Co., Ltd.

Digital Laboratory Co., Ltd.

..1. MOBILE APP DEVELOPMENT State of the art iOS and Android mobile app development and UI / UX design 2. WEB DEVELOPMENT Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS