Jobs In Myanmar
Load...

The Biggest HR Challenges In 2020 (Part – 2)

by www.jobsinyangon.com


Tags: Knlowledge-HR-Challanges-2020-JobsInYangon



2020 ခုနှစ်တွင် တွေ့ကြုံရသော HR များအတွက် အကြီးမားဆုံးသော အခက်အခဲများ (အပိုင်း - ၂) 

 

ဒီကနေ့မှာတော့ ကျွန်ုပ်တို့အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်း တွေ့ကြုံရသော HR များအတွက် အကြီးမားဆုံးအခက်အခဲများ အကြောင်း အပိုင်း - ၂  ကို ဆက်လက်၍ ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။ 

 

အဝေးမှအလုပ်လုပ်နေရသော ဝန်ထမ်းများကို စီမံခန့်ခွဲခြင်း 

လူကြီးမင်းတို့အနေနဲ့ ရံဖန်ရံခါ ဝန်ထမ်းများကို work-from-home လုပ်ဆောင်စေတဲ့နေ့ရက်များ ရှိခဲ့ကောင်း ရှိခဲ့ဖူးပါလိမ့်မယ်။ သို့မဟုတ် အချို့သော ဝန်ထမ်းများဟာ အစကတည်းက အပြည့်အဝ work-from-home သာ လုပ်ခဲ့ရသောဝန်ထမ်းများလည်း ရှိကောင်းရှိပါလိမ့်မယ်။ ယခုအခါတွင်တော့ လူကြီးမင်းတို့အနေနဲ့ လုံးဝဉသုံ အဝေးမှ အလုပ်လုပ်ရမည့်ဝန်ထမ်းများနဲ့ တွေ့ကြုံကိုင်တွယ်ရတော့မှာဖြစ်ပါတော့တယ်။ မေလအတွင်းမှာပင် အမေရိကန်ဝန်ထမ်း ၁၀ ဦးတွင် ၇ ဦးခန့်ဟာ work from home လုပ်နေကြရပြီဖြစ်ပါတယ်။ ယခုအခါ လအနည်းငယ်ကြာပြီးပြီဖြစ်တဲ့အတွက် အများစုသော ဝန်ထမ်းများနဲ့ team များဟာ routine အသစ်များကို ဖန်တီးတည်ဆောက်ပြီးဖြစ်ကာ video call များဖြစ် အစည်းအဝေးများပြုလုပ်ရာတွင် ကျွမ်းကျင်သူများလည်း ဖြစ်နေလောက်ပြီပဲဖြစ်ပါတယ်။ 

BambooHR ရဲ့ HR director Cassie မှ အကြံပေးထားတာကတော့ သင့်အနေနဲ့ ရုံးခန်းအတွင်းတွင်ရှိနေစဉ်က ဘာကိုအနှစ်သက်ဆုံးဖြစ်သလဲဆိုတာကို ရှာဖွေ၍ ထိုအရာကို တုပဖို့ဖြစ်ပါတယ်။ ဥပမာ - သင့်ရဲ့ အားလပ်ရက်များအကြောင်း စကားစမြည်ပြောဆိုခြင်း (သို့) တစ်ဦးနှင့်တစ်ဦး စနောက်ခြင်း အစရှိသည်တို့ကို သင့်ရဲ့ online ပေါ်မှတုန့်ပြန်မှုများတွင် ထည့်သွင်း၍ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် - သူမရဲ့ HR team ဟာ နေ့စဉ် အစည်းအဝေးများကို လုပ်ဆောင်ရာတွင် “အဖွဲ့ဝင်တိုင်းရဲ့အခြေအနေက ဘယ်လိုရှိသလဲဆိုတာကို စတင်မေးမြန်းကြည့်ပြီး နောက် တစ်ဦးနဲ့တစ်ဦးရင်းနှီးမှုရှိလာစေရန်အတွက် သာမန်မေးခွန်းများကိုမေးမြန်းပါတယ်။ ပြီးနောက်မှာတော့ ခေါင်းဆောင်သူပိုင်းမှ ကြေငြာချက်များကို အသိပေးပြောကြားပြီးနောက် အခြားသော အရေးကြီးတဲ့ အသိပေးချက်များ (သို့) assignment များကို ပြန်လည်လေ့လာဆန်းစစ်မှုများကိုပြုလုပ်၍ meeting ကို အဆုံးသတ်လိုက်ပါတယ်။” Video call များဟာ အတူတကွရုံးခန်းအတွင်း ရှိနေသကဲ့သို့ခံစားချက်ကို အစားထိုးနိုင်မှာမဟုတ်သော်လည်း သင့်ရဲ့အဖွဲ့သားများကို လက်ရှိအခြေအနေတွင်တော့ ဆက်လက်၍အဆက်အသွယ်ပြတ်တောက်မှုမရှိစေရန်အတွက် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ 

 

ဝန်ထမ်းအသစ်များကို အဝေးမှ လုပ်ငန်းတာဝန်များအကြောင်း သင်ကြားပေးရခြင်း 

ဝန်ထမ်းများကို လုပ်ငန်းတာဝန်များအကြောင်းသင်ကြားပေးခြင်းကို သင့်အနေနဲ့ အသားကျပြီးသားဖြစ်နေပါပြီ။ ထိုအရာတွင် ရုံးခန်းအတွင်းသို့ လိုက်လံပြသခြင်း၊ သူတို့ရဲ့ အဖွဲ့ဝင်အသစ်များနဲ့ မိတ်ဆက်ပေးခြင်း၊ သင့်ထံတွင်ရှိနေသော ကောင်းမွန်တဲ့ ကုမ္ပဏီအစဉ်အလာယဉ်ကျေးမှုများကို သရုပ်ဖော်ပြသခြင်းနှင့် ကုမ္ပဏီတံဆိပ်ပါဝင်သော အရာအချို့ကို ပေးအပ်ခြင်းတို့ပင် ပါဝင်နေနိုင်ပါတယ်။ သို့သော် သင့်အနေနဲ့ တစ်စုံတစ်ဦးကို webcam မှတစ်ဆင့်သာ တွေ့မြင်ရနိုင်ပါက ဒီအရာက အနည်းငယ်ခက်ခဲမှုရှိလာပါလိမ့်မယ်။ ဝန်ထမ်းတစ်ဦးကို အဝေးမှ လုပ်ငန်းတာဝန်များသင်ကြားပေးရာတွင် အောက်ပါအကြံပြုချက်များကို အသုံးပြုကြည့်လိုက်နိုင်ပါတယ်။ 

- Electronic preboarding packet တစ်ခုကို ပေးပို့လိုက်ပါ။ ဝန်ထမ်းအသစ်တစ်ဦးအနေနဲ့ သင့်ရဲ့ organization တွင် အလုပ်လုပ်ကိုင်ဖို့ရွေးချယ်လိုက်တဲ့အတွက် သူ/သူမအနေနဲ့ စိတ်ချမ်းသာမှုရရှိစေရန် သင်ဘယ်လိုဆောင်ရွက်နိုင်မလဲ? သင့်အနေနဲ့ ထိရောက်မှုရှိစွာနေထိုင်ပြပြီး သူတို့ရဲ့ ပထမဦးဆုံးအလုပ်ဝင်သည့်နေ့ရက်တွင် အကူအညီပေးရပါမယ်။ ဥပမာ - သူတို့ထံသို့ မန်နေဂျာထံမှ welcome letter တစ်စောင်ကိုပေးပို့ပြီး သူတို့ပထမဦးဆုံးအလုပ်ဆင်းရမည့်နေ့ရက်တွင် ဘာတွေကို မျှော်လင့်ထားနိုင်သလဲဆိုတာနဲ့ ဖြည့်စရာရှိသောဖောင်များကို ကြိုတင်ကာ ပေးပို့လိုက်ပါ။ 

- ဝန်ထမ်းအသစ်များထံတွင် သင့်လျှော်သောကိရိယာများရှိနေဖို့ သေချာစွာစစ်ဆေးပါ။ အကယ်၍သင့်ရဲ့ဝန်ထမ်းတစ်ဦးက laptop (သို့) ကုမ္ပဏီဖုန်းတစ်လုံးကိုလိုအပ်ပါက ဒီအရာများကို သူတို့အလုပ်ဆင်းရမည့်နေ့မတိုင်မှီ ကြိုတင်၍ပေးပို့ထားလိုက်ပါ။ 

- ကုမ္ပဏီတံဆိပ်ပါဝင်သော ပစ္စည်းအချို့ကိုလည်း ပေးပို့ပေးပါ။ကုမ္ပဏီတံဆိပ်ရိုက်နှိပ်ထားသော T-shirt (သို့) ခွက်တစ်လုံး အစရှိသည်တို့ကို ပေးပို့လိုက်ခြင်းအားဖြင့် ဝန်ထမ်းအသစ်အနေနဲ့ သူ/ သူမဟာ အဖွဲ့ဝင်တစ်ဦးအဖြစ်ခံစားရနိုင်ပါလိမ့်မယ်။ 

- ဆက်သွယ်ပြောဆိုမှုများကို ပြုလုပ်ပါ။ မည်သူကမှ သူတို့ပထမဦးဆုံးအလုပ်ဆင်းရမည့်နေ့ကို IT, Email အကောင့်များ၊ Chat နဲ့ login များဖြင့် အချိန်ကုန်ဆုံးလိုမှာ မဟုတ်ပါဘူး။ ဒီအရာများဟာ ပထမဆုံးအလုပ်စဆင်းရမည့်နေ့မတိုင်မှီကတည်းက အဆင်သင့်ဖြစ်နေရမှာဖြစ်ပါတယ်။ 

- ဝန်ထမ်းအသစ်ရောက်ရှိလာကြောင်း သတင်းစကားပါးပါ။ ဝန်ထမ်းများအားလုံးဟာ ဝန်ထမ်းအသစ်ရှိရာသို့လာရောက်၍ မိတ်ဆက်နိုင်မှာမဟုတ်ပါဘူး။ ဌာနတစ်ခုလုံးကိုအသိပေးနိုင်မည့် email တစ်စောင်ကို ရေးသားကာ အဖွဲ့ဝင်အသစ်အား မိတ်ဆက်ပေး၍ လုပ်ဖော်ကိုင်ဖက်များကိုလည်း ဝန်ထမ်းအသစ်များကို ကြိုဆို၍လက်တွဲခေါ်ဖို့အတွက် အားပေးပါ။ 

- ဝန်ထမ်းအသစ်များ နေသားတကျဖြစ်စေဖို့ရာတွင် ကူညီပေးပါ။ နေ့လည်စာစားရင်းတွေ့ဆုံမှုတစ်ခုကို online ပေါ်မှတဆင့် ပြုလုပ်ပါ၊ တစ်စုံတစ်ဦးကို ဝန်ထမ်းအသစ်များအနေနဲ့ မေးခွန်းများမေးမြန်းနိုင်ရန်တာဝန်ပေးခြင်းနှင့် ကုမ္ပဏီရဲ့ culture, mission, vision နဲ့ value များအကြောင်းကို သိရှိနိုင်စေမည့် အခွင့်အလမ်းများကို ပေးအပ်ပါ။ 

ဘယ်သူကမှတော့ ဒီနှစ်အတွက် အစီအစဉ်များရေးဆွဲကြရာတွင် ဒီလိုအရာများနဲ့တွေ့ကြုံရဖို့အတွက်ကို မျှော်မှန်းထားကြမှာမဟုတ်ပါဘူး။ သို့သော် HR team များဟာ ၂၀၂၀ ခုနှစ်အတွင်း တွေ့ကြုံခဲ့ရသော HR အခက်အခဲများကို တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ ကျွမ်းကျင်မှုများဖြင့် ကိုင်တွယ်၍ဖြေရှင်းခဲ့ကြရပါတယ်။ COVID-19 ကာလအတွင်း တွေ့ကြုံခဲ့ရသော HR အခက်အခဲများကို လိုက်လျောညီထွေမှုရှိစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့အတွက် သင့်ကိုယ်သင်ဂုဏ်ယူလိုက်ပါ။ ၂၀၂၁ ရဲ့ အခက်အခဲများနဲ့ စိန်ခေါ်မှုများဟာ ယခုနှစ်ထက်ပိုမို၍ ကြိုတင်ခန့်မှန်း၍ရနိုင်လာမှာ ဖြစ်တယ်ဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

SUPER SEVEN STARS CO., LTD

SUPER SEVEN STARS CO., LTD

We aspire to be the most successful retailer of automobiles by providing the best customer experience in every market we operate.By 2015, Super Seven Stars Co., Ltd is representing Kia, Peugeot, Ssang...
Show the postings (71)
Frontier Technology Partners Pte. Ltd. (FTP)

Frontier Technology Partners Pte. Ltd. (FTP)

Frontier Technology Partners Pte. Ltd (FTP) is a Singapore- and Myanmar registered software development and distribution company. Our Expertise: Financial transactions, Mobile Money, Mobile Banking, I...
Show the postings (1)
Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)
Definity Group of Co.,Ltd

Definity Group of Co.,Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS