Jobs In Myanmar
Load...

The Handy Checklist That Guarantees You'll Start Your New Job on the Right Note

by www.jobsinyangon.com


Tags: Knowledge-Employee-NewJob-HR-JobsinYangon



သင့်လုပ်ငန်းခွင်အသစ်အားမှန်ကန်စွာ စတင်နိုင်စေရန်အတွက် အလွန်တစ်ရာ အသုံးဝင်သည့် Checklist

 

လုပ်ငန်းခွင်အသစ်တစ်ခုကိုစတင်ခြင်းသည် အလွန်တစ်ရာပင် ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အခွင့်အလမ်းများစွာလည်းရှိနေပါသည်။— အလွန်တစ်ရာကောင်းမွန်တဲ့ ပထမဦးဆုံးအမြင်အား တည် ဆောက်နိုင်ဖို့အခွင့်အရေး၊ သင့်အားပိုမိုတိုးတက်စေရန်ကူညီမည့် တာဝန်ဝတ္တရားအသစ်များ၊ သူငယ် ချင်းရင်းချာများဖြစ်လာနိုင်သည့် လုပ်ဖော်ကိုင်ဖက်အသစ်များနှင့် သန့်ရှင်းသပ်ရပ်သော အလုပ်စားပွဲ အသစ်တစ်ခုပင်ပါဝင်နိုင်ပါသည်။ 

သို့သော် ထိုအရာများကိုသင်စိတ်ကူးယဉ်ပြီးအိပ်ယာထဲမ၀င်ခင် သင့်ရဲ့ပထမဦးဆုံးနေ့မတိုင်မှီ သင်ကြို တင်ပြုလုပ်သင့်သောအရာအချို့ရှိပါတယ်။ ဒါတွေကတော့ အကယ်၍သင့်အနေနဲ့ သင့်ရဲ့အလုပ်ရှင် အသစ်မှ သင့်အားလေးစားမှုရှိစေရန်နှင့် ထင်မြင်ချက်ကောင်းများရရှိဖို့ရာအတွက်ကို သင်ဆန္ဒရှိတယ် ဆိုရင်ပြုလုပ်နိုင်တဲ့အရာများဖြစ်ပါတယ်။

၁။ သင့်ရဲ့ ၀တ်စုံကို သေချာစွာစိစစ်ရွေးချယ်ထားပါ
သင်ဟာအရမ်းမိုက်တဲ့ ပထမဦးဆုံးအတွေ့အကြုံကိုပြုလုပ်လိုပါလိမ့်မယ်။  (ပထမဆုံးဟုတ်ချင်မှတော့ ဟုတ်မှာပေါ့၊ ဒါပေမယ့် ဒါကတော်တော်‌တော့အရေးကြီးပါတယ်)။ ဒါဆိုရင်တော့ သင့်ရဲ့အကောင်းဆုံး ၀တ်စုံကိုကြိုတင်ပြင်ဆင်ထားဖို့တော့လိုအပ်ပါလိမ့်မယ်။ ဒါမှသာ မနက်ကျရင် ဟိုပြေးဒီပြေးဖြစ်မနေ မှာပါ။ 

တစ်ခုတော့မှတ်ထားပါ ဒါဟာအလုပ်အင်တာဗျူးမဟုတ်ပါဘူး — သင်အလုပ်ရပြီးပါပြီ။ ဒါကြောင့် သင့်ရဲ့ရုံးက ပေါ့ပေါ့ပါးပါးဆန်တယ်ဆိုတာကိုသင်သိရင် အနည်းငယ်လျှော့ဝတ်ဖို့မကြောက်ပါနဲ့။ သင်ဟာသူများ‌တကာတွေလိုပဲဝတ်စားဆင်ယင်ထားတယ်ဆိုတာကိုသိနေရင်‌အနောက်တိုင်းဝတ်စုံပြည့်ကြီးနဲ့နေရတာထက်ပိုပြီးသက်သောင့်သက်သာရှိပါလိမ့်မယ်။ 

၂။ နှိုးစက်ပေးထားပြီး အလုပ်သွားရန်လမ်းကြောင်းစဉ်းစားထားပါ။
သင်ရောက်နိုင်မယ့်အချိန်ကိုနှစ်ခါပြန်စစ်ပါ။ ပြီးရင်နှိုးစက်ပေးပြီး ၁၅မိနစ်ခန့်ကြိုရောက်အောင် လမ်း ကြောင်းစဉ်းစားထားပါ။ သင်ကိုစောစောရောက်လာလို့ဆိုပြီး ဘယ်သူမှမကျေမနပ်ဖြစ်မှာမဟုတ်ပါဘူး ဆိုတာကိုတော့ယုံလိုက်ပါ။ 

၃။ သင့်ရဲ့မနက်စာအတွက် ကြိုပြီးစဉ်းစားထားပါ။
သိပ္ပံပညာအရ မနက်စာဟာ တစ်နေ့တာအတွက် အရေးအပါဆုံးဖြစ်ပါတယ်။ သင့်တစ်နေ့တာကို မှန်မှန်ကန်ကန်စတင်ဖို့ရာအတွက် သင်နိုးတာနဲ့ ဘာစားရမယ်ဆိုတာကို ကြိုတင်ပြင်ဆင် (ပြုလုပ်) ထားပါ။

၎။ သင့်ရဲ့ စာရွက်စာတမ်းများကိုစုစည်းထားပါ
HR က သင်ဘာစာရွက်စာတမ်းတွေယူလာခဲ့ရမလဲဆိုတာကို သင့်ကိုကြိုတင်ပြောပြထားဖို့တော့ မျှော်လင့်ရတာပဲ။ ပတ်စပို့စာအုပ်၊ ဓာတ်ပုံနဲ့ အလုပ်ခန့်အပ်တာကိုအတည်ပြုဖို့အတွက် လိုအပ်နိုင်တဲ့ အခြားစာရွက်စာ‌တမ်းတွေပါဝင်နိုင်ပါတယ်။ (သူတို့မပြောရသေးဘူးဆိုရင်တော့ လိုလိုမယ်မယ် ဒါတွေ အားလုံးကို ယူသွားသင့်ပါတယ်) 

၅။ သင့်ရဲ့အိတ်ထဲကို လိုအပ်တဲ့ပစ္စည်း‌တွေထည့်ပြီးထုတ်ပိုးထားပါ။
ပြီးရင်တော့ လိုအပ်တဲ့မရှိမဖြစ်အရာတွေကို သေချာထည့်ပြီးထုတ်ပိုးထားဖို့မမေ့ပါနဲ့။ မှတ်စုများမှတ် ရန်အတွက် မှတ်စုစာအုပ်၊ ဘောပင်နဲ့ ရုံးကအေးတယ်ဆိုရင် အနွေးထည်၊ အစွန်းအထင်းတွေအတွက် အစွန်းချွတ်ဆေးတောင့်၊ နေ့လည်စာအတွက် ပိုက်ဆံအနည်းငယ် (ဟုတ်တယ်၊ မင်းရဲ့ပထမဦးဆုံးနေ့မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ရင်းနှီးအောင်ထမင်းဝယ်ကျွေးသင့်တယ်လေ!)။ ပြီးတော့ နေ့လည်စာစားချိန် နောက်ကျရင်ဖြစ်ဖြစ်၊ အချိန်မရရင်ဖြစ်ဖြစ် စားဖို့မုန့်တစ်ခုခုကိုလည်း ယူသွားလိုက်ပါဦး။ 

၆။ နောက်ဆုံးတစ်ကြိမ် နောက်ကြောင်းစုံစမ်းကြည့်လိုက်ဦး 
နာမည်တွေကမှတ်မိဖို့ခက်တယ် ဒါကြောင့် အင်တာဗျူးမဖြေခင်တုန်းက မင်းတစ်ခေါက်လုပ်ပြီးပြီဆို တာကိုသိပေမယ့်၊ သင့်ကုမ္ပဏီအဖွဲ့ရဲ့ စာမျက်နှာပေါ်ကနေတစ်ဆင့် သို့မဟုတ် သင့်အဖွဲ့သားတွေရဲ့ LinkedIn profile ကနေတစ်ဆင့် နောက်ဆုံးတစ်ခေါက် နောက်ကြောင်းလိုက်ကြည့်ပြီး ဘယ်သူက ဘယ်သူဆိုတာနဲ့သူတို့ဘာလုပ်တယ်ဆိုတာသိရအောင်လုပ်ထားတာကကောင်းလိမ့်မယ်လို့ထင်ပါတယ်။
ပြီးရင် မင်းပိုမိုရင်းနှီးချင်တဲ့၊ မင်းရဲ့ပထမဦးဆုံးအပတ်မှာ ကော်ဖီတူတူသောက်ချင်တဲ့ သူတွေ (Department မတူလည်းရတယ်နော်) ကိုလည်းမှတ်စုလုပ်ထားလိုက်ပါဦး။ 

၇။ စကားစမြည်ပြောဖို့အတွက် ခေါင်းစဉ်တွေကြိုတင်ရှာဖွေထားပါ။
အားလုံးနဲ့ တွေ့တဲ့အခါ စကားစမြည်တွေအများကြီးပြောရတော့မှာပါ။ ဒါကြောင့် သင်ဟာ ရှက်ရွံ့တတ် သူတစ်ဦးဆိုရင် ဆွေးနွေးလို့ရနိုင်လောက်တဲ့ ခေါင်းစဉ်လေးတွေ ကြိုတင်စဉ်းစားထားပါ။ (ဉပမာ-သင် လက်ရှိကြည့်နေတဲ့ TV စီးရီးတစ်ခုအကြောင်း၊ ပိတ်ရက်တုန်းကသင်ဘာလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း၊ ပိတ်ရက်ရှည်အတွက်ဘယ်လိုအစီစဉ်တွေဆွဲထားတယ်ဆိုတာမျိုး) စသည်ဖြင့် ကြိုတင်စီစဉ်ထားခြင်း က သင့်ရဲ့ပထမဆုံးနေ့မှာမပြောသင့်တဲ့စကားတွေရုတ်တရက်မထွက်လာစေဖို့နဲ့ မအီမလည်နဲ့ စကားစ ပြတ်ပြီး တိတ်ဆိတ်သွားတာမျိုးတွေ ခံစားရမယ့်အခြေအနေကနေ ကယ်တင်နိုင်ပါလိမ့်မယ်။ 

၈။ သင့်မှာရှိတဲ့ အကြံဉာဏ်တွေနဲ့ မေးခွန်းတွေကိုကြိုစုထားပါ။
သင့်အနေနဲ့ ဘာကိုမျှော်လင့်ထားရမယ်မှန်းသေချာမသိခဲ့ရင်တောင်မှ ကုမ္ပဏီသို့မဟုတ် ဌာနအတွက် မေးခွန်းအချို့ ဒါမှမဟုတ် သင်လုပ်ဆောင်ရမယ့်အလုပ်တာဝန်နဲ့သက်ဆိုင်တဲ့ စီမံကိန်းတွေအပေါ်သင့်ရဲ့ အတွေးအမြင်တွေကို သင့်ဖက်ကစတင်ချပြခြင်းက သင့်ရဲ့လုပ်ငန်းရှင်က သင့်အပေါ်အထင်အမြင် ကောင်းတွေရရှိနိုင်မှာအသေခြာပါပဲ။

၉။ ဒီအလုပ်ကို ဘာကြောင့်လုပ်ရလဲဆိုတဲ့ အကြောင်းအရာတစ်ခုကိုချရေးထားပါ။ 
သင့်အနေနဲ့ဒီအလုပ်ကိုလုပ်ရတဲ့ အဓိကအကြောင်းအရင်းကိုချရေးထားဖို့ ကျွန်ုပ်တို့မှ အကြံပေးလိုပါ တယ်။

၁၀။ အိပ်ရေးဝဝအိပ်ပါ။
အလုပ်စတင်ဖို့ကို မင်းစိတ်လှုပ်ရှားနေမယ်ဆိုတာကိုငါနားလည်ပါတယ်။ ဒါပေမယ့် မင်းပြည့်ပြည့်ဝဝ အနားယူထားမှ မင်းရဲ့ပထမဦးဆုံးရုံးတက်တဲ့နေ့မှာ အားအင်အပြည့်ရှိပြီး အာရုံစူးစိုက်နိုင်မှာမို့ သင့်တော်တဲ့အချိန်မှာ အိပ်ယာဝင်ရပါမယ်။ ဒါမှမဟုတ် အိပ်ပျော်စေဖို့ကူညီပေးနိုင်တဲ့နည်းလမ်းတွေကို မင်းပြည့်ပြည့်၀၀အနားယူနိုင်ဖို့စမ်းကြည့်လိုက်ပါ။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)
Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS