Tags: Knowledge-Hotel-InternetSpeed-AbuDhabi-JobsinYangon
အဘူဒါဘီမြို့ရှိဟိုတယ်တစ်ခုဟာ ကမ္ဘာပေါ်ရှိဟိုတယ်များ အားလုံးထက်မြန်ဆန်တဲ့အင်တာနက် ရှိတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဘူဒါဘီမြို့ရှိဟိုတယ်တစ်ခုဟာ ကမ္ဘာပေါ်ရှိဟိုတယ်များ အားလုံးထက်မြန်ဆန်တဲ့အင်တာနက် ရှိတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဆိုပါအင်တာနက်ချိတ်ဆက်မှု (Internet Connection) ကို ဒီဟိုတယ်မှာတည်းခိုမယ့်ဧည့်သည် များအားလုံးကသုံးစွဲနိုင်မှာဖြစ်ပြီး၊ အမြင့်ဆုံးမြန်နှုန်းနဲ့သုံးစွဲနိုင်မှာဖြစ်တဲ့အပြင် အကောင်းဆုံးက တော့ လုံးဝအခမဲ့ရရှိနိုင်တာပါပဲ။
အဘူဒါဘီမြို့ရှိ ဒီဟိုတယ်အသစ်ဟာ ကမ္ဘာတစ်လွှားရှိဟိုတယ်များထက်မြန်ဆန်တဲ့အင်တာနက်မြန် နှုန်းရှိတယ်လို့ကြေငြာခဲ့ပါတယ်။
Mina လမ်းတွင်တည်ရှိတဲ့ Jannah Burj Al Sarab ဟိုတယ်ရှိမန်နေဂျာများကတော့ သူတို့ရဲ့ အဆင့်မြှင့်တင်ထားတဲ့ WiFi ဟာ တစ်စက္ကန့်တွင် 1.2 Gigabyte per second (Gbps) မြန်နှုန်းရှိ တယ်လို့ပြောကြားသွားခဲ့ပြီး၊ ဒီအရာက www.hotelwifitest.com ပေါ်တွင် ထိပ်ဆုံးကရပ်တည်နေ တဲ့ ဟိုတယ်တစ်ခုအဖြစ်ရောက်ရှိသွားစေခဲ့ပါတယ်။ ဒီ website ဟာဆိုရင် ကမ္ဘာတစ်လွှားရှိ ဟိုတယ်များတွင်ရရှိနိုင်တဲ့ အင်တာနက်မြန်နှုန်းများကို တိုင်းတာအကဲဖြတ်မှုများပြုလုပ်ပေးတဲ့ site တစ်ခုဖြစ်ပါတယ်။
၎င်း Website ရဲ့ အဆိုအရ၊ ဒူဘိုင်းနိုင်ငံအတွင်းမှာရော ပြည်ပနိုင်ငံများတွင်ပါ ဒီ Jannah Burj Al Sarab ရဲ့ အင်တာနက်စွမ်းဆောင်ရည်ကို အနီးစပ်ဆုံးမှီတဲ့ဟိုတယ်တောင်မရှိသေးပါဘူးဟူ၍ ပြော ကြားခဲ့ပါတယ်။ ဒီ အဆင့်မြှင့်တင်မှုပြုလုပ်ချက်မတိုင်မှီက ဟိုတယ်ရဲ့အင်တာနက်မြန်နှုန်းဟာ 270 Megabytes per second (Mbps) ရှိခဲ့ပြီး၊ ထိုမြန်နှုန်းဟာ ကမ္ဘာပေါ်ရှိပျမ်းမျှအင်တာနက်မြန်နှုန်း ဖြစ်တဲ့ 100 – 250 Mbps ထက်များပြားပါတယ်။
ဒီ တစ်မူထူးခြားတဲ့ လုပ်ဆောင်ချက်ကို ဟိုတယ်တွင်နေထိုင်တည်းခိုမည့် ဧည့်သည်များအားလုံးက အသုံးပြုနိုင်မှာဖြစ်ပြီး အင်တာနက်ပေါ်တွင် အမြင့်မားဆုံးမြန်နှုန်းကို အခမဲ့ရယူသုံးစွဲနိုင်မှာပဲဖြစ်ပါ တယ်။
အဘူဒါဘီမြို့တွင်တိုင်းတာထားတဲ့ အမြင့်ဆုံးအင်တာနက်မြန်နှုန်းမှာ 240 Mbps ဖြစ်ပြီး ဒူဘိုင်းတွင် တော့ 48 Mbps သာရှိတယ်လို့ မှတ်တမ်းများအရတွေ့ရှိရပါတယ်။
ဒီ ကြယ်ငါးပွင့်ဟိုတယ်မှာတော့ အခန်းပေါင်း ၃၁၈ခန်းနဲ့ suites များ၊ စားသောက်ဆိုင်၊ Spa၊ ခေါင် မိုးပေါ်ရှိ အားကစားပြုလုပ်ရန်နေရာနဲ့ အပန်းဖြေအနားယူနိုင်မယ့် facility များလည်းပါဝင်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.