Jobs In Myanmar
Load...

The Importance Of An Extensive Handover When Leaving A Job

by www.jobsinyangon.com


Tags: Knowledge-Career-Extensive-Handover-JobsinYangon



အလုပ်တစ်ခုမှထွက်ခွာသည့်အခါမှာ အသေးစိတ် Handover လုပ်ပေးရခြင်းရဲ့ အရေးပါပုံ 

 

လုပ်ငန်းတာဝန်တစ်ခုမှ ထွက်ခွာသည့်အခါ Handover (အလုပ်လွှဲပြောင်းပေးအပ်ခြင်း) ပြုလုပ်ရသည်မှာ လုံးဝ ပျော်ရွှင်စရာမကောင်းသောအရာတစ်ခုပဲဖြစ်ပါတယ်။ သင့်အနေနဲ့နှုတ်ထွက်ဖို့အသိပေးစာကိုပေးပို့ပြီးနောက် အလုပ်တာဝန် အသစ်အတွက်လွန်စွာစိတ်လှုပ်ရှားတက်ကြွနေသည့်အခြေအနေသို့ရောက်ရှိနေပြီးနောက်တွင်မှ သင့်ရဲ့မန်နေဂျာက သင့်အနေနဲ့ လူအသစ်ကိုအလုပ်တာဝန်များလွှဲပေးရန် အချိန် ၄ ပတ်ပေးမည်ဟူ၍ အသိပေးကြေငြာလိုက်ပါတော့တယ်။ ထိုအလုပ်တာဝန်လွှဲပြောင်းခြင်းကို အောင်မြင်ပြီးဆုံးအောင်လုပ်ရမည်ကိုတွေးလိုက်တိုင်း စိတ်အားတက်ကြွမှုတွေ ဘယ်ဆီကိုရောက်မှန်းမသိဖြစ်သွားပါတော့တယ်။ အမှန်အတိုင်းပြောကြည့်လိုက်ပါ - ဒါဟာ လုံးဝ ပျော်စရာကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ 

ဒါပေမယ့်လဲ သင့်လျှော်တဲ့ handover စာရွက်စာတမ်းများကို ပြုလုပ်ပေးဖို့မှာ လုပ်ငန်းတစ်ခုအတွက် လုံးဝကို မရှိမဖြစ်အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့နေရာကိုအစားထိုးလက်ခံယူမယ့်သူကို သင်ပေးအပ်နိုင်တဲ့ အလုပ်တာဝန်များဟာ သင့်ရဲ့ ပရော်ဖက်ရှင်နယ်အဆင့်အတန်းကို သတ်မှတ်ဖော်ပြနေမှာဖြစ်ပြီး ဒါဟာ ကုမ္ပဏီရဲ့ အနာဂါတ်အတွက်လည်း အဆုံးအဖြတ်ပေးနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း Handover များဟာ စာရွက်စာတမ်းများသာဖြစ်မနေသင့်ပါဘူး။ အောင်မြင်စွာ handover ပြုလုပ်နိုင်ဖို့ဆိုသည်မှာ စာရွက်တစ်ရွက်၊ သို့မဟုတ် word file တစ်ခုထက်ပိုပါတယ်။ အောက်ပါအကြံပြုချက်များဟာတော့ သင့်အနေနဲ့ ဘာကြောင့် သင့် လျှော်ကောင်းမွန်စွာ handover လုပ်ရမယ်ဆိုတာနဲ့ ဘာကြောင့် သာမန်လုပ်ရိုးလုပ်စဉ်ထက်ပိုပြီး လုပ်ပေးသင့် တယ်ဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့လုပ်ဆောင်သင့်တဲ့အချက်များပဲဖြစ်ပါတယ်။ 

 

ဘာကြောင့် handover လုပ်ခြင်းကို သင့်လျှော်ကောင်းမွန်စွာလုပ်ဆောင်သင့်သလဲ? 

 

စီးပွားရေးလုပ်ငန်းလောကဟာ ကျဉ်းမြောင်းလှတဲ့အတွက်ပါ။ 

ယခင်က စီးပွားရေးလုပ်ငန်းဆိုင်ရာဆက်ဆံမှုများကိုတည်ဆောက်ခြင်းနဲ့ ဒီအရာတွေက အနာဂါတ်မှာ ဘယ်လို မရှိမဖြစ်အရေးပါတဲ့အရာတွေဖြစ်လာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ရေးသားပေးခဲ့ဖူးသလိုပါပဲ။ သင်ဟာ သင့်ရဲ့လုပ်ဆောင် ချက်များအတွက် တာဝန်အပြည့်အဝရှိနေပြီး ဒီလိုအခြေအနေမှာ သင့်ရဲ့ handover အပေါ်မှာ သင်ဟာ တာဝန် အပြည့်အဝယူရမှာဖြစ်တာကို ဆိုလိုပါတယ်။ လွန်စွာကောင်းမွန်တဲ့ handover တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းအားဖြင့် သင့်ရဲ့ line manager ထံမှ လေးစားမှုကို အလိုအလျှောက်ရရှိနိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီ ဆက်ဆံရေး (relationship) တစ်ခုကို ဘယ်နေရာမှာလိုအပ်လာနိုင်မလဲဆိုတာကို သိနိုင်ဦးမှာ မဟုတ်ပါဘူး။ အကယ်၍ ထို line manager ဟာ ပိုမိုတိုးတက်လာပြီး လုပ်ငန်းတာဝန်အသစ်တစ်ခုသို့ရောက် သွားကာ team တစ်ခုဖွဲ့စည်းချင်လာပါက ဘယ်လိုတွေဖြစ်သွားနိုင်ပါသလဲ? သင့်ရဲ့ ယခင်ကမန်နေဂျာဟာ သင်မသိလိုက်ခင်မှာပဲသင့်ရဲ့မန်နေဂျာအသစ်ဖြစ်လာနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းလောကဟာ ကျဉ်းမြောင်းလှ ပါတယ်။ ဒီစကားဟာ သင်အမြဲကြားနေကျစကားပုံတစ်ရပ်ဖြစ်နိုင်သော်လည်း ထပ်၍ပြောဆိုလိုတာကတော့ ဆက်ဆံရေးများကို လုံးဝအဆုံးသတ်မသွားပါစေနဲ့ (don’t burn your bridges)။ 

 

ယခင်က လုပ်ဖော်ကိုင်ဖက်များကို ကူညီပေးခြင်းဟာ လေးစားမှုကိုရရှိစေပါတယ်။ 

သင့်ရဲ့လက်ရှိလုပ်ဖော်ကိုင်ဖက်များအနေနဲ့ သင့်အတွက်အစားထိုးရမယ့်သူတစ်ဦးကို ရှာဖွေခေါ်ယူနေစဉ်မှာ သင့် ရဲ့လုပ်ငန်းတာဝန်များကို ခွဲဝေလုပ်ကိုင်နေရနိုင်တာဟာ ပုံမှန်ဖြစ်နေကျအရာတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့ အခါမှာ ထိုသူတွေကို ဒီလိုခက်ခဲတဲ့အချိန်မှာကူညီပေးခြင်းအားဖြင့် သူတို့ရဲ့လေးစားမှုကိုရနိုင်ပါတယ်။ သင့်ရဲ့ handover လုပ်ခြင်းအတွက် ပြင်ဆင်ပြီး စာရွက်စာတမ်းများကိုပြုလုပ်ထားပါ။ အကယ်၍သူတို့ဟာ သင့်ရဲ့အကူ အညီကိုလိုအပ်လာပါကလည်း သင့်အနေနဲ့ကူညီနိုင်သမျှ အစွမ်းကုန်ကူညီပေးလိုက်ပါ။ သူတို့ဟာ ဒီအရာအတွက် သင့်ကိုအမြဲတမ်းကျေးဇူးတင်နေမှာပါ။ 

 

စိတ်ရှင်းရှင်းနဲ့ အလုပ်မှထွက်ခွာလိုက်ပါ။

စာရေးသူအဖို့တော့အလုပ်တစ်ခုမှတစ်ခုသို့ပြောင်းလဲရာမှာအကောင်းဆုံးအပိုင်းဟာ ရှင်းလင်းမှုပြုလုပ်တဲ့ဖြစ် စဉ်တစ်ရပ်ဖြစ်တယ်လို့ ခံယူထားပါတယ်။ ဒါဟာ inbox တစ်ခုကို ရှင်းလင်းရေးပြုလုပ်သည့်အခါတွင်နဲ့ နောက် ထပ် ရှင်းလင်းနေသော inbox တစ်ခုထံသို့ ကူးပြောင်းရသည့်အခါမှာ ရရှိလာတဲ့ ကောင်းမွန်တဲ့ခံစားချက်တစ်ခု ဖြစ်ပါတယ်။ အဆိုပါရှင်းလင်းရေးလုပ်စဉ်ကာလအတွင်း အလုပ်တာဝန်များကိုသင့်လျှော်မှန်ကန်စွာ handover မလုပ်ခဲ့တဲ့အခါမှာ သင်အလုပ်ပြောင်းတဲ့အခါ နောက်ဆက်တွဲအရာများကိုရှင်းလင်းရခြင်းနဲ့ အချိန်ကုန်နေပါလိမ့် မယ်။ ကုမ္ပဏီတစ်ခုမှထွက်ခွာခြင်းဆိုသည်မှာ သင့်ရဲ့ career လမ်းကြောင်းပေါ်ရှိ chapter တစ်ခုပြီးဆုံးသွားခြင်း ဖြစ်ပြီး အဆိုပါ chapter ကို ဘယ်တော့မှ ဖွင့်လျက်သားထားခဲ့ပြီးမပြီးမပြတ်ဖြစ်မနေပါစေနဲ့။ စိတ်ရှင်းရှင်း၊ စိတ်သန့်သန့်နဲ့သာ အလုပ်မှထွက်ခွာလိုက်ပါ။ 

 

အောင်မြင်စွာ handover ပြုလုပ်နိုင်စေမည့်နည်းလမ်းများ - 

လုပ်ငန်းတာဝန်များအားလုံးဟာ ကွဲပြားမှုများရှိနေနိုင်ပြီး handover လုပ်ခြင်းဟာ သင်လုပ်ကိုင်နေရတဲ့လုပ်ငန်း တာဝန်တစ်ခုရဲ့အရေးပါတဲ့ပမာဏအပေါ်မူတည်၍ပြောင်းလဲမှုရှိနိုင်ပါတယ်။ ယျေဘူယျအားဖြင့်တော့ဒီဂျစ်တယ် လုပ်ငန်းတာဝန်များအဖို့ အောင်မြင်စွာ handover ပြုလုပ်နိုင်ဖို့အတွက် အောက်ပါအချက်များကို လိုအပ်မှာဖြစ် ပါတယ်။ 

 

စာရွက်စာတမ်း

ရေးသားထားသည့် စာရွက်စာတမ်းများ (သို့) email တစ်စောင်ဖြင့် အဓိကနေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်း ဆောင်တာများကိုဖော်ပြခြင်းဟာ အောင်မြင်စွာ handover ပြုလုပ်ခြင်းပြီးမြောက်နိုင်စေရန်အတွက် မရှိမဖြစ်လို အပ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ၎င်းအလုပ်တာဝန်တစ်ခုရဲ့ အဓိကအချက်များကို သိသာစွာဖော်ပြပြီး ဘာတွေ ကိုမျှော်လင့်ထားသလဲဆိုတာကိုလဲ ရှင်းလင်းစွာဖော်ပြပေးပါ။ လူတိုင်းဟာ သူတို့ရဲ့အလုပ်တာဝန်များအတွက် တစ်မူထူးခြားတဲ့ လုပ်ဆောင်ပုံတွေရှိနိုင်ပါတယ် သို့သော်လည်း ဆက်လက်ပြီးတာဝန်ယူရသူ ဘယ်သူမဆို အတွက်လုပ်ငန်းဆောင်တာများကို ရှင်းလင်းတိကျစွာ သတ်မှတ်ဖော်ပြပေးခြင်းအားဖြင့် ထိုသူများဟာ ထိုအလုပ် ကို ကောင်းမွန်မှန်ကန်စွာ စတင်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ 

 

ဖိုင်များ

အလုပ်တာဝန်အပေါ်မူတည်ပြီး ဖိုင်များဟာမရှိမဖြစ်လိုအပ်နိုင်တဲ့အရာများဖြစ်နိုင်ပါတယ်။ အကယ်၍ သင်ဟာ ဘဏ္ဍာရေးဌာန (finance department) တွင်တာဝန်ယူထားရတဲ့သူတစ်ဦးဖြစ်နေပါက စာရင်းဇယားများကို လွှဲ ပြောင်းပေးအပ်ဖို့မှာ လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ဒီဂျစ်တယ်မားကတ်တင်းဌာနတစ်ခု မှာ အလုပ်လုပ်ကိုင်နေတဲ့သူတစ်ဦးဖြစ်ရင်တော့ အဓိကဆက်သွယ်ရမည့်သူများရဲ့ အချက်အလက်များကို လွှဲ ပြောင်းပေးဖို့ဟာလည်း အရေးပါနိုင်ပါတယ်။ ဖိုင်များဟာ အဆိုပါအလုပ်တာဝန်တစ်ခုကို လွှဲပြောင်းတာဝန်ယူရ တဲ့သူတစ်ဦးအနေနဲ့ သင်အဆုံးသတ်ခဲ့တဲ့နေရာမှ စတင်လုပ်ဆောင်နိုင်စေမှာဖြစ်ပြီး ယခင်ကတည်းကရှိနေတဲ့ ဆက်ဆံရေးများကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်စေမှာဖြစ်ပါတယ်။ 

 

အလုပ်လွှဲပြောင်းခြင်းအတွက် အစည်းအဝေး (ဝါ) တွေ့ဆုံခြင်း 

အောင်မြင်တဲ့ handover တစ်ခုကိုပြီးမြောက်အောင်ဆောင်ရွက်သည့်အခါမှာ စာရေးသူအနေနဲ့ အမြဲတမ်း စာရွက်စာတမ်းများနဲ့ ဖိုင်များကို လုပ်ငန်း/ အဖွဲ့အစည်းမှ မထွက်မှီ တစ်ပတ်အလိုမှာ ပေးအပ်နိုင်ဖို့ကြိုးစားလေ့ ရှိပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် အဆိုပါအလုပ်တာဝန်တစ်ခုကို လွှဲပြောင်းရယူလိုက်တဲ့သူအတွက် (အလုပ် ခန့်ထားပြီးသားဆိုပါက) ဖိုင်များကိုဖတ်ရှုလေ့လာပြီးနောက် သူ/ သူမထံတွင်ရှိလာနိုင်သည့်မေးခွန်းများကိုမေး မြန်းဖို့အချိန်ရှိစေမှာဖြစ်ပါတယ်။ ဒီမေးခွန်းများကိုမေးမြန်းဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ handover meeting မှတစ်ဆင့်ပဲဖြစ်ပါတယ်။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ကို သူတို့အနေနဲ့ရှိနေနိုင်တဲ့ မေးခွန်းတွေကို meeting သို့ယူဆောင်လာဖို့အတွက် ပြောဆိုကာ သင့်အနေနဲ့ ဖြေကြားပေးလိုက်နိုင်ပါတယ်။ ဒီ meeting ဟာ ထိုသူအား အဆိုပါလုပ်ငန်းတာဝန်တစ်ခုရဲ့လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်း သိရှိသွားစေနိုင်ပြီး မရှင်းလင်း တဲ့အရာများအားလုံးကို သင်လုပ်ငန်း/ အဖွဲ့အစည်းမှမထွက်ခွာမှီတွင်ဖြေကြားပေးလိုက်နိုင်စေမှာပဲဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့မန်နေဂျာအနေနဲ့လည်း ဒီ meeting ကိုသိရှိနိုင်တဲ့အတွက် သင့်ရဲ့လုပ်ငန်းတာဝန်အပေါ် မထွက်ခွာမှီ အထိထားရှိတဲ့ တာဝန်သိမှုကိုလည်းဖော်ပြပေးနိုင်ပြီး အမြင်အရလွန်စွာကောင်းမွန်တဲ့အရာတစ်ခုလည်းဖြစ်ပါ တယ်။ 

 

မိမိကိုဆက်သွယ်နိုင်မည့် အသေးစိတ်အချက်များကို ပေးအပ်ခဲ့ပါ။

ဒီခေါင်းစဉ်ကိုမြင်လိုက်တဲ့အခါမှာ လူတော်တော်များများက မျက်မှောင်ကြုတ်သွားကြပါလိမ့်မယ်။ ဒါပေမယ့် လည်း စာရေးသူကတော့ ကျွန်တော့်ကိုဆက်သွယ်နိုင်မယ့် contact detail များကို ကျွန်တော့်နေရာသို့ အစားထိုး ဝင်ရောက်လာမယ့်သူ (သို့) အနည်းဆုံး management ပိုင်းထံသို့ ပေးအပ်ခဲ့လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ handover လုပ်စဉ်ကကျန်ခဲ့တဲ့အရာတွေ (သို့) email တစ်စောင်နဲ့ ပြန်လည်ဖြေကြား/ ဖြေရှင်းနိုင်မယ့် အခြေ အနေတွေပေါ်ပေါက်လာတတ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေဖြစ်လာတဲ့အခါမှာ လှိုက်လှဲစွာကူညီပေးလိုက်ခြင်းအား ဖြင့် သင့်အပေါ်ကို အထင်အမြင်ကောင်းတွေရရှိစေမှာပဲဖြစ်ပါတယ်။ သင်ဟာ ထိုလုပ်ငန်းကထွက်လာပြီးပြီဖြစ် ပါသော်လည်း သင့်ကို အမြဲတမ်းလေးစားမှုရှိပြီး၊ အရည်အချင်းရှိတဲ့သူတစ်ဦးအဖြစ် လုပ်ငန်းနယ်ပယ်အတွင်းမှာ ထင်မြင်ယူဆစေလိုမှာဖြစ်ပါတယ်။ ဒီလိုကိစ္စအသေးအဖွဲလေးများဟာ အခြားသူများရဲ့သင့်အပေါ်အမြင်ကိုပုံဖော် ပေးနိုင်ပြီး သင့်ရဲ့လုပ်ငန်းနယ်ပယ်အတွင်းရှိ ဂုဏ်သိက္ခာကိုပိုမိုခိုင်မာမှုရှိလာစေရန်အတွက် တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုမှထွက်ခွာသည့်အခါမှာ handover ပြုလုပ်ရခြင်းဟာ လွန်စွာလက်ဝင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါဟာသင်သိထားတဲ့အရာများကို ပြန်လည်ဖော်ပြပေးရခြင်းနဲ့ အများအားဖြင့် အချက်အလက်များ စွာကိုစုဆောင်းရခြင်းတို့ပါဝင်နေပါတယ်။ ဒီအရာများဟာခက်ခဲလှတယ်လို့ ခံစားရနိုင်သော်လည်း handover တစ်ခုပြုလုပ်ခြင်းဟာ သင့်ရဲ့ career လမ်းကြောင်းပေါ်ရှိဂုဏ်သိက္ခာအပြင် သင်ထွက်ခွာလာတဲ့ကုမ္ပဏီအတွက် လည်း အရေးကြီးတဲ့အရာတစ်ခုဖြစ်နေပါတယ်။ သေချာစွာပြင်ဆင်ပြီး စီစဉ်ထားပါ၊ သင်လုပ်နိုင်သမျှ အတတ်နိုင် ဆုံးကူညီပေးလိုက်ပါ၊ ပြီးနောက် သင်ကုမ္ပဏီမှထွက်ခွာလာတဲ့အခါမှာ ခေါင်းမော့ရင်ကော့ပြီး ထွက်ခွာလာနိုင်ပြီ ဖြစ်ကာ သင့်ရဲ့ဂုဏ်သတင်းဟာလည်း နှင်းဆီပန်းများကဲ့သို့ မွှေးပျံ့နေစေမှာပဲဖြစ်ပါတယ်ဟုပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)
Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (50)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS