Jobs In Myanmar
Load...

{လူမှုကျင့်ဝတ်များက အလုပ်ခွင်တစ်ခုအတွင်းအရေးပါပုံ (အပိုင်း- ၁)}

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Ethics-Workplace-HR-JobsinYangon



{လူမှုကျင့်ဝတ်များက အလုပ်ခွင်တစ်ခုအတွင်းအရေးပါပုံ (အပိုင်း- ၁)}

 

မင်္ဂလာပါ။ ကျွန်တော်တို့ jobsinyangon.com အဖွဲ့သားများမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ 

ကျွန်တော်တို့တွေရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ကောင်းမွန်တဲ့အမူအကျင့်များ (လူမှုကျင့်ဝတ်များ) ရှိနေဖို့ အတွက် လိုအပ်ပါတယ်။ ဒီအပတ်မှာတော့ လုပ်ငန်းခွင်တစ်ခုအတွင်းမှာ လူမှုကျင့်ဝတ်ဆိုင်ရာများက ဘယ်လို အရေးပါမှု ရှိနေတယ်ဆိုတာကို အပိုင်း (၃) ပိုင်းခွဲပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အပိုင်း (၂) နဲ့ အပိုင်း (၃) တို့ ကိုလည်း စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ကျွန်တော်တို့က အသိပေးအပ်ပါတယ်ခင်ဗျာ။ 

ကျွန်ုပ်တို့ရဲ့အပြုအမူများဟာ ကျွန်ုပ်တို့ကိုယ်တိုင်ကိုသာမက ကျွန်ုပ်တို့ရဲ့အနီးအနားရှိလူများကိုပါ အကျိုးသက် ရောက်မှုရှိစေပါတယ်။ ကျွန်ုပ်တို့ရဲ့ အလုပ် (လုပ်ငန်း) ဆိုင်ရာဆုံးဖြတ်ချက်များစွာတွင် လူမှုကျင့်ဝတ်များဟာ ပါဝင်ပတ်သက်လျက်ရှိနေပါတယ်။ အကယ်၍ ကျွန်ုပ်တို့ဟာ လိမ်ပြောခဲ့ပါက အခြားသူတစ်ဦးဦးရဲ့ ယုံကြည်မှု ကို လက်လွှတ်ဆုံးရှုံးလိုက်ရမှာဖြစ်ပြီး ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ ရိုးသားမှုရှိမှုကို ယုံကြည်မှုလျော့နည်းသွားစေမှာ ဖြစ်ပါတယ်။  အကယ်၍ ကျွန်ုပ်တို့ဟာ ကောင်းမွန်ခြင်းမရှိတဲ့ကုန်ကြမ်းပစ္စည်းတွေကို အလုပ်တစ်ခုအတွက် အသုံးပြုခဲ့ပါက၊ အခြားသူများရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေမှာဖြစ်ပါတယ်။ 

ကိုယ်ကျင့်တရားနှင့် လူမှုဆိုင်ရာကျင့်ဝတ်ဆိုင်ရာ မေးခွန်းများကို လူမှုအဆင့်အတန်းတိုင်းတွင် တွေ့မြင်နိုင်ပါ သည်။ လူမှုကျင့်ဝတ်နှင့်ကိုက်ညီသော အပြုအမူတစ်ခုဟာ ကျွန်ုပ်တို့ရဲ့ တစ်ကိုယ်ရေဘဝများတွင် အရေးပါသကဲ့ သို့ အလုပ်ခွင်အတွင်းမှာလည်း တူညီစွာအရေးပါလျက်ရှိနေပါတယ်။ လုပ်ငန်းတစ်ခုကို လုပ်ဆောင်လျက်ရှိတဲ့ မည်သည့်နေရာတွင်မဆို လူမှုကျင့်ဝတ်များဟာအရေးပါ ပါတယ်။ 

အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာဖို့အတွက်မှာ ဝန်ထမ်းများ၊ မန်နေဂျာများ၊ အလုပ်အမှုဆောင်များ၊ သုံးစွဲသူ ဖောက်သယ်များ၊ ကုန်ကြမ်းပစ္စည်းထောက်ပံ့သူများ၊ အစရှိတဲ့ အဖက်ဖက်မှသူများရဲ့ ယုံကြည်ရမှု၊ ယုံကြည်မှုရှိမှု တို့အပေါ်တွင် မူတည်နေပါတယ်။ ကျင့်ဝတ်ဆိုင်ရာပိုင်းတွင် ကောင်းမွန်မှုရှိသောလုပ်ငန်းတစ်ခုကို တည်ဆောက် ရာတွင် အောက်ပါ ကိုယ်ကျင့်တရားဆိုင်ရာ အချက် (၆) ချက်ဟာ အခြေခံအုတ်မြစ်ကျတဲ့ အချက်များဖြစ် ကြပါတယ်။ 

- လူမှုကျင့်ဝတ်များ၊ အကျင့်စာရိတ္တများ (Ethics) 
- လူမှုကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ၊ တန်ဖိုးထားမှုများ (Values) 
- ကိုယ်ကျင့်တရားများ (Morals)
- ရိုးသားမှု၊ သမာဓိရှိခြင်း (Integrity)
- တစ်ကိုယ်ရေစရိုက်၊ အမူအကျင့်များ (Character) နှင့်
- စည်းမျဉ်းစည်းကမ်း၊ ဥပဒေများ (Laws) တို့ဖြစ်ကြပါတယ်။ 

လူမှုကျင့်ဝတ်များ (Ethics) 

လူမှုကျင့်ဝတ်များ (Ethics) ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအတွင်းတွင် လက်ခံနိုင်လောက်သည့် အမူအယာ များကို သတ်မှတ်ထားသည့် စည်းမျဉ်းတစ်ခုကိုဆိုလိုပါသည်။ လူမှုကျင့်ဝတ်များဟာ ကိုယ်ကျင့်တရားကောင်း မွန်တဲ့ နေ့စဉ်နေထိုင်မှုဘဝကို လမ်းညွှန်ပေးပြီး ကျွန်ုပ်တို့ရဲ့ အပြုအမူများဟာ လက်ခံနိုင်လောက်တဲ့အရာတွေ လားဆိုတာကို ကျွန်ုပ်တို့ဆုံးဖြတ်နိုင်ဖို့အတွက်ကိုလည်း ကူညီပေးလျက်ရှိပါသည်။ 

လူမှုကျင့်ဝတ်များ ဆိုသည်မှာ ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝများကိုမှန်ကန်စွာနေထိုင်မှုရှိနေသလားဆိုသည်ကို လူ့ဘောင် အဖွဲ့အစည်းတစ်ခုလုံးမှကြည့်ရှုသည့်အမြင်တစ်ခုကို ကိုယ်စားပြုနေပါသည်။ ထိုအရာသည် ကျွန်ုပ်တို့ရဲ့ အမူ အကျင့်များကို စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေသများနှင့် တန်ဖိုးများအပေါ်အခြေခံပြီး ရှုမြင်သောအမြင်တစ်ခု ဖြစ်ပါသည်။ များသောအားဖြင့် လူမှုကျင့်ဝတ်များနှင့် ဆက်စပ်နေသည့်အတွေးအမြင်များမှာ မှန်ကန်မှု၊ ရိုးသားမှု၊ မျှတမှုနှင့် သာတူညီမျှရှိမှုတို့ဖြစ်ကြပါသည်။ 

ကျင့်ဝတ်များသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အရေးကြီးသောအရာတစ်ခုဖြစ်သည့်အပြင် ထိုအရာက လူ့အဖွဲ့ အစည်းတစ်ခုလုံးကိုမှီခိုနေသည့် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများတွင်လည်း အလွန်အရေးပါသော အချက် တစ်ခုဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာဝန်များ၊ ရှေ့နေများ၊ အင်ဂျင်နီယာများနှင့် ပိုင်ဆိုင်မှု နှင့် အခြေခံအဆောက်အအုံများကို စီမံသူ မန်နေဂျာများဟာ ကျွန်န်ုပ်တို့ရဲ့ ကောင်းကျိုးချမ်းသာရရှိမှုများအပေါ် အကျိုးသက်ရောက်မှုရှိစေသည့် သက်မွေးဝမ်းကြောင်းပညာသည်များဖြစ်သည့်အတွက် သူတို့ရဲ့အမူအကျင့်များ ကို ပရော်ဖက်ရှင်နယ်ဆန်သော စံနှုန်းတစ်ခုသတ်မှတ်ကာ လုပ်ငန်းကျွမ်းကျင်သူ (professional) များမှ လိုက်နာ ကျင့်သုံးရမည့်ကျင့်ဝတ်များကို သတ်မှတ်ဖော်ဆောင်ထားကြပါသည်။ 
ပရော်ဖက်ရှင်နယ်များလိုက်နာရမယ့်ကျင့်ဝတ်များတွင် ပါဝင်တဲ့ ဥပမာစံနှုန်းအချို့မှာ - 
ရှေ့နေ (သို့) ဆရာဝန်တစ်ဦးမှ အမှုသယ်/ ရောဂါသယ်တစ်ဦးရဲ့ အချက်အလက်များပေါက်ကြားမှုမရှိစေရန် ထိန်း သိမ်းခြင်း
စာရင်းကိုင်တစ်ဦးမှ အလုပ်အပ်သူရဲ့ကိုယ်ရေးအချက်အလက်များကို ကိုယ်ကျိုးအတွက်သုံးစွဲမှုမပြုခြင်း အစရှိ သည်တို့ဖြစ်ပါသည်။ 

လူမှုကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ၊ တန်ဖိုးထားမှုများ (Values) 

တန်ဖိုးများဆိုသည်မှာ လူတစ်စုမှ နှစ်သက်ဖွယ်ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ အပြုအမူများ၊ ထုံးတမ်းစဉ် လာများနှင့် သင်ကြားမှုများဟု ခေါ်ဆိုနိုင်ပါသည်။ တန်ဖိုးများကိုဖော်ပြသတ်မှတ်ရာတွင် အများအားဖြင့် ထောက်ခံသည့်စကားရပ်များ၊ မထောက်ခံသည့်စကားရပ်များ နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများပါဝင်နေပါသည်။ ထိုစကားရပ်များတွင် ကောင်းသည်၊ ဆိုးသည်၊ ဖြစ်သင့်သည်၊ မဖြစ်သင့်ဘူး စသည့်စကားလုံးများ ပါဝင်နေပါ တယ်။ သို့သော် တန်ဖိုးများကို အကဲဖြတ်သည့်စကားစုများတွင် တိကျသောတန်ဖိုးများပါဝင်သည့် စကားရပ်များ ပါဝင်နေဖို့ မလိုအပ်ပါဘူး။ “ဒါဟာလိမ်ပြောနေတာပဲ” ဆိုသည့်စကားလုံးတွင် မထောက်ခံသော စကားတစ်ခုမှ မပါဝင်သော်လည်း လိမ်ပြောခြင်းဟာမှားတယ်လို့ဆိုလိုနေသည်ကို နားလည်သဘောပေါက်နိုင်ပါသည်။ 

လူမှုကျင့်ဝတ်ဆိုင်ရာတန်ဖိုးများဟာ ကျွန်ုပ်တို့အတွက် အမှန်တကယ်အားဖြင့် အရေးအပါဆုံးအရာတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့မှ ဂရုပြုမိသောအရာတစ်ခုလည်းဖြစ်ပါသည်။ ဥပမာ - မိသားစုများကို အလေးထားခြင်း၊ ပတ်ဝန်းကျင် ကို လေးစားမှုရှိခြင်းနှင့် မိမိကိုပေးအပ်ထားတဲ့လစာငွေနဲ့ထိုက်တန်မှုရှိအောင် အလုပ်ကြိုးစားခြင်းတို့ဟာ များစွာ သောသူတို့နှင့် ဆက်စပ်မှုရှိနေပြီး သူတို့ထံမှတုန့်ပြန်မှုများဖြစ်ပေါ်လာစေရန်လည်း လှုံ့ဆော်ပေးနိုင်ပါတယ်။  
နောက်ရက်များတွင်လည်း လူမှုကျင့်ဝတ်များက လုပ်ငန်းခွင်တစ်ခုအတွင်း အရေးပါပုံရဲ့ အပိုင်း (၂) နဲ့ (၃) ကို ဖော် ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)
Sea Rain Co.,Ltd

Sea Rain Co.,Ltd

PRO 1 Myanmar Co., Ltd.

PRO 1 Myanmar Co., Ltd.

The tagline of our company is "One place, Get All" because we have established a reputation as the leading warehouse style DIY store in Yangon and Mandalay. The products we sell are building hardware,...
Show the postings (14)
Asahi Loi Hein Co., Ltd.

Asahi Loi Hein Co., Ltd.

.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS